ကိုအောင်မှိုင်း - မျိုးဆက် (မိုးမခ) ဇူလိုင် ၁၆ ၊ ၂၀၂၄ မျိုးဆက် ဆိုတာ..... ဧရာဝတီမြစ်ကြီးနဲ့ တူတယ်။ တသွင်သွင် စီးဆင်းနေဆဲ တသွင်သွင် စီးဆင်းနေမြဲပဲ။ ဒီမျိုးဆက်မှာ.... လွတ်မြောက်စေရမယ်။ ငါတို့...... အိမ်အတူ ပြန်ကြမယ်။ Join Us @ MoeMaKa Telegram t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Ko Aung Hmine
ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၂)
(မိုးမခ) ဇွန် ၁၀ ၊ ၂၀၂၄ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ အာဏာအကြောင်း အနည်းအကျဥ်း မိတ်ဆက်ခဲ့ကြပါတယ်။ အာဏာ (Power) ဆိုတာ လေးနက်ပြီး နက်နဲကျယ်ဝန်းတယ်လို့ ပညာရှင်များ သုံးသပ်ကြပါတယ်။ မိသားစုအတွင်း အာဏာ တည်ဆောက်တာကစပြီး နိုင်ငံအာဏာ တည်ဆောက်တာ အဆုံး၊အာဏာတည်ဆောက်မှုဟာ အရေးပါလေ့ ရှိပါတယ်။ အာဏာကို အာဏာရှင်စနစ်နဲ့ အကြမ်းဖက်တည်ဆောက်မှာလား၊ ဒါမှမဟုတ် အာဏာကို လူထု ဆန္ဒနဲ့အညီ တည်ဆောက်မှာလားဆိုတဲ့ အာဏာတည်ဆောက်မှုသဏ္ဌာန်ကလည်း အဆုံးအဖြတ်အခန်းမှာ ပါလာပြန်ပါတယ်။ ဒီအတွက် ကျနော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ...
ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁)
(မိုးမခ) ဇွန် ၂ ၊ ၂၀၂၄ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဖြစ်စဥ်တွေကို အဲဒီဖြစ်စဥ်တွေအတွင်းမှာရှိတဲ့ ရုပ် ဘဝတွေက အဓိက ပြဋ္ဌာန်းကြတာချည်း ဖြစ်ပါတယ်။ ဆိုလိုချင်တာက အတွင်းပဋိပက္ခတွေကသာ ကောင်းခြင်း၊ ဆိုးခြင်း ဆိုတဲ့ ပြောင်းလဲမှုဖြစ်စဥ်တွေကို အဓိကမောင်းနှင်အားတခုအဖြစ် လှည့်ပြောင်းလေ့ရှိပါတယ်။ သေချာတာက ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်း တော်လှန်ရေး ဆိုတဲ့ အပြောင်းအလဲ ဆိုတာကိုလည်း ရန်သူက ပြဋ္ဌာန်းပေးလိုက်တာလို့ ပြောရပါလိမ့်မယ်။ ဒါဟာ အတွင်းပဋိပက္ခပဲ ဖြစ်သလို လက်တွေ့ရုပ်ဘဝလည်း ဖြစ်ပါတယ်။...
ကိုအောင်မှိုင်း - ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈)နဲ့ သူ့စာပေ သူ့အကြောင်း
(မိုးမခ) ဇွန် ၁၁ ၊ ၂၀၂၄ ကနေ့ ဇွန်လ ၉ ရက်နေ့ဟာ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ ၁၀၄ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ ဆရာကြီး ဗန်းမော်တင်အောင်ဟာ ဝတ္ထုနဲ့ လုံးချင်းစာအုပ်ပေါင်း ၈၉ အုပ် (ပြန်လည်စိစစ်ရန်)ရေးသားပြုစုခဲ့တယ်လို့ သိရပါတယ်။ လူထုနိုင်ငံရေးခေါင်းဆောင် သတင်းစာဆရာ၊အယ်ဒီတာ၊ သမိုင်းပညာရှင် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကြွယ်ဝခဲ့သူတဦး ဖြစ်ပါတယ်။ စာရေးဆရာတွေဟာ ကလောင်အမည်ပေးတဲ့အခါ မွေးဖွားရာ ဇာတိ မြို့ရွာ ဒေသအလိုက် အမည်တွေ ပေးတတ်ကြသလို ပညာသင်ယူတဲ့ ဒေသ မြို့ ရွာတွေကို အစွဲပြုပြီးလည်း ကလောင်အမည်ယူကြတာလည်းရှိပါတယ်။...
ကိုအောင်မှိုင်း - မျက်ရည်တို့ဖြင့် ထုဆစ်ခြင်း
(မိုးမခ) မေ ၃၁ ၊ ၂၀၂၄ လွင့်မျောနေတဲ့ အသက်တွေတွက် ရေကြည်တပေါက်လောက် ဖေးကူလှည့်ပါလား။ ရေကြည်တပေါက်ဟာ ရှင်သန်ထမြောက်ခြင်းတွက် ပျဥ်းမငုတ်တို ဖြစ်နိုင်ပါတယ်။ တံတိုင်းအပြင်က မျက်နှာစာသစ်တွေမှာ လွတ်မြောက်ခြင်းတွေ ရှိနေတယ်။ သူ့ရန်သူကို ကိုယ့်ရန်သူလို့ သတ်မှတ်လို့မရဘူး။ ကိုယ့်ရန်သူကိုလည်း သူ့ရန်သူလို့ သတ်မှတ်လို့ မရဘူး။ ရန်သူစစ်ကို နေရောင်အောက်မှာ ရှာလို့ရနိုင်သလို လရောင်အောက်မှာလည်း ရှာဖို့မခက်ဘူး။ စံတန်ဖိုးတွေ တွက်ချက်နိုင်ဖို့ ဂဏန်းပေါင်းစက် မလိုဘူး မေတ္တာတရားတွေပဲ လိုတယ်။ စံတန်ဖိုးတွေ...
ကိုအောင်မှိုင်း - ကံကြီးထိုက်လိမ့်
ကိုအောင်မှိုင်း - ကံကြီးထိုက်လိမ့် (မိုးမခ) မေ ၂၇ ၊ ၂၀၂၄ ကဗျာကို ခြံခတ်တာဟာ အနာဂတ်ကို သင်းသတ်တာပဲ။ ကိုအောင်မှိုင်း မှိုင်းရာပြည့် ( မန္တလေးတက္ကသိုလ်) t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar
ကိုအောင်မှိုင်း - ကြီးကျယ်သူ လူကြီးမင်းများ
(မိုးမခ) မေ ၂၀ ၊ ၂၀၂၄ ကျနော် ပြည်သူကို ချစ်တယ်။ ကျနော် ရဲဘော်တွေကို ချစ်တယ်။ ကျနော် အခြေခံလူတန်းစားကို ချစ်တယ်။ ဗားတော့ဗရက်ရဲ့ ကြီးကျယ်သူတွေအကြောင်း ကဗျာမှာ ကြီးကျယ်သူတွေဟာ မိုက်မဲတဲ့စကားတွေ အများကြီး ပြောကြပြီး ငါတို့ကို ငတုံး ငအတွေလို့ သဘောထားကြတယ်။ ဒီလိုနဲ့ ကြီးကျယ်သူတွေ စကားတွေကို နာခံရင်း သူတို့အရှင်သခင်တွေ ဖြစ်ကုန်ကြပြီး ငါတို့ကျွန်တွေက သူတို့ကို ပျော်တော်ဆက်ရတယ် မဟာအလက်ဇ္ဒြားက သူနေဖို့ ဘေဘီလုံမြို့ကြီး လိုအပ်ခဲ့တယ် ပြည်သူတွေကတော့ သူ့ကို မလိုအပ်ခဲ့ဘူး။ ကြီးကျယ်သူတွေက ပညာရှိတွေကို...
ကိုအောင်မှိုင်း - ဓားချက်ပြင်းပြင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၄ ဆို့နင့်နေတဲ့ နှလုံးသားပေါ် မိုးပေါက်တွေလို ကျလာတဲ့ ကောင်းကင်က သွေးပျစ်ပျစ်တွေကို စာမျက်နှာတခုပြီးတခု ဆုတ်ဖြဲရင်း နင့်ဆို့နေတဲ့ မျက်ရည်ပူတွေနဲ့ ကိုင်ထားတဲ့ ဓားသွားတိုင်းကို ထက်သတက် ထက်လာအောင် သွေးကြရုံကလွဲပြီး ဘာရှိဦးမှာလဲ။ တောက် တောက်ခေါက်သံဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားပါစေ ပေးဆပ်မှုတွေဟာ ကမ္ဘာကြီးကို ယုံကြည်သွားပါစေ အနာခံမှုတွေဟာ ကမ္ဘာကြီးကို တည့်မတ်နိုင်ပါစေ ရှေ့ဆက် ပေးဆပ်ကြဦးမယ် ရှေ့ဆက် အနာခံကြဦးမယ် ရှေ့ဆက် တောက်ခေါက်နေကြဦးမယ် ယုံကြည်ချက်တွက်...
ကိုအောင်မှိုင်း - မောင်းကွင်း စနက်တံ
(မိုးမခ) ဇန်နဝါရီ ၁၆ ၊ ၂၀၂၄ ရိုးမတို့ရဲ့ တောက်ခေါက်သံဟာ မိုးကြိုးအစင်းတရာ ပစ်သလိုပဲ။ မေခ မေလိခ ဧရာဝတီတို့ရဲ့ ပေါင်းစည်းသံဟာ အဏုမြူဗုံးထက် ပြင်းထန်တယ်။ ရိုးမမှာ ကျခဲ့တဲ့ သွေးဟာ အညာမြေမှာ ကျဆဲသွေးလို စေးပျစ်ပြီး နီရဲတယ်။ နှစ်ပေါင်း ၇၀ ကျော် ကျခဲ့တဲ့ သွေးမြစ်ကြီးတွေမှာ နွေဦးအိပ်မက်တွေ ကိုယ်စီနဲ့။ အနစ်နာခံပါ ကိုယ်ကျိုးစွန့်ပါ တော်လှန်ပုန်ကန်ကြပါ သေမှာ မကြောက်ကြပါနဲ့ ဒါတွေက တို့နိုင်ငံရဲ့ နေ့စဥ်သုံး စကားတွေပေါ့။ နှောင်ကြိုးအားလုံး တပြိုင်နက်ရိုက်ချိုး ကြယ်တွေကြွေတိုင်း စိတ်ရိုင်းဝင်ကြ အံကြိတ်ကြ...
ကိုအောင်မှိုင်း- သူမလိုလူ ( သို့ ) ဒေါ်မာမာအေး
(မိုးမခ) ဇန်နဝါရီ ၁၀ ၊ ၂၀၂၄ အကြောင်းမသိသူတွေက သူမဟာ ဂန္ထဝင်အဆိုတော် အနုပညာရှင်ကြီး။ အကြောင်းသိသူတွေက သူမဟာ တော်လှန်ရေးသမား ယုံကြည်ချက်တွက် စွန့်လွှတ်သူ ငြိမ်းချမ်းရေးတွက် တိုက်ပွဲဝင်သူ အနုပညာနဲ့ နိုင်ငံတည်ဆောက်ချင်သူ။ သူလိုလူတွေက လှေကားထစ်တွေ ပန်းပေါင်းတရာပွင့်ဖို့ ကျောခင်းပေးခဲ့သူတွေပေါ့။ အဖိုးမှိုင်း ဂူဗိမာန်ရှေ့ တော်လှန်တေး ရဲရဲဆိုခဲ့သူ ယုံကြည်ချက်က ပြည်သူ့မူ လက်သုံးချောင်း ရဲရဲထောင်ခဲ့သူ ငြိမ်းချမ်းရေးတွက် တိုက်ပွဲကိုယုံသူ။ သူမက ပြည်သူကိုချစ် ပြည်သူက သူမကိုချစ် အော် ချစ်ခင်မြတ်နိုး...
ကိုအောင်မှိုင်း - လွတ်လပ်ရေးနေ့သစ် တောလား
(မိုးမခ) ဇန်နဝါရီ ၄ ၊ ၂၀၂၄ မလွတ်လပ်တဲ့ နိုင်ငံမှာ လွတ်လပ်ရေးနေ့အကြောင်း ပြောရတာ အတော်ခက်တယ်။ မလွတ်လပ်တဲ့ နိုင်ငံမှာ လွတ်လပ်ရေးနေ့ဆိုတာ ပြက်လုံးတခုထက် မပိုပါဘူး။ လွှတ်ချလိုက်ရတဲ့ လွတ်လပ်ရေးနေ့အတွက် ကဗျာတပုဒ် ရေးရတာဟာ ကျိုးပဲ့နေတဲ့ နှလုံးသားကို အီးစီဂျီစက်ပေါ် တင်ရသလိုပါပဲ။ လွတ်လပ်ရေးနေ့မှာ ကြယ်တချို့ ကျကွဲခဲ့ရသလို ကြယ်တချို့ တောက်ပလာပြီး ကြယ်တချို့ မျက်ရည်တွေ ကျခဲ့ရတယ်။ လွတ်လပ်ရေးနေ့ဆိုတာ ငိုချင်းရှည်တွေ ဘုန်းတော်ဘွဲ့တွေ လိမ်ညာမှုတွေ အနိုင်ကျင့်မှုတွေ တဆိပ်တုတွေ ပျော်ရွှင်မှုတုတွေကို လက်အတုတွေ...
ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - (နိဂုံးပိုင်း)
(မိုးမခ) ဒီဇင်ဘာ ၁၅ ၊ ၂၀၂၃ ပြည်တွင်းစစ် ဆိုတာ တိုင်းပြည်တစ်ခုအတွင်း အဖွဲ့အစည်းအချင်းချင်း စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြတဲ့ စစ်ပွဲ ဖြစ်တယ်လို့ ဆိုကြလေ့ရှိပါတယ်။ ဂျီနီဗာကွန်ဗန်းရှင်းမှာတေ့ ပြည်တွင်းစစ် ဆိုတဲ့ စကားလုံးကို အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ မတွေ့ရပါဘူး။ ဒါပေမဲ့ ပြည်တွင်းစစ်ပွဲ အပါအဝင် နိုင်ငံတကာအဆင့် မဟုတ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုတော့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ ဒီလို လက်နက်ကိုင်ပဋိပက္ခတွေအဖြစ် သတ်မှတ်ဖို့အတွက် အချက် ၄ ချက်နှင့် ကိုက်ညီရမည်လို့လည်း သတ်မှတ်ထားတာ...
ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၄ )
(မိုးမခ) ဒီဇင်ဘာ ၁၀ ၊ ၂၀၂၃ ညီညွတ်ရေး ဆိုတဲ့ ခေါင်းစဥ်ဟာ ကျနော်တို့နိုင်ငံအတွက် ဓာတ်ပြားဟောင်းကြီးတချပ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းတလျှောက် ခေါင်းဆောင်းအသီးသီးက ပြောခဲ့တဲ့ ပြောလေ့ရှိတဲ့ မိန့်ခွန်းကောက်နုတ်ချက်တခုလဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လည်း ပြောခဲ့သလို အခြားခေါင်းဆောင်ကြီးများလည်း ပြောခဲ့တဲ့ စကားတခု ဖြစ်တယ်လို့ပဲ ဆိုရပါလိမ့်မယ်။ နှစ်ပေါင်း ၇၀ ကျော် ညီညွတ်ရေး ဘာကြောင့်မတည်ဆောက်နိုင်တာလဲ ဆိုတာကို အခိုင်အမာ လေ့လာသုံးသပ်ဖို့...
အကိုကြီးညီ - “သိက္ခာ”
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၃ မကြာသေးမီက ရှေ့တန်းက မပြန်ရ၍ စစ်ဆရာဝန်တစ်ဦး မိမိကိုယ်ကို sucide လုပ်သွားကြောင်း ဖတ်မိရသည်။ နောက်တန်းအထိုင်တွင်ရှိသော စစ်ဆရာဝန်များမှာ ဘွဲ့များ တခုပြီးတခုယူပြီး ကန်သာယာဆေးရုံနှင့် အခြားပုဂ္ဂလိကဆေးရုံများတွင် ထိုင်ပြီး ငွေရှာကောင်းနေချိန်တွင် ရှေ့တန်းပြီးရှေ့တန်းသွားနေရသော စစ်ဆရာဝန်များမှာ ဘယ်အချိန် ဘာဖြစ်သွားမလဲ မသိ စိုးထိတ်မှုများစွာနှင့် နေကြရပေသည်။ ဆေးတပ်တွင်သာမက အခြားလက်ရုံးတပ်များ၊ ခြေလျင် ခြေမြန်တပ်များတွင်လည်း မညီမျှမှုများမှာ အတူတူပင်။ နေပြည်တော် စစ်ရုံးနှင့်...
ကိုအောင်မှိုင်း - ဥပက္ခာတံတိုင်း
(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၂၃ အခါခါ ကြွေနေရတယ် လေထဲမှာ အောက်စီဂျင် နည်းလွန်းတယ်။ မုန်တိုင်းကျတိုင်းသာ သင်္ဘောမှောက်လို့က ကမ္ဘာကြီးက ငိုချင်းချလိမ့်မယ်။ နံနက်ခင်းဆိုတာ စကြဝဠာဟိုဘက်က သစ်တောက်ငှက်တကောင်။ နာရီတလုံးကို ဘက်ထရီဖြုတ်လိုက်ရင် အချိန်ဆိုတာ နေ့နဲ့ ညပဲ။ တခါတရံ ရှင်သန်ဖို့အတွက် ကျောခိုင်းလိုက်ရတယ်။ နံရံကို လှဲဖို့ သွေးသံရဲရဲ ခေါင်းတွေ လိုတယ်။ ပန်းတခင်းအတွက် အနမ်းခြင်းတွေမှာ တစ်တိုနီတာတွေ လိုတယ်။ မိုးကောင်းကင် ကြည်လင်နေဖို့ ဒရုန်းတွေ ပျံဝဲနေရမယ်။ အနာဂတ်ကို ယုံကြည်သူတွေတွက် လက်တွေတိုင်းမှာ...
ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၃ )
(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၃ (အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဂျွန်အဒမ်က “အားလုံး ဖောင်ဖျက်ပြီး ဖြစ်ပါတယ်။ လူတွေက မြစ်ရဲ့ဟိုဘက်ကမ်းကို ဖြတ်ကူးပြီးသွားလို့ တံတားကို ဖြုတ်ချလိုက်ကြပြီ” လို့ အမေရိကန်တော်လှန်ရေးနဲ့ ပတ်သက်ပြီး ရေးသားခဲ့ဖူးပါတယ်။ ကနေ့ နွေဦးတော်လှန်ရေးကလည်း နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိတော့သလို တော်လှန်ရေးမှတပါး အခြားတည်ငြိမ်ရေးလမ်းစ ဟူ၍လည်း ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်တော့ပါ။) တပ်ပေါင်းစု ဆိုတာ တူညီတဲ့ အကျိုးစီးပွားပေါ် မူတည်ပြီး မဟာမိတ်ဖွဲ့ခြင်း ဖြစ်ပါတယ်။...
ကိုအောင်မှိုင်း - ခေတ်ဆိုး
ကိုအောင်မှိုင်း - ခေတ်ဆိုး (မိုးမခ) အောက်တိုဘာ ၁၄ ၊ ၂၀၂၃ အမှောင်ခေတ်ထဲ လူရာဝင်ချင်သူတွေက သူ့ထက်ငါတိုးလို့ ခေတ်ဆိုးကို ဖာထေးနေကြတယ်။ ငါ ဗားတော့ဗရက်ကို လွမ်းတယ်။ t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar
ကိုအောင်မှိုင်း - လက်တုံ့ပြန်ရမယ်
(မိုးမခ) အောက်တိုဘာ ၁၁ ၊ ၂၀၂၃ တောက် ......
ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၂ )
(မိုးမခ) အောက်တိုဘာ ၁၀ ၊ ၂၀၂၃ ကျနော်တို့အနေနဲ့ ညီညွတ်ရေးလိုချင်ရင် မညီညွတ်ခြင်း ဖြစ်ခဲ့ရတဲ့ အတိတ်သမိုင်းကို အသေအချာ သုံးသပ်နိဂုံးချုပ်နိုင်ဖို့ လိုမှာ ဖြစ်ပါတယ်။ ဒါမှသာ ကနေ့လက်တွေ့ ညီညွတ်ရေးကို ဆောင်ရွက်ဖို့ လုံလောက်တဲ့ လုပ်ငန်းဆိုင်ရာ လမ်းညွှန်တွေကို အခိုင်အမာ ပြဋ္ဌာန်းပေးနိုင်ပါလိမ့်မယ်။ စစ်အနိုင်တိုက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်က ဖက်ဆစ်စစ်တပ်ကို အပြီးအပိုင် တိုက်ဖျက်...
ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၁ )
(မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၂၃ “စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်းပဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ် ဖာသည် တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော် ပြောချင်တယ်။” ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမကြီးမှာ ကျင်းပသည့် လူထုအစည်းအဝေးကြီးမှာ မိန့်ကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း။ ညီညွတ်ရေးအကြောင်း ပြောရင်...
ကိုအောင်မှိုင်း - အနုပညာမြောက် တိုက်ခိုက်ခြင်း
(မိုးမခ) ဩဂုတ် ၁၀ ၊ ၂၀၂၃ ဘဝဟာ ကော်ဖီပြင်းပြင်း တခွက် မဟုတ်ပေမဲ့ သိပ်ကို ခါးသီးတယ်။ ဘဝမှာ အမေတယောက် ရှိတယ်ဆိုပေမဲ့ အမေတွေတွက် နာကြည်းတယ်။ ဘဝဆိုတာ မိုးကောင်းကင်ကြီးကို တနေကုန် မော့ကြည့်ရင်း ညအမှောင်မှာ မျက်ရည်ကျတာလား။ ဘဝထဲမှာ ပြုံးနေတဲ့ဘုရား ရယ်နေတဲ့ဘုရားတွေအပြင် ငိုနေတဲ့ ဘုရားတွေအတွက်ပါ ဆုတောင်းပေးကြပါဦး။ ဘဝတခု တောင်စောင်းပေါ်က လှိမ့်ချခံရတဲ့ ကျောက်တုံးလို နာကျင်မှုတွေကို သင်းသတ်ကြရမယ်။ ဘဝဟောင်း ဆတ်ဆတ်ခါနေတဲ့ ကမ္ဘာ့အိပ်မက်သစ်မှာ မတ်မတ်ရပ်နိုင်သူတွေသာ ကမ္ဘာ့နိုင်ငံသားသစ် ဖြစ်လိမ့်မယ်။ ဘဝသစ်...
ကိုအောင်မှိုင်း - နှုတ်ဆက် အနမ်း
(မိုးမခ) ဇူလိုင် ၂၈ ၊ ၂၀၂၃ စွန့်ပစ်ခံရတဲ့ ဖိနပ်စုတ်တရန်လို သက်ကြီးရွယ်အိုတွေရဲ့ တိတ်တခိုး ရှိုက်သံဟာ အနာဂတ် ခံစားမှုတွက် ဂေဟစနစ်ကြီးကို ဆန့်ကျင်လို့ နောက်ဆုံးထွက်သက် ဖြစ်သွားတယ်။ ပျိုးခဲ့တဲ့ ပန်းခင်းတွက် အနာဂတ်ကို သူ ယုံပေမဲ့ အနာဂတ်က သူ့ကို ယုံပါ့မလား မသေချာတဲ့ မျှော်လင့်ချက်တွက် အရှေ့မှာ နေထွက်တယ်ဆိုတာ ဒဏ္ဍာရီတပုဒ်လို ဖြစ်သွားပေါ့။ လက်တွဲဖော် နှုတ်မဆက်ခင် ရင်ထဲက အသိက ဦးနှောက်ကို ဖျက်ဆီး နှုတ်ဆက်တယ်ဆိုတာ ထာဝရလား နှုတ်ဆက်တယ်ဆိုတာ ခဏတာလား အနမ်းတွေဟာ ချိုမြိန်မှုကင်းမဲ့။ အိပ်စက်မှုက သူနဲ့...
ကိုအောင်မှိုင်း - တန်ဖိုးသစ်
(မိုးမခ) ဇူလိုင် ၁၈ ၊ ၂၀၂၃ ငါ့ရှေ့က မြစ်တစ်စင်း ဂန္ထဝင်ဆန်တယ် တန်ဖိုးလည်း ကြီးတယ်။ ငါ့ရှေ့က ပန်းချီကား အနုပညာမြောက်တယ် တန်ဖိုးလည်း ကြီးတယ်။ ငါ့ရှေ့က ပန်းခင်းကြီး ရောင်သွေးစုံတယ် တန်ဖိုးလည်း ကြီးတယ်။ ငါ့ရှေ့က ရွာပျက် ငါ့ရှေ့က ဘုရားငုတ်တို ငါ့ရှေ့က စာသင်ကျောင်းပျက် ငါ့ရှေ့က မိဘမဲ့ကလေး ငါ့ရှေ့က ဖိုးအိုဖွားအို ငါ့ရှေ့က မျက်ရည်တွေ ငါတို့ စစ်တလင်းမှာ စစ်ခင်းနေကြတယ်။ တန်ဖိုးတွေတွက် သတ်မှတ်ချက်က ဥပေက္ခာဆိုရင်တော့ သစ္စာမဲ့မှုတွေတွက် တန်ဖိုးတွေကို ရိုက်ချိုးလိုက်ရုံပဲ။ တန်ဖိုးသစ်ဆိုတာ...
ကိုအောင်မှိုင်း - ၉၅ နှစ်မြောက် ချေတမ်းချင်း
(မိုးမခ) ဇွန် ၁၄ ၊ ၂၀၂၃ ချေလိုတွေးပြီး ချေလိုရေးတဲ့ သမိုင်းဝင်တွေ ဒို့နိုင်ငံမှာ ကနေ့ရှိနေပြီ။ ဆေးထိုးအပ်နဲ့ AK 47 ဆိုတာ ချေ တို့ချခဲ့တဲ့ လမ်းစဥ်ပေါ့။ မတရားမှုတွေက ဥပဒေဖြစ်လာရင် တော်လှန်ရေးက တာဝန်ဖြစ်လာတယ်။ ဒူးထောက်အညံ့ခံရင်း ရှင်သန်ရမယ့်အစား ရင်ကော့ ခေါင်းမော့ ရပ်ပြီး အသေခံသွားမယ်ဆိုတဲ့ သူ့တရား။ နွေဦးတော်လှန်ရေးမှာ ချေများစွာဟာ လူထုနဲ့အတူ လူထုကိုကူဘို့ လူထုဆီကို သူတို့ခရီးနှင်။ ဟိုနှစ်က ကျဆုံးခဲ့တဲ့ ဆရာဝန်ကြီး သူလည်း ချေလို ကြယ်နီကြီးပေါ့။ ဆန္ဒပြပွဲကြား ကျဆုံးသွားတဲ့ ဆရာဝန်လေး သူလည်း ချေလို...
ကိုအောင်မှိုင်း - မအောင်မြင်သော အာဏာသိမ်းမှု
(မိုးမခ) ဇွန် ၄ ၊ ၂၀၂၃ Coup d’état လို့လည်း တချို့က ခေါ်ကြတယ်။ တချို့ကလည်း coup လို့လည်း သုံးကြတယ်။ အဓိက ကတော့ အာဏာသိမ်းမှုကို ဆိုလိုတာပါ။ လက်ရှိအစိုးရကို လူတစုက ရုတ်ခြည်း အကြမ်းဖက် ဖြုတ်ချခြင်းပဲ ဖြစ်ပါတယ်။ အာဏာသိမ်းဖို့အတွက် အဓိကလိုအပ်ချက်က လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့နဲ့ အခြား စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းအားလုံး ထိန်းချုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အခြေခံကျတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ လူထုရဲ့အောင်မြင်တဲ့ တော်လှန်ရေးနဲ့ လုံးဝ မတူတာတွေ့ရမှာ...
ကိုအောင်မှိုင်း - နေဝန်းနီနီ ပြည်သစ်တည်
(မိုးမခ) မေ ၂၃ ၊ ၂၀၂၃ စစ်တပ်နဲ့ ရင်ကြားစေ့ဘို့ ဗမာပြည်က နိုဗယ်ဆုရှင် ဒေါ်စုပင်လျှင် အထင်ကရ ကြိုးစားခဲ့ဖူး သမိုင်းရူးခဲ့။ ရှေ့နောက်တောင်မြောက် ကမ္ဘာတလွှား တိုင်းပြည်များစွာ ဖွဲ့စည်းများစွာ ကြိုးပမ်းနေကြ စစ်သူခိုးနဲ့ စေ့စပ် အနောက်လိုင်း စစ်သူခိုးအောက်ဝင် အရှေ့လိုင်း အရိယသစ္စာဟာ ကျွန်သီချင်းတွေ ဖြစ်ခဲ့။ ပေါင်းစားချင်သူတွေ တောင်းစားချင်သူတွေ သွေးစက်တွေ တန်းလန်းနဲ့ ငြိမ်းချမ်းရေးစကားတွေပြော ဗုံးများစွာ ထောက်ပံ့သူတွေနဲ့ ရှုတ်ချဒေသနာ ဟောသူတွေကြား မြန်ပြည်သားတွေက မြေစာပင်။ မြောက်ပိုင်းကို...
ကိုအောင်မှိုင်း - နှုတ်ဆက်ခဲ့ အနမ်း
(မိုးမခ) မေ ၁၈ ၊ ၂၀၂၃ မလွမ်းပါရစေနဲ့ ချစ်ကြိုးငယ်ရှည်ချင်သမို့ တပြေသူမရွှေထားကိုလ ချစ်ပန္နက်ခိုင်ခိုင် စိုက်လို့ရယ် ပန်းပျိုးခဲ့မယ် လန်းစေသား။ တိတ်တခိုး အနမ်း သံသာလေ သောင်ကမ်းမှာ တူနှစ်ကိုယ် ယှဥ်မြန်းလို့ လေအဟုန်မှာ လေစုံလွင့်ကာပ သောကတွေ ခြေရာထပ်လို့ရယ် တော်ဝင်ပန်းမြတ်မို့ တင့်တယ် ဘယ်ဝယ်ဆီသခင် လှမ်းဦးတော့ မြင်မြင်သဖွယ် အမြစ်ကတွယ် သံယောဇဥ် ဆိုတာရယ် ဆက်ထုံး ပြုံးလိုက်စမ်းပါ့ ကြည်ရွှင်ဖွယ် တသက် တခါသာ အဆုံးပေမို့ သောကအပြုံးနဲ့ ပန်းသခင်ရယ်။ ပိတောက်ဝါ ညှာတံကစိမ်း သူစိမ်းတရံ မဆန်လေနဲ့ ယိမ်းဟန်ပန်...
ကိုအောင်မှိုင်း - သစ္စာ
Blog Archive May 2023 (39) April 2023 (105) March 2023 (118) February 2023 (83) January 2023 (98) December 2022 (87) November 2022 (104) October 2022 (127) September 2022 (103) August 2022 (106) July 2022 (114) June 2022 (118) May 2022 (122) April 2022 (140) March 2022 (143) February 2022 (137) January 2022 (162) December 2021 (160) November 2021 (141) October 2021 (156) September 2021 (166) August 2021 (127) July 2021 (143) June 2021 (124) May 2021 (116) April 2021 (110) March 2021 (109)...
ကိုအောင်မှိုင်း - ထောင်မလဲသဲကော် ဝါဇီစက္ကူ
ကိုအောင်မှိုင်း - ထောင်မလဲသဲကော် ဝါဇီစက္ကူ (မိုးမခ) မေ ၇ ၊ ၂၀၂၃ ထောင်မလဲသဲကော် ဆိုတာ ဂျပန်နိုင်ငံက စစ်အတွင်းသုံးဖို့ ထုတ်ထားတဲ့ပိုက်ဆံကို ခေါ်ကြတာ ဖြစ်ပါတယ်။ ငွေစက္ကူတွေကတော့ အသစ်ကျပ်ချွတ်တွေ ဖြစ်နေပေမဲ့ တန်ဖိုးမရှိသလောက် ဖြစ်နေတဲ့ စစ်တွင်းသုံး ဂျပန်ပိုက်ဆံကို မြန်မာပြည်သားတွေ ခေါ်ကြတာပါ။ ဝါဇီမှာတော့ နေ့ဆိုင်း ညဆိုင်းတွေနဲ့ ငွေစက္ကူတွေ ရိုက်ထုတ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ မင်းအောင်လှိုင်ကလဲ ထောင်မလဲသဲကော်ဝါဇီ ပိုက်ဆံတွေ ဖောဖောသီသီပေးပြီး ဘုန်းကြီး တပါး ၃ သိန်းဆိုလား အကယ်ဒမီဆုပေးပွဲ...
ကိုအောင်မှိုင်း - စစ်ပွဲကြီးတွေထဲက စနိုက်ပါသမားများ
ကိုအောင်မှိုင်း - စစ်ပွဲကြီးတွေထဲက စနိုက်ပါသမားများ (မိုးမခ) မေ ၄၊ ၂၀၂၃ နွေဦးတော်လှန်ရေးဟာ သူတင်ကိုယ်တင် အခြေအနေကို ရောက်လာပြီလို့ သုံးသပ်သူများ ရှိလာကြပါတယ်။ သဘောကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်တဲ့ သဘောကို ပြောကြတာလို့ ယူဆမိပါတယ်။ အမှန်တကယ်လည်း မြို့ပြများကို တစုံတရာ ခြိမ်းခြောက်လာနိုင်သလို စကစရဲ့ စစ်ဆင်ရေးစစ်ကြောင်းတွေဆိုလဲ မြင်မကောင်းအောင် သေကျေနေကြတာ နိစ္စဓူဝ တွေ့ နေရတယ်လို့ ပြောရတော့မှာပါ။ စစ်ကြောင်းတကြောင်းလုံး ကုန်သွားသလို ချင်းတောင်တက်တဲ့ စစ်ကြောင်းဆို...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Ko Aung
Contact Ko Aung, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack