(မိုးမခ) မတ် ၂၈ ၊ ၂၀၂၄ (၇၅) နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့မှာ သူတို့ကိုယ်သူတို့ ပြန်ပို့တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သဝဏ်လွှာကို လေ့လာကြည့်ရအောင်။ ပအိုဝ်းအမျိုးသားနေ့မှစပြီးတော့ ပအိုဝ်းမိဘပြည်သူများအားလုံး အတူနေထိုင်ကြသော တိုင်းရင်းသားများအားလုံး ဘေးရန်လည်းကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေနဲ့ မေတ္တာရေအေး ပက်ဖျန်းလိုက်ပါတယ်တဲ့။ ဒါတော့ မရိုးသားတဲ့ဆုတောင်းပါဘဲ။ ဘာ့လို့ဆို PNOအနေနဲ့ အဲဒီနေ့မှာကိုဘဲ ဆီဆိုင်မှာ ဒရုန်းနဲ့ဗုံးကြဲ...
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Khun Ka Gyi
ခွန်ကကြီး - ဗလုံးဗထွေးခေါင်းဆောင်မှုနဲ့ ပအိုဝ်းအသုံးချခံပြဿနာ
(မိုးမခ) မတ် ၂၆ ၊ ၂၀၂၄ (၇၅) နှစ်ပြည့်၊ ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင်ဘုရားဒကာ ရဟန်းဒကာ ဦးအောင်ခမ်းထီများ လက်ရှိအကျပ်အတည်းကနေ ထွက်မြောက်ရာလမ်းစတခုခုများ ပြမလားလို့ စောင့်နေရတာ။ သဝဏ်လွှာတစောင်တော့ ထွက်လာတယ်။ အဖြေတော့ မပါပါဘူး။ ပိုနစ်မွန်းစရာ စစ်တပ်ကို ပိုလို့ကျိုးနွံမှုသာ တွေ့ပါတယ်။ သူတော်ကောင်းကြီးဆိုတော့ တရားရေအေးတိုက်ကျွေးပုံဆန်တဲ့ ကျားဖြန့်တမျိုးပေါ့နော်။ "ရဟန်းတော်များ၊ မိဘပြည်သူ သားသမီး မြေးမြစ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ...
ပအိုဝ်း သာမန်ပြည်သူတွေကို အမြင် စိတ်ဓာတ် အဆိပ်ခပ်မှု ရပ်ချိန်တန်
(မိုးမခ) မတ် ၁၄ ၊ ၂၀၂၄ ပအိုဝ်းဆရာကြီးများ ဘုန်းကြီးများဟာ ဒီအဏာသိမ်းမှုနဲ့ ဒီတော်လှန်ရေးကို "ဗမာထီးနဲ့ ဗမာမရန်ဖြစ်တဲ့ကိစ္စ" လို့သတ်မှတ်ပြီး ပအိုးဘက် ကူးစက်လာတဲ့အခါ "ဘာ့လို့ငါတို့ပအိုဝ်းအိမ်လာဖျက် ငါတို့ပြည်သူကို ဒုက္ခလာပေးရတာလဲ" လို့ ပြောကြ ဟောကြ သင်ပေးကြတယ်။ PNLOက သယ်လာတဲ့လက်နက်တွေကို PNO က ဖြတ်လုလို့ တိုက်ပွဲစဖြစ်တဲ့အကြောင်းတော့ ဘယ်သူမှ မဟကြဘူး။ လေယာဉ်မှူး ခိုင်သန့်မိုး မိတဲ့သတင်း၊ ဂျက်လေယာဉ် ပစ်ချခံရတဲ့ သတင်းမျိုးဆိုရင် "ဒေါ်လာစားသတင်းသမားအချင်းချင်းဘဲ လိမ်ကြ၊ ဒို့ကို လာလိမ်လို့မရဘူး"...
ခွန်ကကြီး - ပအိုဝ်းဒုက္ခ တွင်းဆုံးကျတော့မည်လော
(မိုးမခ) မတ် ၁ ၊ ၂၀၂၄ မဲနယ်တောင်ဘက်က ပင်လျှံရွာကျောင်း ဗုံးကြဲခံရတယ်။ ပြန်ဆောက်ဖို့ မလွယ်တော့တဲ့ အသားကျောင်းတွေ။ ကြဲလိုက် ထုလိုက်နဲ့ ပြိုပျက်သွားတဲ့ ပအိုဝ်းရင်နှစ် သစ်သားကျောင်းတွေ ကုန်တော့မယ်။ ပအိုဝ်းတွေဟာ စော်ဘွားတွေရဲ့ အခွန်နဲ့ သမီးတွေပါ တောင်းတဲ့ဘေးကနေ ဝေးဖို့ အလွန့်အလွန်တောထူရာ တောင်ကွယ်ရာတွေမှာ ရွာတည်ကြတယ်။ အဲဒါ မူလဘူတရွာတွေလို့ ပြောရင်ရတယ်။ အဲဒီခေတ်က မြင်းကလွဲရင် ဘာနဲ့မှ သွားလို့မရဘူး။ အဲဒီပြဿနာကို ခု မီးရှို့ခံရတဲ့ ကျောင်းရဲ့ လက်ရှိ ကျောင်းထိုင်ဆရာတော်က တူးရွင်းတလက်နဲ့...
ခွန်ကကြီး - မအလနဲ့ အခထ
(မိုးမခ) ဒီဇင်ဘာ ၅ ၊ ၂၀၂၃ တက်ကြွတဲ့ ပအိုဝ်းကြက်ဖအသိုင်းအဝိုင်းမှာတော့ စစ်အုပ်စုနဲ့ PNO ကို ဆေးဂျပိုးနဲ့ ခွေးသူခိုးလို့သာ သုံးနှုန်းကြတယ်။ PNO က ဆေးဂျပိုး၊ စစ်အုပ်စုကတော့ ခွေးသူခိုးပေါ့။ စစ်ခွေးဆိုတာက အာဏာသိမ်းပြီးနောက်ပိုင်း စကစပိုင် ဝေါဟာရဖြစ်သွားတာဘဲ။ လိုင်းပေါ်က လူတွေ စကားနဲ့ပြောရရင် ခွေးတွေတောင် အဲဒီဝေါဟာရစွန့်သွားပြီတဲ့။ သူတို့ အဲဒီလောက် မယုတ်မာဘူးဆိုတဲ့သဘော။ PNO ပြည်သူ့စစ်နဲ့ စစ်အုပ်စုပေါင်းပြီး ကိုယ့်ပအိုဝ်းလူမျိုးတွေကို ပြန်ထောင်း၊ အာဏာသိမ်းတာဆန့်ကျင်တဲ့ ပအိုဝ်းလူငယ်တွေကို...
ခွန်ကကြီး - ပအိုဝ်းကိုရင်လေးတွေကို ဘယ်သူ ကယ်မလဲ
(မိုးမခ) နိုဝင်ဘာ ၂၅ ၊ ၂၀၂၃ ခုကာလကြီးမှာ ရှမ်းတောင်ဟာ ဘာမြူဒါတြိဂံဒေသနဲ့ တူပါတယ်။ ပအိုဝ်းတွေဟာ ရှမ်းမြောက်မှာ စစ်ဖြစ်နေတယ် ပြောရင် မယုံပါဘူး။ ကရင်နီမှာ တိုက်လေယာဉ်ပျက်ကျတာလဲ လက်မခံသလို တိုက်လေယာဉ်မှူး မိတဲ့အကြောင်း သွားပြောရင် သင့်ကို အရူးတယောက်လို့ မြင်ပါလိမ့်မယ်။ သူတို့ အွန်လိုင်းပေါ် အမြဲရှိနေပေမယ့် သူတို့ကြည့်တဲ့ နားထောင်တဲ့ သတင်းက သတ်သတ်ပါ။ သူတို့ကို ဂျင်းထည့်နေတဲ့ ဟာမျိုးကိုဘဲ နားထောင်ကြည့်ကြပါတယ်။ သူတို့ကို အဖြစ်မှန် ရေးပြတတ်တဲ့ ခမ်းသာငေါင်းလို သတင်းပေ့မျိုးလေးတောင်မှ စစ်သတင်းတခု...
ခွန်ကကြီး - စစ်အုပ်စုရဲ့လုပ်ကြံမှုခြေလှမ်းသစ်တခု
ခွန်ကကြီး - စစ်အုပ်စုရဲ့လုပ်ကြံမှုခြေလှမ်းသစ်တခု (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၃ စကစက ပင်လုံနယ်တွင်းမှာ ကယားပို့မယ့် တရုတ်လုပ် လက်နက်တွေမိဆိုတဲ့သတင်းတပုဒ်တက်လာတယ်။ လက်နက်တွေကလည်း နဲနဲနောနောမဟုတ်။ သိမ်းခံရတာတွေက စကစဆုံးထားတာတွေတောင် ကာမိလောက်ပါတယ်လို့ သူ့ဘက်ကလူတွေတောင် ဂုဏ်ဆာနေကြရဲ့။ SSPP/SSAဝတ်စုံနဲ့လူတွေလို့ ဆိုပေမယ့် နောက်ကွယ်က EROအဖွဲ့ကြီးတွေ ဘာညာပါဆိုထားလေတော့ SSPPလို့ ပြောလိုက်တာပါဘဲ။ ထားပါတော့၊ အဲသတင်းဓာတ်ပုံမှာ SSPPဝတ်စုံနဲ့ မိတယ်ပြောပြီး ပအိုဝ်းဘောင်းဘီနဲ့တယောက်ပါလာတာက ပြဿနာ။ ဘယ်ပအိုဝ်းမှ...
ခွန်ကကြီး - ပအိုဝ်းမုန့်ဟင်းခါး
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၃ စစ်ပွဲဆယ်ရက်မြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းလိုက်တာ စခန်း ၁၂၀ ကျော်သွားပြီဆိုတော့ ကျဆုံးစစ်သားလို့ မှန်းလို့ရပါပြီ။ ခုကာလမှာ ရှေ့တန်းပို့တယ်ဆိုတာ သေလမ်းသွားခိုင်းတာလို့ စစ်သားတိုင်း သိပါတယ်။ စစ်သားမိသားစုတိုင်းကလဲ ငါ့လင် ငါ့သား ငါ့အဖေ ပြန်မတွေ့နိုင်တော့ဘူးလို့ နားလည်နေကြပါတယ်။ ဘာ့လို့လဲ ဆိုတော့ ပြန်လဲပေးစရာ စစ်သား မရှိတော့လို့ပါ။ ခေတ်မီလက်နက်အပြည့်အစုံရှိတဲ့ ရှမ်းမြောက်ကို ပို့မယ်ဆိုတော့ ပိုသေချာသွားတာပေါ့။ ရောက်ဖို့မလွယ်သလို ရောက်သွားရင်လဲ...
ခွန်ကကြီး - ပအို့ဝ်လူငယ်နဲ့ ဆေးပြား၊ စစ်သားစုဆောင်းမှုနဲ့ ယိုးဒယားသွားခြင်းမှသည် ပအို့ကွန်မြူနတီ ပြိုကွဲခြင်းဆီ
(မိုးမခ) စက်တင်ဘာ ၂ ၊ ၂၀၂၃ ပင်လောင်းမြို့မဈေးထဲမှာ နှစ်နှစ်အရွယ်ကလေးကို မိခင်က ကျောပိုးပြီးတော့ စျေးဝယ်နေတုန်း အဲဒီသမီးကလေး ခေါင်းကို ဆေးကြောင်နေတဲ့ ကောင်တစ်ကောင်က ဓားနဲ့ ခုတ်သတ်လိုက်တာ သေသွားရော။ ကိုယ့်ကလေးကို ကိုယ့်ရှေ့မှာ အဲဒီအခြေအနေဆိုးနဲ့ မြင်နေရတဲ့ မိခင်တယောက်ရဲ့နေရာမှာ ဘယ်လိုမှ နေကြည့်လို့ မရပါဘူး။ တကယ်တော့ ပအို့ဝ်ဒေသမှာ မူးယစ်ဆေးစွဲနေတဲ့သူတွေ၊ သုံးနေတဲ့သူတွေ အများကြီးရှိတယ်။ အဲဒီ မူးယစ်ဆေးတွေ ဘယ်သူဖြန့်လဲဆိုရင် အဓိကက PNO က ဖြန့်တာ။ PNO က မူးယစ်ဆေးဝါး ကို သူတို့ ဖြန့်တယ်၊ သူတို့...
ခွန်ကကြီး - ဦးအောင်ခမ်းထီ သို့မဟုတ် ပအိုဝ်းတမျိုးသားလုံးကို စစ်မိစ္ဆာလက် ဝကွက်အပ်သူ
(မိုးမခ) ဩဂုတ် ၂၀ ၊ ၂၀၂၃ အထူးဒေသ (၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) စစ်ဘက်အရာရှိများနဲ့ နယ်ဘက်တာဝန်ခံများ မွမ်းမံသင်တန်းဆင်းပွဲမှာ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဖြားတန်စင် ဖါအောင်ခမ်းထီက အောက်ပါ ဩဝါဒကထာများ ချီးမြှင့်၊ အဲ သူ့စကားအတိုင်းပြောရရင် အကြံဉာဏ်လေးများ ပေးသွားပါတယ်။ အကြံဉာဏ်ပေးချက်တွေထဲက တချို့ကို ကောက်နှုတ်ဖော်ပြရရင် "ပထမကမ္ဘာစစ်ကို မကြုံခဲ့ရပေမယ့် ဒုတိယကမ္ဘာစစ်ကိုတော့ အဘိုးရဲ့ အသက်က ၈၈ ရှိပြီဆိုတော့...
ခွန်ကကြီး - ကြမ်းကြားညှပ်တော့မယ့် လအုမူ
(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၃ ပအိုးဝ် လူကြီးပိုင်းတွေနဲ့ စကားပြောတဲ့အခါ ဒီအာဏာသိမ်းကာလကြီးက ပအိုးဝ်တွေ အခြေအနေကို မေးကြည့်တတ်တယ်။ ပအိုးဝ်တွေက ခုခြေနေမှာ စစ်တပ်ဘက် ရှိနေတာဆိုတော့ အနာဂတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာတွေ စေ့ငုတာပေါ့လေ။ အဲဒီလိုမေးတိုင်း ကြားရတတ်တာက ပအိုးဝ်တွေဟာ လအုမူ ကျင့်သုံးတာမို့ ပူစရာမလိုကြောင်း ပြောကြပါတယ်။ လအု ဆိုတာ လျောင်းထိုင်ရပ်သွား ခန္ဓာကိုယ်ရဲ့ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် သူ့ကို မထိခိုက်အောင် နေတတ်ပါတယ်တဲ့။ ဒါပေလို့ ခုတော့ လအု ကြမ်းကြားညှပ်ကိန်းဆိုက်လာပြီ ဆိုရမလားဘဲ။ စကစက ကရင်နီနဲ့...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Khun Ka
Contact Khun Ka, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack