(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၄ နတ်ဆိုးက ကျောက်တုံးနဲ့ ဖိသတ်တယ်။ နွေဦးပေါက်တော့ ကျောက်တုံးက ပန်းပွင့်လာသတဲ့။ ကမ္ဘာပေါ်မှာ နောက်တစ်ပွင့်မရှိတဲ့ ပန်း။ ။ ~ ~ ~ ~ ~ A demon crushed it with a stone. Come spring the stone blooms. A flower unlike any other in the world. t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar အောင်ဝေး - အမတနှင်းဆီ Reviewed by ₪ on 12:00 AM Rating: 5
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Aung Way
ကဗျာဆရာ အောင်ဝေးရဲ့ ကောင်းကင်ပိုင်လင်းယုန် ကဗျာစာအုပ် SUU 79 အမှီထွက်ပြီ
(မိုးမခ) မေ ၂၆၊ ၂၀၂၄ ကဗျာဆရာ အောင်ဝေး၏ ကဗျာ ၅ ပုဒ်၊ ပန်းချီ ကြိုင်ကြီး ပန်းချီ ၅ ပုံ၊ ဘာသာပြန်သူ Mone Aung ၊ စာစီ နေကြယ်၊ မျက်နှာဖုံး - လမင်းဝေးတို့၏ ဝန်းရံမှုတို့နဲ့ ကဗျာစာအုပ် - “ကောင်းကင်ပိုင်လင်းယုန်” စာအုပ်ကို မိုးမခမီဒီယာက ထုတ်ဝေလိုက်ပါတယ်။ မြန်မာနွေဦးတော်လှန်ရေး စာနယ်ဇင်းရန်ပုံငွေအဖြစ် ထုတ်ဝေပါတယ်။ စာမျက်နှာ ၄၀ ရှိပါတယ်။ စာအုပ်တန်ဖိုးကတော့ ဒေါ်လာ ၄၀ ဖြစ်ပါတယ်။ ရန်ပုံငွေပွဲတွေ အလှူပွဲတွေမှာ ရောင်းရင်တော့ သူတို့ သဒ္ဒါတဲ့စျေးနဲ့ ရောင်းပါလိမ့်မယ်။ အကြမ်းဖက် အာဏာသိမ်း လူသတ်မီးရှို့ ဓမြတိုက်...
အောင်ဝေး - စစ်မှုပြုခြင်း၊ စစ်ပုံပြုခြင်း၊ စစ်စရိုက်သွင်းခြင်း- ၂
(မိုးမခ) ဧပြီ ၁၈ ၊ ၂၀၂၄ အမိန့်ပေး အမိန့်ခံ အင်စတီကျူးရှင်း စစ်တပ်အကြောင်း မသိရင် ဒီစကားပြောရ ခက်တယ်။ ကဗျာ(ခေတ်ပေါ်/ခေတ်ပြိုင်)မှာ "ငါ" ဆိုတာ ရှိတယ်။ ကဗျာက (အနုပညာက) Personal ကနေ Universal ကို သွားတယ်။ ဥပမာ– ဘောင်းဘီဝတ် မိုးတိမ်/မာယာကော့ဖ်စကီး။ အောင်ချိမ့်/ဂန္ထဝင်မမ။ စစ်တပ်မှာ အဲဒါ မရှိဘူး။ စစ်တပ်က လူတဦးချင်းရဲ့ ဂုဏ်ရည် Individual ကို စစ်သင်တန်းမှာကတည်းကချိုးနှိမ်ပစ်လိုက်ပြီ။ ရိုက်ချိုးပစ်ပြီးပြီ။ အမိန့်ပေး အမိန့်ခံသတ္တဝါတွေ စုနေတဲ့သီးခြားအလွှာ သီးခြားလူတန်းစား Institution ဖြစ်အောင်...
အောင်ဝေး - စစ်မှုပြုခြင်း၊ စစ်ပုံပြုခြင်း၊ စစ်စရိုက်သွင်းခြင်း- ၁
(မိုးမခ) ဧပြီ ၁၇ ၊ ၂၀၂၄ စစ်တိုက်တာနဲ့ ကဗျာရေးတာ မတူပါဘူး။ ကဗျာမှာ ဂီတကို ကဗျာမှုပြုခြင်း၊ တနည်း ဂီတကို ကဗျာပုံပြုခြင်းဆိုတာ ရှိပါသည်။ ဥပမာ– အမေရိကမှာ ဘော့ဘ်ဒီလန်၊ မြန်မာမှာ ဂီတနက်သန် ကိုစောညိန်းနှင့် ခင်ဝမ်း။ ယနေ့သည် ကြားကာလ၊ တော်လှန်ရေးကာလ၊ ဆိုလိုသည်မှာ စစ်ကာလဖြစ်သဖြင့် ယခု(လူငယ်တွေကို) စစ်မှုပြုခြင်း၊ စစ်ပုံပြုခြင်း၊ စစ်စရိုက်သွင်းခြင်း အကြောင်း ပြောပါမည်။ မအလ၏ စစ်မှုမထမ်းမနေရ ဥပဒေ ဒီဥပဒေသည် ၁၉၅၉ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်ကနေဝင်းဥပဒေ ဖြစ်သည်။ (ရေးဆွဲသူ– ဒေါက်တာမောင်မောင်) နေဝင်း ဥပဒေကို...
အောင်ဝေး - လွမ်းလို့ပဲ သေချင်ပါတယ်၊ အလွမ်းသေ
(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၄ ကျနော် သေရင် လွမ်းလို့ သေတာပဲ ဖြစ်ချင်တယ်။ အခုတလောမှာ ကျနော် အရာရာကို လွမ်းနေမိတယ်။ ဆရာဇော်ဂျီရဲ့ "တပေါင်းမိုး" ကဗျာထဲကလို "ဘယ်ဆီလွမ်းမိ၊ တပ်မသိ"လည်း မဟုတ်။ ကျနော့်အလွမ်းက တိကျတယ်။ သေချာတယ်။ ကျနော် အတိအကျကို လွမ်းနေတာပါ။ အသေအချာကို လွမ်းနေတာပါ။ လွမ်းခြင်းသည် သမိုင်း မည်၏။ လွမ်းတတ်သူသာ သမိုင်းဝင်လေသည်။ ကျနော်က တိတိကျကျ လွမ်းတတ်သူပါ။ သေသေချာချာ လွမ်းတတ်သူပါ။ အသက်ကြီးလာလို့ပဲလား မသိပါ။ ငယ်စဥ်က ဘဝကို ပိုပြီးလွမ်းတတ်လာသည်။ လွမ်းမြိုင်ကျေးရဲ့ အဝေးမှာရောက်နေလို့လား မသိ၊...
အောင်ဝေး - ကဗျာဟာ သေနတ်ပြောင်းဝကထွက်တယ်
ကဗျာဟာ သေနတ်ပြောင်းဝကထွက်တယ် အောင်ဝေး (မိုးမခ) မတ် ၂၁၊ ၂၀၂၄ ဝါးပေါ်ယဲ့ထရီဒေး*...တဲ့ ရက်ဂေးတစ်ပုဒ်ရေးမယ် သားရီး။ ကမ္ဘာ့ကဗျာနေ့မှာ အလှရှာမတွေ့ပါ (အမြလည်းမတွေ့ပါ) ကမ္ဘာ့ကဗျာနေ့မှာ တချို့ အကျနာနေတယ် တောထဲတောင်ထဲမှာ။ တချို့ အနာကျနေတယ် အရက်သီချင်းဆိုင်ထဲမှာ။ ကမ္ဘာ့ကဗျာနေ့မှာ ဘဝဟာ ကြာပေ့ဆိုတဲ့ကာလကြီးကို လည်စင်းခံဖြတ်နေရတယ်။ ကမ္ဘာ့ကဗျာနေ့မှာ ဘဝဟာ နာပေ့ဆိုတဲ့ဒဏ်ရာကြီးကို လျှာနဲ့ပြန်လျက်နေရတယ်။ ကမ္ဘာ့ကဗျာနေ့မှာ ငါ့ကဗျာအငွေ့နဲ့ငါ ပြာဖြစ်နေခဲ့ရလေရဲ့။ ကမ္ဘာ့ကဗျာနေ့မှာ စကားလုံးတွေမီးလောင်နေတယ်...
အောင်ဝေး - စစ်မှာတမူ (PDF VERSION)
Art by Than Htay Maung စစ်မှာတမူ (PDF VERSION) အောင်ဝေး (မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ စစ်တိုက်ခြင်းဟာအနုပညာဖြစ်တယ် စစ်တိုက်ခြင်းအနုပညာပေါ့။ စစ်တိုက်ခြင်းအနုပညာကို လေ့လာရမယ်။ ဘယ်ကစမလဲ အသည်းနှလုံးထဲက အရင်စကြရမပေါ့။ ဘယ်လိုလဲဆိုတော့ ငြိမ်းချမ်းရေးကို ရင်ဘတ်ထဲကစရသလိုပ။ စစ်တိုက်ခြင်းဟာအနုပညာဖြစ်သလို ယဥ်ကျေးမှုလည်းဖြစ်လေရဲ့။ ကြားဖူးရဲ့မဟုတ်လား နိုင်ငံရေးယဥ်ကျေးမှုဆိုတာကိုလေ။ နိုင်ငံရေးမှာယဥ်ကျေးမှုရှိသလို စစ်မှာလည်းယဥ်ကျေးမှုရှိလေရဲ့။ စစ်ယဥ်ကျေးမှုကို စစ်တိုက်တဲ့နိုင်ငံရေးမှာပဲ တွေ့နိုင်ပေရဲ့။...
အောင်ဝေး - ဗကသများအဖွဲ့ချုပ်၊ မာမာအေးနှင့် နိုင်ငံရေးအနုပညာ
(မိုးမခ) ဇန်နဝါရီ ၂၀ ၊ ၂၀၂၄ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တယ်။ "တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမပါတဲ့ တော်လှန်ရေးက တကယ့်တော်လှန်ရေးအစစ် မဟုတ်ဘူး" (၁၉၄၃) ကျနော်၏ စာပေနှင့် နိုင်ငံရေးဘဝတလျှောက်လုံး ကျနော် ခံယူထားခဲ့သည်မှာ "စာပေအနုပညာသည် နိုင်ငံရေးလက်အောက်ခံ ဖြစ်သည်" နိုင်ငံရေးရဲ့ အနုပညာ၊ သို့မဟုတ် အနုပညာရဲ့ နိုင်ငံရေး အတူတူပဲ ဖြစ်သည်။ တိုက်ပွဲ အနုပညာ ဆိုတာ ရှိတယ်။ Art of struggle ဟုဆိုသည်။ ဒါက တိုက်ပွဲ၏ မာယာ၊ တစ်နည်း (သေနင်္ဂဗျူဟာနဲ့) နည်းပရိယာယ်ကို ဆိုလိုသည်။ ခေတ်ပြိုင်ခံစားမှုကို...
အောင်ဝေး - နိုင်ငံချစ်စိတ်နဲ့ လူထုလွတ်မြောက်ရေး
(မိုးမခ) ဒီဇင်ဘာ ၉ ၊ ၂၀၂၃ ဟိုတုန်းက အမျိုးသားရေးဆိုတာ ကိုလိုနီလက်အောက်ကနေ တိုင်းပြည်လွတ်မြောက်ရေး ဖြစ်တယ်။ ဒီကနေ့ အမျိုးသားရေး ဆိုတာက စစ်အာဏာရှင်စနစ်အောက်က လူထုလွတ်မြောက်ရေးပဲ။ "အမျိုးသားနေ့" ဆိုပြီးတော့ ဗြိတိသျှ ကိုလိုနီခေတ်မှာကတည်းက သတ်မှတ် ကျင်းပလာခဲ့ကြတယ်။ ကိုလိုနီ အရှင်သခင်ဟောင်း ဗြိတိသျှတွေမှာကတော့ အမျိုးသားနေ့ဆိုတာ မရှိဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း အမျိုးသားနေ့ဆိုပြီး မရှိပါဘူး။ ဇူလိုင် ၄ ရက် (၁၇၇၆) ခုနှစ်၊ အမေရိကန် လွတ်လပ်ရေးနေ့ပဲ ရှိတယ်။ အိန္ဒိယမှာကော။ အိန္ဒိယမှာလည်း...
အောင်ဝေး - ခွပ်ဒေါင်းအိုကြီးတစ်ကောင်ရဲ့ ရင်ကွဲနာကျတေး
(မိုးမခ) နိုဝင်ဘာ ၃၀ ၊ ၂၀၂၃ ကျနော့်မှာ အနွယ်တော်ချစ်စိတ် ရှိသည်။ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ အလယ်လောက်တုန်းက မြိတ်ကျွန်းစု၊ ဗိုလ်ချိုကျွန်း၊ မကြုံဂလက်ရွာမှာ ကျင်းပတဲ့ ဆလုံရိုးရာပွဲတော်မှာ ရဲဘော်ညိုမြင့်နှင့် တွေ့ဆုံခဲ့ရသည်။ သူသည် ကျနော့်သူငယ်ချင်း ငြိမ်းအေးအိမ်၊ နေမျိုးဇော်၊ ကဗျာဆရာမ မအိတို့နှင့်အတူ ဗကပတောပြန်တစ်ဦး။ ကျနော်က ကိုညိုမြင့်ကို ကျနော်တို့ အနွယ်တော်တွေ ယခုလို မမျှော်လင့်ဘဲ တွေ့ဆုံရသည့်အတွက်ဝမ်းသာကြည်နူးမိကြောင်း ပြောပြခဲ့သည်။ ကျနော်လည်း နရသိန်ပြန် ဗကပ (ဗကပနရသိန်ပြန်) တစ်ယောက်ပဲ...
အောင်ဝေး - ငါတို့ဗဟိုစစ်ကော်မရှင်ဖွဲ့ရမယ်
ငါတို့ဗဟိုစစ်ကော်မရှင်ဖွဲ့ရမယ် အောင်ဝေး (မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၃ ငါတို့ ဗဟိုစစ်ကော်မရှင်ဖွဲ့ရမယ်။ မင်းအောင်လှိုင်က နေပြည်တော်ကခံမယ်။ စစ်အင်အားတစ်သောင်းလေးထောင် နေပြည်တော်ကို လျှို့ဝှက်ပြန်ခေါ် မင်းအောင်လှိုင် နေပြည်တော်ကခံမယ်။ သူက ခံစစ်သေဆိုရင် ငါတို့က ထိုးစစ်ရှင်ရှင်ထိုးရမှာပေါ့။ စစ်ဆင်ရေး ၁၀၂၇ က စခဲ့တယ် မြောက်ပိုင်းကစခဲ့တယ်။ တောမီးဟာပြန့်သွားတယ် စခန်းတွေကိုသိမ်းတယ် မြို့တွေကိုသိမ်းတယ်။ မင်းအောင်လှိုင်စစ်သားတွေ အလံဖြူထောင်တယ်။ ကျော်ရဲအောင် ကောင်းမြတ်ကို လူထုကကြိုတယ်။ နွေဦးကရှင်းတယ်...
အောင်ဝေး - ရက် ၁၀၀၀ စစ်တမ်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၃ ( ၁ ) လူထုအာဏာ အလုခံရတာ ရက်၁၀၀၀ ပြည့်ပြီ။ လူထုအာဏာအသိမ်းခံရတာ ရက် ၁၀၀၀ ရှိပြီ။ NLD အာဏာအလုခံရ၊ အသိမ်းခံရတာ မဟုတ်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် လူထုထံက ဆင်းသက်သည်။ လူထုက NLD ကို ရွေးကောက်ပွဲဖြင့် မဲပေး ရွေးချယ်ကာ အာဏာအပ်နှင်းခြင်း ဖြစ်သည်။ မူလအာဏာပိုင်ရှင်သည် လူထုပင်။ အာဏာပိုင်ရှင်အစစ်သည် လူထု၊ လူထုသည် ဧကန်စင်စစ် အာဏာရှင်အစစ် ဖြစ်၏။ ၁၉၃၈ တက္ကသိုလ်တတိယသပိတ်တွင် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သည်။ ဗိုလ်အောင်ကျော် ဈာပနတွင် တကသကျောင်းသားခေါင်းဆောင်...
အောင်ဝေး - သစ်ပင်နဲ့ သစ်တော၊ ဖားနဲ့ ငှက်၊ အကောင်းမြင်နဲ့ အဆိုးမြင်
(မိုးမခ) အောက်တိုဘာ ၂၀ ၊ ၂၀၂၃ ၁။ အမေရိကန် ဆောင်းဦးပေါက်ကို ရွက်ကြွေရာသီလို့ ခေါ်ကြပါတယ်။ သစ်ရွက်တွေ အရောင်ပြောင်းပြီး သစ်ပင်တွေ စင်စင်ကြွေတဲ့အချိန်ပါ။ ရိုးတံပြိုင်းပြိုင်း သစ်ကိုင်းမည်းမည်းနဲ့ အပင်တွေဟာ ရွက်သစ်တွေ ပြန်ဝေလာဖို့ နွေဦးပေါက်ရာသီကို ခြောက်လစောင့်ရပါတယ်။ အသွင်ကူးပြောင်းရေးကာလ ဆိုပါတော့။ ဒီကာလမှာ နှင်းကိုက်တဲ့ဒဏ်၊ ရေခဲမိုးရိုက်တဲ့ ဒဏ်တွေကို အန်တုရင်ဆိုင်ရတယ်။ ခုခံတော်လှန်ရတယ်။ သဘာဝတရားက စက်တင်ဘာလထဲမှာ ဆောင်းဦး (Fall/Autumn) ပေါက်ပြီး မတ်လထဲမှာ နွေဦး (Spring) ပေါက်ပါတယ်။ အခု...
အောင်ဝေးရဲ့ ပန်းပွင့်စစ်သည်တော် ကဗျာ ၁၀၀ စတုတ္ထအုပ် မိုးမခကနေ ထွက်ပြီ
အောင်ဝေးရဲ့ ပန်းပွင့်စစ်သည်တော် ကဗျာ ၁၀၀ စတုတ္ထအုပ် မိုးမခကနေ ထွက်ပြီ (မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၃ နွေဦးကိုကြိုဆိုခြင်း … နွေဦးက မလွဲမသွေရောက်လာခဲ့ပြီ ရနံမွှေးသောလေညင်းသည် အသွေးစုံသောပန်းများကိုဖြတ်သန်း၍ သင့်ထံဦးတည်လာနေပြီ။ ကြိုဆိုလော့ နှလုံးသားကင်းမဲ့သော ဆောင်းကြမ်းသည် နွေဦးနေခြည်အောက်၌ အငွေ့ပျံ၍ သူ၏ဖြစ်တည်မှုကို ဆုံးရှုံးရတော့မည်။ ခံစားလော့ လူသားများ၏ ထက်သန်မှုသည် အောင်မြင်မှု၏ရှေ့ပြေးဖြစ်၏။ ပိုင်ပိုင်ဆုပ်ကိုင်ကြလော့ ခက်မာ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃ (အောင်ဝေး ကဗျာ ၁၀၀ စတုတ္ထအုပ် အမှာစာ)...
အောင်ဝေး - ဒေါ်အောင်ဆန်းစုကြည်ဘွဲ့ ကဗျာအချို့
(မိုးမခ) ဇွန် ၁၈ ၊ ၂၀၂၃ ဤကဗျာများဖြင့် ၂၀၂၃ ဇွန် ၁၉ တွင် ကျရောက်မည့် ဒေါအောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ စံပယ်နွေဦး စံပယ်နှစ်ပွင့် ညက ပွင့်တယ်။ တစ်ပွင့် ဘုရားတင်တယ်။ တစ်ပွင့် ဒေါ်အောင်ဆန်းစုကြည် တင်တယ်။ ။ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ အမေ့ယာ ရွာပြင်မိုးချုပ် ခွေးသားအုပ်။ ခွေးအုပ်ထိုးဟောင် မိုးလရောင်။ မိုးလရောင် ရိုး တောင်ခြေရင်း။ အဘိုး မာပါစေ အဘွား သာပါစေ ရွာအခြေ မြေတလင်းမှာ ကောက်ဦးနံ့သင်း။ ။ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ခမ်းနားတဲ့ လရောင် သူက...
အောင်ဝေး - ဝါနီပြာဋီကာ
ဝါ နီ ပြာ ဋီကာ အောင်ဝေး (မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ မြန်မာပြည်မှာ မင်းအောင်လှိုင် စစ်မှုထမ်းဥပဒေကြေညာပြီးနောက်။ ဓနီးပါးမြစ်ကမ်းပါး ကိုင်းတောမြင့်မြင့်များ လူသွားလမ်းကလေးတလျှောက် အဘိုးအိုကြီးနှစ်ယောက်။ ဂရိတ်ကုတ်အင်္ကျီထူထူထဲဝတ်လို့ မဟာအဘိုးအိုနှစ်ယောက် လမ်းလျှောက်လာတယ်။ တစ်ယောက်က ယူကရိန်းသားကြီးအာရင်ဘတ် နောက်တစ်ယောက်က မြန်မာပြည်သားကြီးမြသန်းတင့်။ နှင်းလေအပင့်မှာ ကိုင်းပင်မြင့်မြင့်မိုးမိုးတွေ တရှဲရှဲယိမ်းထိုးလွင့်သွား။ မြသန်းတင့်ကမေးတယ် "ပူတင်ရဲ့အကျဥ်းထောင်ထဲမှာ အတိုက်အခံခေါင်းဆောင်...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Aung
Contact Aung, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack