ကိုသန်းလွင် - မွေးသဖခင် (မိုးမခ) ဇူလိုင် ၆ ၊ ၂၀၂၄ ( ၁ ) ကလေးသုံးယောက်၏ ဖခင်တစ်ယောက် မကြာသေးမီက ကျွန်တော့်ကို ပြောပါသည်။ အကယ်၍သာ အချိန်ကို နောက်ပြန်လှည့်၍ သွားနိုင်ခဲ့ပါလျှင် သူသည် ကလေးကို စောစောယူရန် သူ့ကိုယ်သူ အကြံပေးမိမှာ သေချာပါသည်။ ဖခင်ဖြစ်ရခြင်းက သူ့စိတ်ကို ပြောင်းလဲသွားစေခဲ့ပါသည်။ သူ့ဘဝအတွက် ဦးတည်ရာကိုပေးပါသည်။ နျူရို ဆရာဝန်များကလည်း ဤအဆိုကို ထောက်ခံကြပါသည်။ ( ၂ ) ယခုအခါ သုတေသနဓာတ်ခွဲခန်းများက ကလေးရသွားလျှင် လူ၏ဦးနှောက် ပြောင်းလဲသွားပုံကို လေ့လာနေကြပါသည်။ ဖခင်တစ်ယောက် ဖြစ်ရခြင်းက...
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Ko Than Lwin
ကိုသန်းလွင် - ကျား/ မ ကွဲပြားမှုနှင့် ကျန်းမာရေး
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၄ ( ၁ ) ၂၀၂၂ ခုနှစ်တွင် ပြင်ပဆေးခန်းများတွင် စမ်းသပ်မှုများအရ Lecanemab ဆေးသည် အယ်ဇိုင်းမား ဖြစ်နေသူများကို ရောဂါပြင်းအား လျော့ပါးစေကြောင်း တွေ့ရှိကြရပါသည်။ တကမ္ဘာလုံး အယ်ဇိုင်းမားရောဂါ ဖြစ်ပွားနေသူများအကြား ဤဆေးကို များစွာ အားထားခဲ့ကြသည်။ သို့သော် နောက်ပိုင်း လွတ်လပ်စွာ စမ်းသပ်မှုများအရ ဤဆေးသည် ယောကျ်ားများ၌သာ အကျိုးသက်ရောက်မှုရှိပြီး မိန်းမများတွင် ထိရောက်မှုနည်းကြောင်း သိရှိလာကြရပါသည်။ ဤတွေ့ရှိချက်မှ သိလာရသည်မှာ ဂျင်း (Gene) ကို ပြုပြင်ခြင်းဖြင့် ဖြစ်စေ၊ အေအိုင် (AI-...
ကိုသန်းလွင် - နယ်ဆင်မန်ဒဲလားနှင့် ပြောင်းလဲလာသောအမြင်
(မိုးမခ) ဧပြီ ၃၀ ၊ ၂၀၂၄ ( ၁ ) ကမ္ဘာပေါ်တွင် နိုင်ငံရေးသမားဟူ၍ ကြီးကျယ်ထင်ရှားပြီး နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်ကာ လူအများ၏ လေးစားကြည်ညိုခြင်းကို ခံရသူများ ရှားပါးနေချိန်တွင် တောင်အာဖရိကနိုင်ငံ နယ်ဆင် မန်ဒဲလား (Nelson Mandela) မှာ ထိုခေါင်းဆောင်များထဲမှ ရှားမှရှား အလွန်ကျော်ကြားသူ ဖြစ်ခဲ့ပါသည်။ တောင်အာဖရိကနိုင်ငံ ထောင်ထဲတွင် ၂၇ နှစ်မျှနေခဲ့ပြီး ခါးသီးသော အတွေ့အကြုံများကို ခံယူကာ အချင်းချင်း ပြန်လည်သင့်မြတ်ရေး မူဝါဒကို အထပ်ထပ်အပြန်ပြန် သုံးသပ်ရင်း လူမျိုးစု ချစ်ကြည်ရေးကို...
ကိုသန်းလွင် - အထီးကျန် ဝန်ကြီး
(မိုးမခ) ဇွန် ၂ ၊ ၂၀၂၄ ( ၁ ) “အထီးကျန်ဖြစ်ခြင်း” သည် လူကို အန္တရာယ်ဖြစ်စေသည်ဟု စတင်သတိပြုမိကြသည်မှာ ၂၀၁၈ ခုနှစ်တွင် အင်္ဂလန်ဝန်ကြီးချုပ် ထရီဆာမေ က အထီးကျန်ခြင်းဆိုင်ရာဝန်ကြီးကို စတင်ခန့်အပ်စဉ်က ဖြစ်ပါသည်။ သူ၏တာဝန်မှာ လူတို့၏ အထီးကျန်ဖြစ်ခြင်းကို တိုက်ဖျက်ရန် ပေါ်လစီနှင့်နည်းလမ်းများကို ချမှတ်ရန် ဖြစ်ပါသည်။ ထိုစဉ်က များစွာသော ပညာရှင်များက ဝန်ကြီးချုပ်၏ လုပ်ရပ်ကို လက်ရှိအခြေအနေကို ပြောင်းလဲစေသောလုပ်ရပ်ဟု မြင်ခဲ့ကြသည်။ အချို့ကလည်း ဤဆုံးဖြတ်ချက်ကို ချရန် ဝန်ကြီးချုပ်တွင် မည်သို့ အကျပ်အတည်းများကို...
ကိုသန်းလွင် - အသက်ကြီးရင့်လာသောအခါ
(မိုးမခ) ဧပြီ ၁၅ ၊ ၂၀၂၄ ( ၁ ) ကျန်းမာရေးစာစောင်တခုက ခန့်မှန်းသည်မှာ အမေရိကန်လူထုသည် တစ်နှစ် တစ်နှစ်လျှင် မအိုသောဆေးများအပေါ်တွင် ၆.၂ ဘီလီယံမျှ သုံးစွဲသည်ဟု ဆိုသည်။ သို့သော် ခရင်များ၊ ဆံပင်ဆိုးဆေးများနှင့် ပါးရေးနားရေတွန့်ခြင်းကို ကာကွယ်ရန် ထိုးသော Botox ဆေးများသည် ကုန်လွန်သွားသောအချိန်များကို ပြန်လည်ရရှိအောင် လုပ်မပေးနိုင်ပါ။ ( ၂ ) သိပ္ပံပညာရှင်များသည် လူတို့၏ ဘိုင်အိုလိုဂျီသဘောအရ မည်သို့အိုရသည်၊ သဘာဝကြီးက မည်သို့ ဆောင်ကြဉ်းနေသည်ကို တနေ့တွင် သိနိုင်ရန် ကြိုးစားလျက်ရှိကြပါသည်။ ထိုသို့...
ကိုသန်းလွင် - လမ်းလျှောက်ရသည့်ပမာ
(မိုးမခ) မတ် ၂၄ ၊ ၂၀၂၅ ( ၁ ) ကျွန်တော်သည် စနေနေ့တိုင်း လမ်းလျှောက်ထွက်နေကျ အကျင့်အတိုင်း လမ်းလျှောက်ထွက်လာခဲ့သည်။ ကျွန်တော့်အဖော်မှာ နှစ်ပေါင်း ၆၀ ကြာ သိကျွမ်းခဲ့သော ငယ်သူငယ်ချင်း ကိုစန်းလွင် ဖြစ်ပါသည်။ သူ၏ ဘဝတွင် ကြီးမားသော ဆုံးရှုံးမှုများကို ရင်ဆိုင်ရသည့်တိုင် အမြဲတမ်း အပေါင်းလက္ခဏာဆောင်သော အတွေးများကိုသာ တွေးတတ်သူ ဖြစ်သည်။ သူ့အယူအဆများကို ကျွန်တော် မကြိုက်။ သို့သော် သူက တရားရှိသူ ဖြစ်သည်။ ယခင်ကလည်း သူနှင့် ကျွန်တော်သည် ယခုလို လမ်းလျှောက်ခရီးကို အဝေးကြီးကို သွားခဲ့ဖူးသည်။ ယခုတကြိမ်တော့...
ကိုသန်းလွင် - ဆဲလ် နှင့် ဂျင်းတို့၏ အလုပ်လုပ်ပုံ
(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၄ ( ၁ ) ၁၈၈၉ ခုနှစ်က ပြင်သစ်ဆရာဝန် ဖရန်စွာ ဘော့ (Francois Gilbert Vault) သည် တောင်တက်ပြီး အင်ဒီးတောင်တန်းပေါ်မှ ပြန်ဆင်းလာသည်။ သူ၏ လက်မောင်းမှ သွေးကို စုပ်ထုတ်ပြီး မိုက္ကခရိုစကုပ်ဖြင့် စစ်ဆေးသောအခါ အောက်ဆီဂျင်ကို သယ်ဆောင်သည့် သွေးနီဥများသည် ၄၂ ရာခိုင်နှုန်းမျှ ပိုများပြားနေသည်ကို တွေ့ရသည်။ သူသည် ကိုယ်ခန္ဓာ၏ ဆန်းကြယ်သော သတ္တိထူးတစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ်ခန္ဓာသည် သွေးနီဥများကို လိုအပ်နေချိန်တွင် ပို၍ထုတ်လုပ်ပေးနိုင်ပါသည်။ ၁၉၀၀ ပြည့်နှစ်များတွင်...
ကိုသန်းလွင် - ပါလက်စတိုင်းခေါင်းဆောင် ဘယ်သူဖြစ်မလဲ
(မိုးမခ) မတ် ၄ ၊ ၂၀၂၄ ( ၁ ) စီနီယာ ဟားမတ် (Hamas) ခေါင်းဆောင်တယောက်က ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နောက်တစ်ကြိမ် ညှိနှိုင်းလျှင် အစ္စရေးတို့ ဖမ်းဆီးထားသော သူတို့ ခေါင်းဆောင် ဘာဂူကီ (Marwan Barghouti) ကို လွှတ်ပေးရေး ပါဝင်ရမည်ဟု ပြောလိုက်ပါသည်။ လွန်ခဲ့သော ရက်သတ္တ ၃ ပတ်ကလည်း အစ္စရေးလုံခြုံရေးအရာရှိတစ်ဦးက ပါလက်စတိုင်း ခေါင်းဆောင်များထဲမှ သူသည် “အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံ အတူယှဉ်တွဲကာ နေနိုင်စေရန် ခေါင်းဆောင်နိုင်မည့်သူ” ဟု ပြောကြားခဲ့ပါသည်။ သူ၏အမည်ကို...
ကိုသန်းလွင် - နာခံလိုမှု၏သဘာဝ
(မိုးမခ) မတ် ၁၉ ၊ ၂၀၂၄ ( ၁ ) လူတို့၏ သမိုင်းသည် ဖိနှိပ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ သွေးထွက်သံယိုမှုများနှင့် ပြည့်နှက်နေပါသည်။ ထိုအနိဋ္ဌာရုံများကို ပြန်ကြည့်လိုက်တိုင်း အဘယ်ကြောင့် ထိုမတရားမှုများကို စောစောစီးစီး ချုပ်ငြိမ်းအောင် မပြုလုပ်ခဲ့ကြပါသနည်းဟု မေးမိတတ်ကြပါသည်။ မည်သည့်နည်းဖြင့် ထိုအနိဋ္ဌာရုံများကို ကျော်ဖြတ်ခဲ့ကြသည်ကိုလည်း တွေးမိကောင်းတွေးမိကြပါလိမ့်မည်။ လက်တွေ့တွင် ဖြစ်ရပ်များမှာ ပို၍ရှုပ်ထွေးပါသည်။ သို့သော် အရေးကြီးဆုံးအပိုင်းမှာ ကျွန်တော်တို့တွင် ရှိသော ဦးနှောက်များ၏ အခန်းကဏ္ဍ...
ကိုသန်းလွင် - ဂန္ဒီကြီးအပေါ် အိန္ဒိယ၏ အမြင်
(မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၄ ( ၁ ) ၂၀၂၃ ခု အောက်တိုဘာ ၂ ရက်နေ့သည် ဂန္ဒီကြီး၏ ၁၅၄ ကြိမ်မြောက် မွေးနေ့ ဖြစ်ပါသည်။ တွစ်တာ (သို့) X တွင် ကမ္ဘာတွင် အကျော်ကြားဆုံးလူ ၁၀ ဦး၏အမည်တွင် သူ့ကို လုပ်ကြံသူ နာသူရမ် ဂို့(စ) (Nathuram Godse) ပါဝင်ခဲ့ပြီး ဂန္ဒီ၏မွေးရပ်မြေဟု ဂူဂျာရပ်တွင် ဟိန္ဒူတို့၏ နှစ်ပတ်လည်ပွဲ၌ ဂို့(စ) ၏ ဓာတ်ပုံပိုစတာမှာ ဟိန္ဒူ ဘုရားများနှင့်ယှဉ်၍ထောင်ခဲ့ကြသည်။ ဤသည်မှာ လုပ်ကြံသူ ဘု(သ) (Wilker Booth) ကို သမ္မတလင်ကွန်း ၏ ဓာတ်ပုံနှင့် ယှဉ်တွဲပြသခဲ့ခြင်းနှင့်ဆင်ဆင်တူပါသည်။ ( ၂ )...
ကိုသန်းလွင် - အလက်ဆီ နာဗယ်နီ (၁၉၇၆ -၂၀၂၄)
(မိုးမခ) ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၄ ( ၁ ) အလက်ဆီ နာဗယ်နီ (Alexi Navalny) သည် ရုရှားပြည်မှ ခြစားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး နိုင်ငံရေးအရ သမ္မတပူတင်၏ ရုရှားပြည်ကို အဖမ်းခံ၊ အတိုက်အခိုက်ခံရပြီး အဆိပ်နှင့် လုပ်ကြံမှုကို အလူးအလဲခံခဲ့ရပြီးနောက် သောကြာနေ့ (၁၆ ဖေဖော်ဝါရီ) နေ့က အကျဉ်းထောင်အတွင်းမှာ သေဆုံးသွားခဲ့သည်ဟု ရုရှားအကျဉ်းဦးစီးဌာနက ကြေညာပါသည်။ သူသည် အသက် ၄၇ နှစ်ရှိပါပြီ။ အကျဉ်းဦးစီးဌာနက ပြောသည်မှာ နာဗယ်နီသည် အကျဉ်းထောင်အတွင်းတွင် လမ်းလျှောက်နေရာမှ သတိမေ့သွားပြီး ယခင်နှစ်...
ကိုသန်းလွင် - တိုကျိုမြို့ စစ်တရားရုံး
(မိုးမခ) ဇန်နဝါရီ ၁၅ ၊ ၂၀၂၄ ( ၁ ) လွန်ခဲ့သော ၇၅ နှစ်ဆောင်းရာသီ ၁၉၄၈ ဒီဇင်ဘာလ ၂၂ -၂၃ ည တွင် သေဒဏ်စီရင်ခြင်းခံရသော ဂျပန်စစ်ရာဇဝတ်သား ၇ ဦးကို ကြိုးစင်သို့ ပို့ခဲ့ကြသည်။ စစ်ဖြစ်နေစဉ် ကာလအတွင်းက ဝန်ကြီးချုပ်ဖြစ်သူ ဂျင်နရယ် တိုဂျို (General Hideki Tojo) ကိုပုလဲဆိပ်ကမ်း (Pearl Harbor) တွင် အကြမ်းဖက်မှု၊ ယိုးဒယား -ဗမာ မီးရထားလမ်းဖောက်ရာတွင် အကြမ်းဖက်ခိုင်းစေခဲ့မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ဂျင်နရယ် မတ်ဆုရီ (General Iwane Matsui) သည် တရုတ်ပြည် နန်ဂျင်းနယ် ၌ ဖြစ်ပျက်ခဲ့သော...
ကိုသန်းလွင် - ဂျပန် လေယာဉ်မတော်တဆ ထိခိုက်မှု
(မိုးမခ) ဇန်နဝါရီ ၂၄ ၊ ၂၀၂၄ ( ၁ ) ကျွန်တော်သည် ဂျပန်ပြည်မြောက်ပိုင်းမှ ရွာကလေးတစ်ရွာသို့ ရောက်နေပါ၏။ လမ်းမှာ ကားနှစ်စီး ရှောင်ရုံသာ လမ်းကျဉ်းကလေး ဖြစ်ပါသည်။ တဖက်မှာ လူကူးနိုင်၊ မကူးနိုင်ပြသည့် မီးစိမ်း၊ မီးနီရှိသည်။ ကားတစီးတလေမှ မရှိသော်လည်း မီးမစိမ်းလျှင် လမ်းကို ဖြတ်မကူးကြပါ။ ဂျပန်တို့သည် ချထားသော စည်းမျဉ်းတခုကို ညီညာဖျဖျ လိုက်နာကြ၏။ တစ်ဦးကောင်း တစ်ယောက်ကောင်းဝါဒကို ကိုင်စွဲ၍ လူထုကို ယှဉ်ပြိုင်တိုက်ခိုက်လေ့ မရှိ။ ဖုန်းမပြောရ စည်းကမ်းကြောင့် ရထားထဲမှာ လူတွေ ပြည့်နေသည့်တိုင်...
ကိုသန်းလွင် - အေအိုင် နှင့် တည်ဆောက်ရေးလုပ်ငန်းများ
(မိုးမခ) ဒီဇင်ဘာ ၂၉ ၊ ၂၀၂၃ ( ၁ ) အမေရိကန်ပြည် ပင်ဆစ်ဗေးနီးယားပြည်နယ်ထဲတွင် ပြည်နယ်အတွင်းရှိ တံတားအားလုံး၏ ၁၃% မှာ ကိုယ်ထည် (Structurally) ခိုင်ခံ့မှုမရှိကြောင်း တွေ့ရှိရပါသည်။ ထိုတံတားများအားလုံးကို ပြုပြင်ရန် နည်းလမ်း ရှာကြရာတွင် စက်များ၏စွမ်းရည် ကိုသုံးသော အေအိုင် (AI- Artiticial Intelligence) နည်းဖြင့် ကွန်ကရစ်အသစ်ကို ဖော်စပ်၍ အသုံးပြုကြမည်ဟု မျှော်လင့်နေကြပါသည်။ နောက်လိုအပ်ချက်ဖြစ်သော လမ်းဘေးမှ ဆူညံသံများကို စုပ်ယူမည့် နံရံများ၊ ကားမှထုတ်လွှတ်သည့် Green House Gasses များကို စုပ်ယူမည့်...
ကိုသန်းလွင် - သိပ္ပံနည်းပညာ နှင့် လူ့ဘဝအပြောင်းအလဲ
(မိုးမခ) ဒီဇင်ဘာ ၁၁ ၊ ၂၀၂၃ ( ၁ ) နောင်လာမည့်နှစ်များ အတွင်း ကျွန်တော်တို့၏ဘဝများ ကို ပြောင်းလဲစေမည့် အဖြစ်အပျက်များ သည် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ပါသည်။ တရုတ် လေဘော်လုံးကို အမေရိကန် လေတပ်လေယာဉ် က ပြစ်ချခဲ့ခြင်း၊ ဆီလီကွန်တောင်ကြားဘဏ်ပြိုကွဲခြင်း၊ အခြား ကမ္ဘာကြီးက ိုပွက်လောရိုက်စေသည့် အဖြစ်အ ပျက် များလည်းမဟုတ် ကြောင်း ကျွန်တော်ပြောရဲပါသည်။ လူတို့၏ ဘဝနေပုံကို အခြေခံမှစ၍ ပြောင်းလဲ မည့်အဖြစ်အပျက်များ သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ တွေ့ရှိချက်များသာဖြစ်ပြီး ဖြစ်စက လူမသိ သူမသိ လူအနည်းငယ်တာ သိသော...
ကိုသန်းလွင် - ဟင်နရီ ကစ်ဆင်ဂျာ (၁၉၂၃ -၂၀၂၃)
(မိုးမခ) ဒီဇင်ဘာ ၂ ၊ ၂၀၂၃ ( ၁ ) ဟင်နရီကစ်ဆင်ဂျာသည် ပညာတတ်တယောက်အဖြစ်မှ သံတမန်ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံလူမျိုး တစ်ယောက်အနေဖြင့် တရုတ်ကို ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ်ရန် လမ်းဖွင့်ပေးခြင်း ကိစ္စ၊ ဗီယက်နမ်စစ်ပွဲကို ပြီးဆုံးအောင် ညှိနှိုင်းဆွေးနွေးခြင်း ကိစ္စများကို ကျင်လည်စွာ၊ တခါတရံ ကောက်ကျစ်စွာသော နည်းလမ်းများဖြင့် ပြေလည်စေခဲ့ပါသည်။ ဆိုဗီယက်ယူနီယံနှင့် စစ်အေးတိုက်ပွဲအတွင်း ဆက်ဆံရေးကိစ္စများကို ဆောင်ရွက်ရာတွင် မကြာခဏ ဒီမိုကရေစီမကျသော နည်းလမ်းများကို အသုံးပြုခဲ့ပါသည်။ သူသည် လွန်ခဲ့သော...
ကိုသန်းလွင် - ပေါပေါဝယ်၍ လွယ်လွယ်စွန့်သော ပစ္စည်း
(မိုးမခ) နိုဝင်ဘာ ၂၇ ၊ ၂၀၂၃ ( ၁ ) လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်က ကျွန်တော်သည် မီးဖိုချောင်သုံး ကာဗွန်စတီး ဓားတစ်ချောင်းကို ဝယ်ခဲ့ပါသည်။ ထိုဓားကို ယခုတိုင် သုံးနေရဆဲ ဖြစ်ပါသည်။ ကျွန်တော့်နောက် သုံးကြမည့်သူများကိုလည်း အဆက်ဆက် လွှဲပြောင်းပေးသွားနိုင်ပါသည်။ ထိုဓားသည် သံချေးမတက်သည့်တိုင် ခရမ်းချဉ်သီးကိုပင် လှီးမရတော့သည့် စတိန်းလက်(စ) စတီးဓားနှင့်စာလျှင် လွန်စွာ အသုံးဝင်နေပါသည်။ ဈေးချိုချိုပေးရသော ပစ္စည်းများ ဖြစ်ကတတ်ဆန်းလုပ်ထားသော ပစ္စည်းများသည် ကျွန်တော်တို့ကို သော်လည်းကောင်း...
ကိုသန်းလွင် - ဆဲရေးတိုင်းထွာခြင်း
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၃ ( ၁ ) ရင်ထဲမှ ခံစားချက်များကို နှုတ်မှ ဆဲရေးတိုင်းထွာခြင်းဖြင့် ဖွင့်ဟ ထုတ်အန်လိုက်သောအခါ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကို ပြေငြိမ်းသွားစေပါသည်။ ကျွန်တော်တို့၏ ခံနိုင်ရည်အားကိုလည်း ဖြစ်စေပါသည်။ ၎င်းသည် ကြားရသူကို အံ့အားသင့်စေပြီး မရိုမသေ လုပ်ရာရောက်ခါ အဓိပ္ပာယ်လည်း အများကြီး ပိုသွားစေပါသည်။ ရင်ထဲမှ ဖြစ်နေသည့် တင်းအားကို မြှင့်တင်နိုင်သလို လျှော့၍လည်း သွားစေနိုင်ပါသည်။ တခါတရံ ဆဲဆိုခြင်းဖြင့် လူနှစ်ဦး၏ ရင်းနှီးမှုကို ပြသရာလည်း ရောက်ပါသည်။ ၎င်းတွင် လျှို့ဝှက်ချက်များ...
ကိုသန်းလွင် - တရုတ်ပြည်ဝန်ကြီးချုပ်ဟောင်း လီကာချင်း (၁၉၅၅-၂၀၂၃)
(မိုးမခ) အောက်တိုဘာ ၃၁ ၊ ၂၀၂၃ ( ၁ ) တရုတ်ပြည်၏ ဝန်ကြီးချုပ်ဟောင်း လီကာချင်း (Li Keqiang) သည် ပြင်ပ ပရိုက်ဗိတ် ကုမ္ပဏီများ ကို နိုင်ငံပိုင်ကုမ္ပဏီများသဖွယ် လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ကြွေးကြော်ခဲ့သော်လည်း သမ္မတ ရှီကျင်းဖျင့်၏ လွှမ်းမိုးမှုအောက်မှ ရုန်းမထွက်နိုင်ခဲ့ပါ။ သူသည် လွန်ခဲ့သောသောကြာနေ့ (၂၇ အောက်တိုဘာလ) က ကွယ်လွန်သွားခဲ့ပါပြီ။ သူသည် အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါသည်။ မစ္စတာလီသည် ရှန်ဟိုင်းမြို့သို့ အလည်သွားရင်း ကြာသပတေးနေ့က နှလုံးတွင် (attack) ရခဲ့ပြီး သောကြာနေ့ည...
ကိုသန်းလွင် - ပါလက်စတိုင်း နှင့် အစ္စရေး တို့အရေး
(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၂၃ ( ၁ ) ၁၉၈၃ ခုနှစ်က တောင်အာဖရိကနိုင်ငံ အားကစားပြိုင်ပွဲတခုတွင် စားသောက်ဆိုင်တဆိုင်၌ ဗုံးပေါက်ကွဲ၍ လူအများ သေဆုံးခဲ့ကြပါသည်။ ထိုစဉ်က သက်တမ်း ၇၇ နှစ်ရှိပြီဖြစ်သော အာဖရိကန် နေရှင်နယ် ကွန်ဂရက် (ANC- African National Congress) က လူဖြူ အပါသိုက် (Apartheid) အစိုးရကို တော်လှန်နေပြီး မှတ်သားဖွယ်ရာတစ်ခု ပြုလုပ်ခဲ့ပါသည်။ ထိုဗုံးခွဲမှုအတွက် တာဝန်ယူခဲ့ပြီး နောင်တွင် အလားတူ ဗုံးခွဲမှုမျိုးမပြုလုပ်ပါဟု ကြေညာခဲ့ပါသည်။ သူတို့၏ တွေးခေါ်ပုံ လောဂျစ်မှာ ရိုးရှင်းပါသည်။...
ကိုသန်းလွင် - အခြားကမ္ဘာတွင်သက်ရှိများ ရှိ၊ မရှိ
(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၃ ( ၁ ) လူတို့၏ များစွာသောအခြား တွေ့ရှိချက်များနည်းတူ ယခု တွေ့ရှိချက်မှာလည်း လူတစ်ဦး တစ်ယောက်၏ ဦးနှောက်ထဲဝယ် နှိုးဆွသိလိုရာမှ စတင်လာခဲ့ပါသည်။ ထိုပုဂ္ဂိုလ်မှာ စကြဝဠာအကြောင်း လူတို့အား ရှင်းပြနေသူ ကားလ်စေဂန် (Carl Sagan) ဖြစ်ပါသည်။ သူ တွေးခေါ်ခဲ့သည်မှာ နာဆာ၏ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလတွင် လွှတ်တင်ခဲ့သော ဂျူပီတာဂြိုဟ်ကို ပတ်မည့် ဂယ်လီလီအို (Galileo spacecratt) နှင့် ပတ်သက်ပါသည်။ ထိုယာဉ်သည် ကမ္ဘာကြီးကို ၉၆၀ ကီလိုမီတာ အကွာအဝေး၌ ဖြတ်သွားမည်ဖြစ်ရာ ၎င်းသည် လူအများစု နေထိုင်ရာ...
ကိုသန်းလွင် - သနားကြင်နာမှု နှင့် ကိုယ်ချင်းစာတရား
(မိုးမခ) အောက်တိုဘာ ၆ ၊ ၂၀၂၃ ( ၁ ) သနားကြင်နာတတ်သော သဘောနှင့် ကိုယ်ချင်းစာတရားတို့သည် မတူညီဘဲ ကွဲပြားကြပါသည်။ သနား ကြင်နာခြင်း (Sympathize) မှာ မိမိက တခြားလူအပေါ်ထားသော မေတ္တာတရားနှင့် ကောင်းစေလိုသော စေတနာ တို့ကို ရည်ညွှန်းပါသည်။ ကိုယ်ချင်းစာခြင်း (Empathy) မှာ တပါးသူ ခံစားသလို သူ့နေရာတွင် အစားဝင်၍ ခံစားကြည့်ခြင်းဖြစ်ပါသည်။ တပါးသူအပေါ် သနားတတ်ခြင်း ဆိုသည်မှာ တချိန်က ဂုဏ်ရှိသော လူ့ခံစားချက် တမျိုး ဖြစ်ခဲ့ပါသည်။ မိမိကိုယ်ကိုယ် နှိမ့်ချခြင်း၊ စစ်မှန်ခြင်း၊ တပါးသူအပေါ် စိတ်ကောင်းစေတနာထားခြင်းတို့...
ကိုသန်းလွင် - ကော့စမစ် နောက်ခံရောင်ခြည်
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၃ ( ၁ ) နယူးဂျာစီပြည်နယ်၏ အမြင့်ဆုံးတောင်တန်းကြီး၏ ကရောဖို့တောင်ထိပ် အနီးအနားတွင် တည်ရှိပြီး မင်ဟတ်တန် မိုးထိတိုက်ကြီးများ၏အနီးမှ လှမ်း၍ မြင်နေရသည့် ရုံးခန်းအိမ် တစ်လုံး နှစ်လုံး ရှိသောနေရာတွင် ဟုန်းဒယ်ဟွန်း အင်တင်နာ (Holmdel Horn Antenna) တည်ရှိပါသည်။ ဤ ရေဒီယိုတယ်လီစကုပ် သည် အရွယ် ၂၀ စတုရန်းပေအ၀ မှ ၈ လက်မအထိ တဖြည်းဖြည်း သေးငယ်သွားသော ဧရာမ ဟွန်းကြီးနှင့် ဆင်တူပါသည်။ ဤဟွန်းကရိယာမှာ အာကာသမှ မိုက်ခရိုဝေ့များကို စုစည်းသိမ်းသွင်း၍ အပေါက်ငယ်မှတဆင့် ရေဒီယိုလှိုင်း...
ကိုသန်းလွင် - ဆေးနှင့်အဆိပ်
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၃ ( ၁ ) လွန်ခဲ့သည့် ဧပြီလက သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အား မေ့ဆေးပေးရာတွင် အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သောဆေးကြောင့် ရှုပ်ထွေးမှုများဖြစ်ကာ သေဆုံးခဲ့သည်။ ထိုအဖြစ်အပျက်မတိုင်မီ စောစောလေးက အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ဝမ်ဘီယာ နှင့် ဥဘက်ကစ္စတန် နိုင်ငံတို့တွင် ကလေးများ သေဆုံးမှု ဖြစ်ခဲ့ရပါသည်။ မာရှယ်ကျွန်းနှင့် မိုက်ခရိုနီးရှားတွင် အဆင့်မမီသောဆေးများကို တွေ့ခဲ့ရပါသည်။ ဤဆေးများကို သောက်သုံးမိပါက လူနာများ...
ကိုသန်းလွင် - စကြဝဠာ တည်ဆောက်ပုံ
(မိုးမခ) စက်တင်ဘာ ၁၂ ၊ ၂၀၂၃ ( ၁ ) ယမန်နှစ်က (James Webb Space Telescope) မှနေ၍ ဂြိုဟ်များ၊ နယ်ဗျူလာများကို ကမ္ဘာမှ မြင်တွေ့ကြရသောအခါ မြေပြင်မှ ကြည့်ရှုနေကြသော ပညာရှင်များက ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့် နည်းတူ တစ်ခုခုတော့မှားနေပြီ ဟူသော အသိကို ခံစားကြရပါသည်။ ရှစ်လမျှ ကြာလာသောအခါ မှန်ပြောင်းမှ မြင်ရသည်များကို အခြေခံ၍ စဉ်းစားရလျင် စကြဝဠာကြီးနှင့် ပတ်သက်၍ လူတို့ တွေးခေါ်ထားသမျှကို ပြန်လည် သုံးသပ် စိစစ်ရမည်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြရပါသည်။ ၂၀၂၁ ခုနှစ်တွင် နာဆာ၊ ဥရောပလေ့လာရေးအေဂျင်စီနှင့် ကနေဒါနိုင်ငံ...
ကိုသန်းလွင် - အီလွန်မတ်၏ ဂြိုဟ်တုအင်တာနက်
(မိုးမခ) စက်တင်ဘာ ၃ ၊ ၂၀၂၃ ( ၁ ) မတ်လ ၁၇ ရက်နေ့က အမေရိကန်ဗိုလ်ချုပ်ကြီးမီလီ (Mark A Miley) နှင့် ယူကရိန်းမှ ဗိုလ်ချုပ်ကြီး ဇူလူညီ (Valary Zuluzhnyi) တို့ တယ်လီဖုန်း ဆက်သွယ်၍ စကားပြောကြရာတွင် ယူကရိန်း ဗိုလ်ချုပ်က မစ္စတာ အီလွန်မတ်၏ စတားလင့်အင်တာနက်ကို စဉ်ဆက်မပြတ် ဆက်လက်အသုံးပြုနိုင်ရေးကို အလေးပေး ပြောကြားခဲ့ပါသည်။ မစ္စတာမတ် (Elon Musk) သည် တက်စလာကုမ္ပဏီ၊ Space X ကုမ္ပဏီတို့ကို ပိုင်ဆိုင်ပြီး မကြာမီကမှ တွစ်တာ ကုမ္ပဏီကို ဝယ်ယူခဲ့ကာ X ဟု အမည်ပြောင်းခဲ့သူ ဖြစ်သည်။ သူသည် စတားလင့်ခေါ်...
ကိုသန်းလွင် - တရုတ်နိုင်ငံ စီးပွားရေး
(မိုးမခ) ဩဂုတ် ၂၂ ၊ ၂၀၂၃ ( ၁ ) တရုတ်ပြည်သည် စီးပွားရေးတွင်နှစ်ပေါင်း ၃၀ မျှ အမြဲတစေ တိုးတက်လာခဲ့ပြီးနောက် စူပါပါဝါ ဖြစ်လာခဲ့ပါသည်။ ယနေ့ တရုတ်ပြည် စီးပွားရေးစနစ်တွင်ရှိနေကြသော ပြဿနာများမှာ ဤအချက်ကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပါ။ သို့သော် တရုတ်တို့ စူပါဖြစ်ရခြင်းမှာ အဘယ်မျှခိုင်ခန့်ပါနည်း။ ယခုအခါ သူသည် အမေရိကန်တို့နောက်မှာပဲ ရှိနေသလား။ သို့မဟုတ် ရှေ့သို့ ရောက်သွားပြီး ကမ္ဘာကြီးကို စိုးမိုးနိုင်ပြီလားဟု ဆန်းစစ်ကြည့်ရန် လိုပါသည်။ စီးပွားရေးတိုးတက်မှုကို တိုင်းတာသည့်ပေတံပေါ်တွင် လိုက်ပြီး အခြေအနေက...
ကိုသန်းလွင် - တိုင်ဝမ် ဆီမီးကွန်ဒတ်တာစက်ရုံ
(မိုးမခ) ဩဂုတ် ၁၄ ၊ ၂၀၂၃ ( ၁ ) မောရစ်ချန်း (Morris Chang) သည် ထိုင်ဝမ်နိုင်ငံ ချစ်ပ ထုတ်လုပ်ရေးကုမ္ပဏီ တီအက် အမ်စီ TSMC-Taiwan Semiconductor Manufacturing Company ကို တည်ထောင်ခဲ့သူတဦး ဖြစ်ပါသည်။ သူသည် ကျောင်းသုံးစာအုပ်တစ်အုပ်ကို (Introduction to VLSI Systems) မြတ်နိုးစွာကိုင်တွယ်ရင်း ပြောပြနေပါသည်။ (Very Large Scale Integration) မှာ ထရန်စစ္စတာများကို မိုက်ခရို ချစ်ပ များအဖြစ် တည်ဆောက်ရာတွင် အသုံးပြုသောစနစ် ဖြစ်ပါသည်။ စာအုပ်က မိုက်ခရိုချစ်ပ များ၏ ဒီဇိုင်းကို ဘယ်နေရာမှာပဲ လုပ်လုပ်၊ ချစ်ပ...
ကိုသန်းလွင် - အိုမင်းရင့်ရော်ခြင်း
(မိုးမခ) ဇူလိုင် ၁၇ ၊ ၂၀၂၃ ( ၁ ) အော်စကာဝိုင်းသည် ၁၈၉၇ ခုနှစ်တွင် လိင်တူချင်း မဖွယ်မရာလုပ်မှုဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်မျှ အပြစ်ပေးခြင်းခံခဲ့ရသည်။ ထိုနှစ်နှစ်က ဝိုင်း ကို ပြုပြင်ပေးလိုက်ပုံကို ထောင်မှထွက်လာသည့်အခါ မြင်သူတိုင်းက အံ့အားသင့်ခဲ့ကြပါသည်။ အိုင်းရစ်စာရေးဆရာသည် မမျှော်မှန်းနိုင်လောက်အောင် ပြောင်းလဲသွားသည့်အပြင် လူလည်းလွန်စွာများစွာ အိုမင်းရင့်ရော်သွားခဲ့ပါသည်။ ဗြိတိန်ရှိ မိဘဆွေမျိုးများက ဝိုင်းပယ်ခြင်းကို ခံရအပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၌ ၄၆ နှစ်အရွယ်တွင်...
ကိုသန်းလွင် - အိန္ဒိယ၏ အာကာသလေ့လာရေး ခရီး
(မိုးမခ) ဇူလိုင် ၂၄ ၊ ၂၀၂၃ ( ၁ ) အိန္ဒိယပြည်၏ လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ရန် ကြိုးစားခြင်းအနေဖြင့် ချန်ဒရန်း အမှတ် (၃) (Chandrayaan-3) ယာဉ်ကို အိန္ဒိယပြည်တောင်ပိုင်း အန်ထရာ ပရာဒက်ရှနယ်မှ အာကာသသို့ လွှတ်တင်လိုက်ပါသည်။ ယခု လွှတ်တင်ခြင်းမှာ အခက်အခဲဟူ၍မရှိဘဲ သေသပ်ချောမွေ့စွာ အာကာသသို့ တက်သွားခဲ့ပါသည်။ လွှတ်တင်ရာတွင် Mark lll (LVM 3) ဒုံးကျည်ကို သုံးပြီး သောကြာနေ့ (ဇူလိုင် ၁၄) ဒေသစံတော်ချိန် ၂ နာရီ ၃၅ မိနစ် အချိန်တွင် ရှရီသာကိုတာ (Sritharkota) အာကာသယာဉ် ပစ်လွှတ်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်း...
ကိုသန်းလွင် - ရီဂေးနီ ပရီဂိုးဇင်
(မိုးမခ) ဇူလိုင် ၁၀ ၊ ၂၀၂၃ ( ၁ ) နှစ်ပေါင်းများစွာကြာအောင် ရီဂေးနီပရီဂိုဇင်၏ ကြီးမားသော ပရိုက်ဗိတ်စစ်တပ်ကြီးသည် ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီကို ငြိမ်သက်အေးဆေးစွာ အကောင်အထည်ဖော်ပေးခဲ့ပါသည်။ သူ၏ ဝက်ဂနာအဖွဲ့ (Wagner Group)) မှ စစ်သားများသည် လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများတွင် ကရင်မလင်၏ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနည်းတူ ကျရှုံးသောနိုင်ငံများ (failed State) များ၊ စစ်ကြောင့် ပရမ်းပတာဖြစ်နေသော နိုင်ငံများမှ သယံဇာတပစ္စည်းများရရှိရေး၊ အမျိုးမျိုးသောပရောဂျက်များမှ...
ကိုသန်းလွင် - အေအိုင်၏အန္တရာယ်
(မိုးမခ) ဇွန် ၂၇ ၊ ၂၀၂၃ ( ၁ ) စက်မှုစီးပွားရေးတွင် ရှေ့တန်းရောက်နေကြသည့် ကုမ္ပဏီကြီး နှစ်ခုရှိရာ မိုက်ခရိုဆော့နှင့် အယ်လဖာဘက် (ဂူးဂဲလ်) (Alphabet/google) တို့သည် အေအိုင်(AI Artificial Intelligence) က လွှမ်းမိုးထားမည့် လူတို့၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးကြီးဆုံးနေရာသို့ ရောက်ရှိနေကြပါသည်။ ထိုသို့ ကုမ္ပဏီ နှစ်ခုတည်းသာ ရောက်ရှိနေကြခြင်းသည် ကောင်းသောသတင်း မဟုတ်ပါ။ သမိုင်းကြောင်းအရ ပြောရလျှင် သတင်း ဖြန့်ချိရေးတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း၏ လက်ထဲတွင် ရှိနေပါက နိုင်ငံရေးနှင့် စီးပွားရေး...
ကိုသန်းလွင် - မလေးရှားဝန်ကြီးချုပ် အန်နဝါ၏ ပြဿနာ
(မိုးမခ) ဇူလိုင် ၃ ၊ ၂၀၂၃ ( ၁ ) မလေးရှားနိုင်ငံတွင် ဇွန်လဆန်းက ကျင်းပခဲ့သော အန်နို (UMNO- United Malay National Organization) မလေးအမျိုးသားအစည်းအရုံး၏ နှစ်ပတ်လည်အစည်းအဝေးပွဲတွင် ထင်းရှားသော ဖြစ်ရပ်ကြီး နှစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ ၂၅ နှစ်ကျော်မျှ ပါတီမှ ထုတ်ပယ်ထားခြင်းခံရသူ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် တက်ရောက်လာခြင်းနှင့် နောက်ဖြစ်ရပ်မှာ ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်(Najib Razak) သည် အကျဉ်းချခြင်းခံထားရသဖြင့် မြင်ကွင်းမှ ပျောက်ကွယ်နေခြင်း...
ကိုသန်းလွင် - အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေဗီယို ဘာလပ်စကိုနီ (၁၀၃၆-၂၀၂၃)
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၃ ( ၁ ) ဆေဗီယို ဘတ်လပ်စကိုနီ (Salvio Belusconi) ခေါ်ကြမ်းတမ်းသော မီဒီယာပိုင်ရှင်ကြီးသည် အီတလီ တယ်လီဗီးရှင်းကို လွတ်လပ်သော ကိုယ်ပိုင်ချယ်နယ်များနှင့် တိုးတက်အောင် ပြုလုပ်ပေးခဲ့ပြီး လူတွေကို အမျိုးမျိုး ကွဲပြားသွားအောင် အုပ်ချုပ်၍ ရာဇဝတ်ပြစ်မှုများနှင့် အများဆုံးအစွဲခံရသူ ပုဂ္ဂိုလ်ကြီးသည် လွန်ခဲ့သော တနင်္လာနေ့ (ဇွန် ၁၂) က ကွယ်လွန်သွားခဲ့ပါပြီ။ အီတလီနိုင်ငံ၌ ၂၅ နှစ် တာကာလအတွင်း အရေးကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်လည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပါသည်။ သူ ကွယ်လွန်သည့်...
ကိုသန်းလွင် - ဆိုကရေးတီးနှင့် ဗုဒ္ဓဝါဒ
(မိုးမခ) ဇွန် ၉ ၊ ၂၀၂၃ ( ၁ ) တစ်ချိန်တုန်းက ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကျော်များ ရှိကြပါသည်။ နပိုလီယံ၊ မိုက်ကယ်ဂျက်ဆင်၊ အီလွန်မတ်၊ မတ်ဇူကာဘတ် စသည်ဖြင့် ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံ၍ မေးခွန်းမေးလိုစိတ် သင့်တွင် ဖြစ်ပေါ်ကောင်းဖြစ်ပေါ်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် (www.character.ai) ဟု ဆိုသော ဝက်ဆိုဒ်သို့ သွားလိုက်ပါ။ ထိုဝက်ဆိုဒ်တွင် ကျော်ကြားသူများကို တွေ့ဆုံနိုင်သလို သင် ခရီးသွားလို၍ အစီအစဉ်ဆွဲရန်၊ သင် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသော ပြဿနာများ၊ ဘာသာရပ်တခုကို လေ့လာခြင်း စသည့်...
ကိုသန်းလွင် - အေအိုင်နှင့်ပတ်သက်၍ သတိပြုစရာ
(မိုးမခ) မေ ၂၉ ၊ ၂၀၂၃ ( ၁ ) အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုမြို့မှ အသစ်ဖွင့်လှစ်သည့် Open AI ကုမ္ပဏီမှ ပထမဆုံး ချပ်ဂျီပီတီ (ChatGPT 3.5) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖြန့်ဝေခဲ့ပါသည်။ ထို့နောက် ဗားရှင်းအသစ် ဂျီပီတီ 4 ကို မတ်လ ၁၄ ရက်နေ့တွင် ထပ်မံထုတ်ဝေခဲ့ပါသည်။ ဗားရှင်းအသစ် ထွက်လာသည်နှင့် မကြာမီမှာပင် စက်မှုလုပ်ငန်းခေါင်းဆောင် ဦးရေ ၁,၀၀၀ ကျော်က ဤ ချပ်ဂျီပီတီနှင့် ပတ်သက်၍ အေအိုင်သုတေသနလုပ်ငန်းများကို ၆ လခန့် ခေတ္တရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံချက် စာတစောင် ထွက်ပေါ်လာပါသည်။ အေအိုင်၏...
ကိုသန်းလွင် - ပလတ်စတစ် အန္တရာယ်
(မိုးမခ) ဇွန် ၇ ၊ ၂၀၂၃ ( ၁ ) လူတို့၏ ကိုယ်ခန္ဓာအတွင်းတွင်လည်းကောင်း၊ လည်ပတ်နေသည့် သွေးကြောများတွင်လည်းကောင်း ပလတ်တစ်စများ ရှိနေကြပါသည်။ ၎င်းတို့ကို မမြင်ရပါ။ သို့သော် ၎င်းတို့သည်ကိုယ်ခန္ဓာ အတွင်းတွင်နေရာ အနှံ့ ရှိနေကြသည်။ ကျွန်တော်တို့ သောက်သည့် ရေများနှင့် စားသည့် အစားအစာများတွင်လည်း ပါရှိနေကြပါသည်။ ရှူရှိုက်လိုက်သည့် လေထဲမှာလည်း ပါမည်ထင်ပါသည်။ ထို့အတွက် ဘာတွေဖြစ်နိုင်မည်ဆိုခြင်းကို သေချာစွာ နားမလည်ကြသေးပါ။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းကို နားလည်လာကြသည်မှာ မကြာသေးသောကြောင့်ဖြစ်ပါသည်။...
ကိုသန်းလွင် - ဆိုဒီယမ် ဘက်ထရီ
(မိုးမခ) မေ ၁၆ ၊ ၂၀၂၃ ( ၁ ) တရုတ်ပြည်၏ အတွင်းပိုင်းကျသော ချန်ရှား (Changsha) နယ်တွင် ထောင်ပေါင်းများစွာသော ဓါတုဗေဒပညာရှင်များ၊ အင်ဂျင်နီယာများ ထုတ်လုပ်ရေး လုပ်သားများက ဘတ်ထရီ၏ နောက်ပိုင်းတွင် ဖြစ်လာမည့် ပုံစံအသစ်ကို ဖော်ဆောင်နေကြပါသည်။ မြို့တော်၏ အလယ်ပိုင်းနှင့် တောင်ပိုင်းကျသော အရပ်မှာရှိသည့် တက္ကသိုလ်တွင် ဘွဲ့ရလာသော ပညာတတ်များက ဤပရောဂျက်ကို အကောင်အထည်ဖော်နေကြခြင်း ဖြစ်ပါသည်။ စကင်းဖို့ဒ် တက္ကသိုလ်ကျောင်းဆင်းများက မိုက်ခရိုချစ်ပ များနှင့် ဆီလီကွန်း တောင်ကြားကို ဖန်တီးသည်နှင့် ဆင်ဆင်တူလှပါသည်။...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Ko Than
Contact Ko Than, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack