မိုးမခ၊ ဧပြီ ၁၆၊ ၂၀၂၅ ရိုးရာသင်္ကြန်နဲ့ မတူညီတဲ့ ဘဝတွေ နှစ်စဥ် ဧပြီလ ၁၃ ရက် သို့မဟုတ် ၁၂ ရက်နေ့ကနေ ၄ ရက်တာ ရေကစားကြတဲ့ မြန်မာ့ရိုးရာ သင်္ကြန်က ယခုနှစ်မှာတော့ ပြည်တွင်းစစ်က တဖက် အခြားတဖက်မှာ ငလျင်ဘေးဒဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခံစားကြရတဲ့ ဒုက္ခက တဖက်နဲ့ ဘယ်လိုဖြတ်သန်းရမလဲဆိုတာ အမျိုးမျိုး အမြင်တွေ ကွဲပြားနေကြတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခဲ့တဲ့ မန္တလေး၊ စစ်ကိုင်း၊ ပျဥ်းမနား၊ နေပြည်တော်နဲ့ အခြားသောမြို့တွေ ဒေသတွေမှာ လူ ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့...
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Myanmar Spring Revolution
ငလျင်ဘေးကနေ ငြိမ်းချမ်းရေး လမ်းစပေါ်မလား ဆိုတဲ့ မျှော်လင့်ချက် ပျက်ပြယ်
မိုးမခ၊ ဧပြီ ၁၃၊ ၂၀၂၅ ငလျင်ဘေးကနေ ငြိမ်းချမ်းရေး လမ်းစပေါ်မလား ဆိုတဲ့ မျှော်လင့်ချက် ပျက်ပြယ် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသရဲ့ အချက်အချာ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ ပျဥ်းမနားတို့မှာ ထိခိုက်ပျက်စီးမှု အများအပြားဖြစ်စေခဲ့တဲ့ ငလျင်ကပ်ဘေးရဲ့ အကျိုးဆက်တွေဖြစ်တဲ လူသေဆုံးမှု၊ နေအိမ်ပျက်စီးမှု နဲ့ လမ်းပန်းဆက်သွယ်ရေး တံတား၊ လမ်းလည်း ပျက်စီးသလို လူအများရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ဆေးရုံတွေ ထိခိုက်ပျက်စီးနေချိန်၊ စာသင် ကျောင်းတွေ ထိခိုက်ပျက်စီးကာ...
အင်အားအတန်အသင့် ပြင်းတဲ့ ငလျင်တွေ လှုပ်ခတ်နေဆဲ မန္တလေး၊ စစ်ကိုင်း နဲ့ အာဆီယံက မင်းအောင်လှိုင်နဲ့ တွေ့မယ်
မိုးမခ၊ ဧပြီ ၁၄၊ ၂၀၂၅ အင်အားအတန်အသင့် ပြင်းတဲ့ ငလျင်တွေ လှုပ်ခတ်နေဆဲ မန္တလေး၊ စစ်ကိုင်း နဲ့ အာဆီယံက မင်းအောင်လှိုင်နဲ့ တွေ့မယ် မတ်လ ၂၈ ရက်နေ့က ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး နောက် သီတင်း ၂ ပတ်ကျော်ကြာလာတဲ့ အထိ ငလျင်ငယ်ပေါင်း အကြိမ်ရာနဲ့ချီ လှုပ်ခတ်နေဆဲဖြစ်သလို အင်အားအတန်အသင့်ပြင်းတဲ့ ငလျင်တွေလည်း ဆက်လက်လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။ မတ်လ ၁၃ ရက်နေ့ နံနက် ၈နာရီ ၅၅ မိနစ်ဝန်းကျင်မှာ ရစ်ချ်တာစကေး ၅.၅ အဆင့်ရှိတဲ့ ငလျင် ထပ်ပြီး လှုပ်ခဲ့ရာမှာ အဆောက်အဦ ၂ လုံး ပြိုကျတာတွေ...
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေချိန် ကမ္ဘာကြီးမှာ ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်ပြန်
မိုးမခ၊ ဧပြီ ၁၀ ၊ ၂၀၂၅ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေချိန် ကမ္ဘာကြီးမှာ ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်ပြန် ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် နကိုက ငြိမ်းလုဖြစ်နေတဲ့ ပြည်တွင်းစစ်မီးအပေါ် လောင်စာတွေနဲ့ မီးတောက်တွေ အများအပြား ကျရောက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့ ပြည်တွင်းစစ်၊ ခေတ်သစ် မြန်မာနိုင်ငံသမိုင်းမှာ အသေအပျောက်၊ အပျက်အစီး အများဆုံး ပြည်တွင်းစစ် အဖြစ်ကို ရောက်ရှိလာနေပါတယ်။ မြန်မာနိုင်ငံလိုပဲ ပြည်တွင်းစစ်နဲ့ နိုင်ငံအချင်းချင်း ဖြစ်တဲ့စစ်တွေလည်း ကမ္ဘာမှာ ဟိုနားသည်နားမှာ...
ARSA တည်ထောင်သူ ခေါင်းဆောင်နှင့် ၉ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး
မိုးမခ၊ မတ် ၁၉၊ ၂၀၂၅ ARSA တည်ထောင်သူ ခေါင်းဆောင်နှင့် ၉ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး ၂၀၁၆ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လတွေမှာ ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲကင်း၊ ရဲစခန်းတွေကို စတင်တိုက်ခိုက်ခဲ့ရာက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်ပွားလာခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တည်ထောင်သူနဲ့ ခေါင်းဆောင်ဖြစ်သူ အက်တာအူလာ အဘူအမာဂျူနူနီ ကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ RAB က မတ်လ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အခုလို ဆယ်စုနှစ် တခုကျော်ကြာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ အခြေစိုက်ပြီး...
KIA က မံစီမြို့ အလုံးစုံ သိမ်းယူ၊ စစ်ကောင်စီရဲ့ မြောက်ပိုင်း မဟာဗျူဟာလမ်းကြောင်း
မိုးမခ၊ ဇန်နဝါရီ ၉၊ ၂၀၂၅ KIA က မံစီမြို့ အလုံးစုံ သိမ်းယူ၊ စစ်ကောင်စီရဲ့ မြောက်ပိုင်း မဟာဗျူဟာလမ်းကြောင်း ကချင်ပြည်နယ် အရှေ့ဘက်မြို့တွေ ဖြစ်တဲ့ မံစီနဲ့ ဗန်းမော်မြို့တွေမှာ စစ်ကောင်စီတပ်တွေရဲ့ အခြေစိုက် တပ်ရင်းတွေ နဲ့ မြို့ကို သိမ်းယူဖို့ လတ်တလော KIA ရဲ့ ထိုးစစ်ဆင်မှုမှာ သီတင်းပတ်နဲ့ချီ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်နေ့မှာတော့ KIA လက်နက်ကိုင်တပ်ဖွဲ့က မံစီမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြထားကြပါတယ်။ မံစီမြို့ထက် ကြီးတဲ့...
မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်၍ ဥရောပ သမဂ္ဂနဲ့ အခြား ၉ နိုင်ငံ ကြေညာချက်ထုတ်ပြန်
မိုးမခ၊ ဇန်နဝါရီ ၈၊ ၂၀၂၅ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်၍ ဥရောပ သမဂ္ဂနဲ့ အခြား ၉ နိုင်ငံ ကြေညာချက်ထုတ်ပြန် ဥရောပသမဂ္ဂအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု၊ နော်ဝေ၊ ကိုးရီးယား သမ္မတနိုင်ငံ၊ တီမောလက်စ်တေ၊ သြစတေလျ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယူးဇီလန်နှင့် ယူကေတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်သည် ကြေညာချက်တစောင်ကို ဇန်နဝါရီ ၇ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ကြပါတယ်။ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးရွားလာသည့်...
MNDAA ရဲ့ အပစ်ရပ်မယ်ဆိုတဲ့ နောက်ထပ် ကြေညာချက်ထုတ်ပြန်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၄ MNDAA ရဲ့ အပစ်ရပ်မယ်ဆိုတဲ့ နောက်ထပ် ကြေညာချက်ထုတ်ပြန် လားရှိုးမြို့ကို သိမ်းယူဖို့ တိုက်ခိုက်နေတဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA က ဇူလိုင်လ ၁၄ ရက်နေ့ ညသန်းခေါင်ကနေ ၁၈ ရက်နေ့အထိ ၄ ရက်တာ တဖက်သတ်အပစ်ရပ်မယ် ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နောက်တပတ်အကြာ ဇူလိုင်လ ၁၉ ရက်နေ့ နေ့စွဲနဲ့ ဒုတိယမြောက် တဖက်သတ်အပစ်ရပ်မယ် ဆိုတဲ့ ထုတ်ပြန်ချက်တရပ် ထပ်မံထွက်ပေါ်လာပြန်ပါတယ်။ ပထမထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုခြင်းနဲ့ တရုတ်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့...
ပြည်တွင်းစစ်နဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် တရစ်ပြီးတရစ် ကျပ်တည်းလာတဲ့ လူထုရဲ့ ဒုက္ခ
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၄ ပြည်တွင်းစစ်နဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် တရစ်ပြီးတရစ် ကျပ်တည်းလာတဲ့ လူထုရဲ့ ဒုက္ခ ပြည်တွင်းစစ်ပွဲ တွေအတွင်း လူထုရဲ့ ခံစားရတဲ့ ဒုက္ခတွေက နေ့စဥ်သတင်းနဲ့ ဆိုရှယ်မီဒီယာပေါ်က အကြောင်းအရာတွေထဲ အမျိုးမျိုးသော ပုံစံနဲ့ ကြားသိနေကြရတာ ဖြစ်ပြီးနေ့စဥ် ကြုံနေကြ၊ ကြားနေကြရတဲ့ ဖြစ်ရပ်တွေ၊ ဒုက္ခတွေ ဖြစ်လို့ ကြားသိရသူ အနေနဲ့ စိတ်ခံစားချက်တွေ ထုံနေပြီလား လို့တောင် ယူဆရတဲ့ အနေအထားကို ရောက်ရှိလာနေတာ ဖြစ်ပါတယ်။ အသက်ဆုံးရှုံးမှုနဲ့ အသက်အန္တရာယ် တိုက်ရိုက်ခြိမ်းခြောက်ခံရမှု၊...
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ၄ ရက်ကြာ တဖက်သတ်အပစ်ရပ် မယ်လို့ကြေညာ
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၄ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ၄ ရက်ကြာ တဖက်သတ်အပစ်ရပ် မယ်လို့ကြေညာ လားရှိုးမြို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA က ဇူလိုင်လ ၁၄ ရက်နေ့ ည သန်းခေါင်မှ စတင်ပြီး ၁၈ ရက်နေ့ထိ ၄ ရက်တာ တဖက်သတ် အပစ်ရပ်မယ်လို့ ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အပစ်ရပ်ရခြင်း အကြောင်းကိုဖေါ်ပြရာမှာ ခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ စုံညီ အစည်းအဝေးကျင်းပဖို့ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့...
စစ်ကောင်စီတပ်နဲ့ သဘောတူညီမှုရပြီး မိုင်းရယ်မြို့ထဲ SSPP တပ်တွေ ဝင်ရောက်လာ
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၄ စစ်ကောင်စီတပ်နဲ့ သဘောတူညီမှုရပြီး မိုင်းရယ်မြို့ထဲ SSPP တပ်တွေ ဝင်ရောက်လာ ဇူလိုင်လ ၁၁ ရက်မှာ ထောင်နဲ့ချီတဲ့UWSA တပ်ဖွဲ့ဝင်တွေ တန့်ယန်းမြို့ထဲ ဝင်ရောက်လာကြတဲ့ အဖြစ်အပျက်ဖြစ်ပွားပြီး ၂ ရက်အကြာမှာ မိုင်းရယ်မြို့ထဲကို သျှမ်းပြည်တိုးတက်ရေးပါတီရဲ့ လက်နက်ကိုင်အဖွဲ့ SSPP/SSA တပ်တွေ ရာနဲ့ချီ မိုင်းရယ်မြို့ထဲ ဝင်ရောက်လာကြပြန်ပါတယ်။ အဆိုပါ မြို့နှစ်မြို့လုံးက လက်ရှိ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်ပြီး စစ်ကောင်စီနဲ့ အထက်ပါ လက်နက်ကိုင် ၂ ဖွဲ့အကြား သဘောတူညီမှု...
UWSA ကို အခွင့်အရေးပေးပြီး ရှမ်းမြောက်ရဲ့ စစ်ရေး ချိန်ခွင်လျှာ ညှိဖို့ ကြိုးစားတာလား၊ မန္တလေးမြို့မှာ စစ်ရေးကြိုတင်ပြင်ဆင်မှုရှိနေ
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၄ UWSA ကို အခွင့်အရေးပေးပြီး ရှမ်းမြောက်ရဲ့ စစ်ရေး ချိန်ခွင်လျှာ ညှိဖို့ ကြိုးစားတာလား၊ မန္တလေးမြို့မှာ စစ်ရေးကြိုတင်ပြင်ဆင်မှုရှိနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လားရှိုးမြို့ရဲ့ အရှေ့တောင်ဘက် အရပ်မှာ ရှိပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေနဲ့ လားရှိုးခရိုင်အကြားမှာ ရှိတဲ့မြို့နယ်ဖြစ်ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေထဲ ပါဝင်တဲ့ဒေသတော့ မဟုတ်ပါဘူး။ စစ်အာဏာ မသိမ်းမီနဲ့ လက်ရှိအနေအထားအထိ စစ်ကောင်စီတပ်တွေ ထိန်းချုပ်နယ်မြေ ဖြစ်ပြီး အရှေ့ဘက်မှာ ဝ နယ်နဲ့...
ရှမ်းမြောက်တိုက်ပွဲတွေ အတွင်း UWSA ရဲ့ အခန်းကဏ္ဍ ၊အများသတိမမူမိကြတဲ့ ငွေကြေးအရ လွတ်မြောက်ရေး
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၄ ရှမ်းမြောက်တိုက်ပွဲတွေ အတွင်း UWSA ရဲ့ အခန်းကဏ္ဍ ၊အများသတိမမူမိကြတဲ့ ငွေကြေးအရ လွတ်မြောက်ရေး ဇူလိုင်လ ၁၁ ရက်နေ့ သတင်းတွေမှာတော့ စစ်သည်အင်အား ထောင်ချီပါရှိတဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က လက်နက်ကိုင်တပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိသေးတဲ့ တန့်ယန်းမြို့ထဲကို ဝင်ရောက်လာတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မီဒီယာတွေမှာ ပေါ်ထွက်လာပြီးနောက် သတင်းဌာနတွေက အတည်ပြုဖို့ ကြိုးစားခဲ့ကြပါတယ်။ UWSA အလံတပ်ဆင်ထားတဲ့ စစ်ထရပ်ကားတွေ...
အကူအညီ မမျှော်လင့်နိုင်တဲ့ ကျရှုံးနိုင်ငံက သဘာဝဘေးအန္တရာယ်
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၄ အကူအညီ မမျှော်လင့်နိုင်တဲ့ ကျရှုံးနိုင်ငံက သဘာဝဘေးအန္တရာယ် အယ်လ်နီညို ဖြစ်စဥ် ဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ် အစ နွေရာသီ အကုန်ထိ အစွမ်းကုန် ပူပြင်းခဲ့ပြီးနောက်မြန်မာနိုင်ငံတို့လို ရာသီဥတု ၃ ရာသီရှိတဲ့ နိုင်ငံတွေရဲ့ ၂၀၂၄ ရဲ့ မိုးရာသီမှာတော့ ပုံမှန်ထက် မိုးပိုမိုရွာသွန်းနေပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာ ရေဘေးအန္တရာယ် ကျရောက်လာနေပြီဖြစ်ပါတယ်။ ကချင်ပြည်နယ် ဇွန်လကုန်စတင်ကာ ဇူလိုင်လဆန်း ရက်တွေမှာ...
ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၂)
(မိုးမခ) ဇွန် ၁၀ ၊ ၂၀၂၄ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ အာဏာအကြောင်း အနည်းအကျဥ်း မိတ်ဆက်ခဲ့ကြပါတယ်။ အာဏာ (Power) ဆိုတာ လေးနက်ပြီး နက်နဲကျယ်ဝန်းတယ်လို့ ပညာရှင်များ သုံးသပ်ကြပါတယ်။ မိသားစုအတွင်း အာဏာ တည်ဆောက်တာကစပြီး နိုင်ငံအာဏာ တည်ဆောက်တာ အဆုံး၊အာဏာတည်ဆောက်မှုဟာ အရေးပါလေ့ ရှိပါတယ်။ အာဏာကို အာဏာရှင်စနစ်နဲ့ အကြမ်းဖက်တည်ဆောက်မှာလား၊ ဒါမှမဟုတ် အာဏာကို လူထု ဆန္ဒနဲ့အညီ တည်ဆောက်မှာလားဆိုတဲ့ အာဏာတည်ဆောက်မှုသဏ္ဌာန်ကလည်း အဆုံးအဖြတ်အခန်းမှာ ပါလာပြန်ပါတယ်။ ဒီအတွက် ကျနော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ...
မြန်မာ့အရေး၊ တရုတ်နိုင်ငံ နဲ့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၄ မြန်မာ့အရေး၊ တရုတ်နိုင်ငံ နဲ့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ လက်ရှိ ရှမ်းမြောက်မှာ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့လို့ အမည်ပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ဒုတိယအကျော့ စစ်ဆင်ရေး အနေနဲ့ မြို့တွေ နယ်မြေဒေသတွေက စစ်စခန်းတွေကို သိမ်းယူဖို့ ရည်မှန်းချက်ထားတဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာ သီတင်း၂ ပတ်ကျော် ရှိလာပြီဖြစ်ပါတယ်။ ယခု နှစ် ဇန်နဝါရီ ၁၁-၁၂ ရက်ဝန်းကျင်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေး သဘောတူခဲ့ကြတဲ့ ဟိုင်ဂင် အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တယ်ဆိုတဲ့...
သီပေါ မြို့အနီး TNLA နဲ့ SSPP/SSA တို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားက ပဋိပက္ခ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၅ မြင်ကွင်း (မိုးမခ) ဇူလိုင် ၆၊ ၂၀၂၄ သီပေါ မြို့အနီး TNLA နဲ့ SSPP/SSA တို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားက ပဋိပက္ခ ရှမ်းမြောက်ဒေသရဲ့ မြို့အတော်များများနဲ့ မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းပေါ်က မြို့တချို့ကို တိုက်ခိုက်သိမ်းယူထားခဲ့တဲ့ TNLA လက်နက်ကိုင် အဖွဲ့နဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ကြီး ၂ ဖွဲ့အနက်က တဖွဲ့ဖြစ်တဲ့ SSPP/SSA အဖွဲ့တို့ ထိတွေ့တိုက်ပွဲ နောက်တကြိမ် ထပ်မံဖြစ်ပွားခဲ့တဲ့ သတင်း ထွက်ပေါ်လာပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က...
ဒုက္ခပေါ် ဒုက္ခဆင့်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ပေးဆပ်မှုအတွက် ထိုက်တန်တဲ့ အောင်မြင်မှုရဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၄ ဒုက္ခပေါ် ဒုက္ခဆင့်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ပေးဆပ်မှုအတွက် ထိုက်တန်တဲ့ အောင်မြင်မှုရဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ မြန်မာပြည်က ပြည်သူတွေရဲ့ နေ့စဥ်ဘဝတွေက ဒုက္ခတွေအပေါ် ဒုက္ခထပ်ဆင့်တဲ့ အနေအထားထဲ သက်ဆင်းနေတာ တွေ့ကြုံနေကြရတာပါ။ ဒီနေ့ ကြုံရတဲ့ ဒုက္ခက အဆိုးဆုံးလို့ ယူဆနေချိန်မှာပင် နောက်တရက် ရင်ဆိုင်ရတဲ့ ဒုက္ခတွေက မနေ့ကထက်ပိုမို ဆိုးရွားလာတဲ့ အသစ်သော အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ကျော်ဖြတ်ဖို့ မလွယ်ကူဘူးလို့ ထင်မြင်ရလောက်အောင် စိန်ခေါ်မှု အသစ်တွေ၊ ပိုမိုခက်ခဲတဲ့ အခက်အခဲတွေက...
အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေး အလေးမထားကြတဲ့ ရှမ်းမြောက်ဒေသရဲ့ အခြေအနေ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၇ မြင်ကွင်း (မိုးမခ) ဇူလိုင် ၈၊ ၂၀၂၄ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေး အလေးမထားကြတဲ့ ရှမ်းမြောက်ဒေသရဲ့ အခြေအနေ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ နဲ့ နောင်ချို ဒေသတို့မှာ စစ်ကောင်စီ စစ်စခန်းတွေကို နယ်မြေခွဲဝေကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက တပြိုင်ထည်းလိုလို တိုက်ခိုက်နေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား နယ်မြေစိုးမိုးခွင့်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ခြင်း ထိပ်တိုက်တွေ့မှု၊ လက်နက်ကိုင် ပဋိပက္ခဖြစ်မှုတွေလည်း ရှိနေသလို၊...
လားရှိုးမြို့ သိမ်းဖို့ တိုက်ခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှု မြင့်တက်လာ
(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၄ လားရှိုးမြို့ သိမ်းဖို့ တိုက်ခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှု မြင့်တက်လာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေနဲ့ စစ်စခန်းအချို့ကို မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့နဲ့ ဒေသခံ PDF အချို့တို့ တိုက်ခိုက်နေတယ်လို့ သတင်းဖေါ်ပြနေကြပြီး ကာယကံရှင် မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ကတော့ အခု ဒုတိယအကျော့ စစ်ဆင်ရေး နဲ့ ပတ်သက်လို့ ခုချိန်ထိ ထုတ်ပြန်ချက် ထုတ်ပြန်တာ မရှိသေးပါဘူး။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ ဟိုင်ဂင် သဘောတူညီချက်ကို...
ရှမ်းမြောက်က တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးကို သိမ်းယူဖို့ ရည်မှန်းချက်ထားတဲ့ တိုက်ပွဲစတင်
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၄ ရှမ်းမြောက်က တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးကို သိမ်းယူဖို့ ရည်မှန်းချက်ထားတဲ့ တိုက်ပွဲစတင် ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ကျောက်မဲမြို့၊ မိုးကုတ်၊ နောင်ချိုတို့မှာ တိုက်ခိုက်နေပြီး လားရှိုးမြို့ကိုတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA က တိုက်ခိုက်ဖို့ တာဝန်ခွဲဝေယူထားတဲ့ သဘောမျိုး တွေ့လာရပြီး ဒုတိယအကျော့ စစ်ဆင်ရေး စတင်ပြီး တပတ်ကျော် အကြာမှာ လားရှိုးမြို့ အနီးပတ်ပတ်လည်မှာ တိုက်ပွဲတွေစတင် ဖြစ်ပွားလာနေတဲ့ သတင်းတွေ တွေ့လာရတာ ဖြစ်ပါတယ်။...
ရခိုင်အမျိုးသားပါတီ ANP မှတ်ပုံတင်ခွင့် ပယ်ဖျက်၊ မန္တလေးကို ဦးတည်လာတဲ့ စစ်ဆင်ရေး
(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၄ ရခိုင်အမျိုးသားပါတီ ANP မှတ်ပုံတင်ခွင့် ပယ်ဖျက်၊ မန္တလေးကို ဦးတည်လာတဲ့ စစ်ဆင်ရေး၊ ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရခိုင်အမျိုးသားပါတီ ANP က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ်ပုံတင် လျှောက်ထားခြင်းကို ပယ်ချလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူထုထောက်ခံမှု အများဆုံးရရှိတဲ့ နိုင်ငံရေး ပါတီတပါတီဖြစ်တဲ့ ANP ပါတီဟာ ၂၀၁၅...
ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁)
(မိုးမခ) ဇွန် ၂ ၊ ၂၀၂၄ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဖြစ်စဥ်တွေကို အဲဒီဖြစ်စဥ်တွေအတွင်းမှာရှိတဲ့ ရုပ် ဘဝတွေက အဓိက ပြဋ္ဌာန်းကြတာချည်း ဖြစ်ပါတယ်။ ဆိုလိုချင်တာက အတွင်းပဋိပက္ခတွေကသာ ကောင်းခြင်း၊ ဆိုးခြင်း ဆိုတဲ့ ပြောင်းလဲမှုဖြစ်စဥ်တွေကို အဓိကမောင်းနှင်အားတခုအဖြစ် လှည့်ပြောင်းလေ့ရှိပါတယ်။ သေချာတာက ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်း တော်လှန်ရေး ဆိုတဲ့ အပြောင်းအလဲ ဆိုတာကိုလည်း ရန်သူက ပြဋ္ဌာန်းပေးလိုက်တာလို့ ပြောရပါလိမ့်မယ်။ ဒါဟာ အတွင်းပဋိပက္ခပဲ ဖြစ်သလို လက်တွေ့ရုပ်ဘဝလည်း ဖြစ်ပါတယ်။...
နယ်ပယ်အသီးသီးက စီးပွားရေး လုပ်ငန်းတွေကို အရေးယူနေတဲ့ စစ်ကောင်စီ
(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၄ နယ်ပယ်အသီးသီးက စီးပွားရေး လုပ်ငန်းတွေကို အရေးယူနေတဲ့ စစ်ကောင်စီ ငွေကြေး ဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်လာမှုတွေကို စစ်ကောင်စီအနေနဲ့ ၄င်းမူဝါဒအလွဲ၊ ခြစားမှု နဲ့ ပြည်တွင်းစစ်ဖြစ်ပွားခြင်းရဲ့ အကျိုးဆက် အဖြစ် ရှုမြင်ခြင်းမရှိဘဲ စီးပွားရေး နယ်ပယ်က လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေကို အပြစ်ပုံချတာ တနည်းအားဖြင့် လက်သည်ရှာခြင်းအားဖြင့် အမှားတွေ တခုပြီးတခု ကျူးလွန်နေရာမှာ ခုနောက်ဆုံးအရေးယူမယ့် နယ်ပယ် ၂ ခုကတော့ ဆန်ရောင်းဝယ်သူ၊ တင်ပို့သူတွေ၊ ဆန်လက်လီရောင်းဝယ်တဲ့...
ရှမ်းမြောက်က စစ်ဘေးရှောင်တွေရဲ့ အကျပ်အတည်း
(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၄ ရှမ်းမြောက်က စစ်ဘေးရှောင်တွေရဲ့ အကျပ်အတည်း သီပေါနဲ့ ကျောက်မဲ အကြားက ဖောက်ခွဲချိုးဖျက်ခံထားရတဲ့ တံတားတစင်း ရဲ့ စောက်မတ်တဲ့ ဆင်ခြေလျောမှာ လူတွေဆင်းတက်နိုင်ဖို့ ကြိုးတချောင်းကို ချည်နှောင်ထားပြီး ကြိုးကို တွယ်ဆင်းနေတဲ့ သီလရှင်ငယ် ၁၀ ပါးခန့်ရဲ့ ပုံကို ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံက လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့လာပါတယ်။ နောက်ဓါတ်ပုံတပုံကတော့ လမ်းမလျှောက်နိုင်တဲ့ ကျန်းမာရေးမကောင်းသူကလည်း အဆိုပါ တံတားမှာ ကြိုးနဲ့ နောက်ပြန်လျောဆင်းတာကို လူ ၃/၄ ဦးက ဝိုင်းကူညီဖေးမနေကြတဲ့...
ရှမ်းမြောက်က စစ်ပွဲတွေနဲ့ မြင့်တက်လာတဲ့ အရပ်သား သေဆုံးမှု၊ ကျယ်ပြန့်လာတဲ့ စစ်ဘောင်
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၄ ရှမ်းမြောက်က စစ်ပွဲတွေနဲ့ မြင့်တက်လာတဲ့ အရပ်သား သေဆုံးမှု၊ ကျယ်ပြန့်လာတဲ့ စစ်ဘောင် ခုရက်ပိုင်း နားဆင်၊ ဖတ်ရှုနေကြရသည့် ရှမ်းမြောက်က စစ်ပွဲသတင်းတွေ၊ မြို့တွေကို သိမ်းယူဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်၊ ဝိုင်းပတ်တိုက်ခိုက်မှုတွေ၊ တံတားတွေ ဖျက်ဆီးတာတွေ၊ လက်နက်ကိုင်အဖွဲ့တွေက လမ်းခရီး သွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားတာတွေ၊ မြို့တွေ လူနေရပ်ကွက်တွေ အပေါ် အမြောက်ကျည်၊ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကျတာတွေ၊ ဒရုန်းဗုံးကျရောက်တာတွေကြောင့် အရပ်သားသေဆုံးရတဲ့ အဖြစ်တွေ၊...
စစ်ဆင်ရေးတွေက ပုံဖော်လာတဲ့ စစ်ရေးရပ်တည်ချက်၊ နိုင်ငံရေးရပ်တည်ချက် နဲ့ ဘုံသဘောတူညီချက်
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၄ စစ်ဆင်ရေးတွေက ပုံဖော်လာတဲ့ စစ်ရေးရပ်တည်ချက်၊ နိုင်ငံရေးရပ်တည်ချက် နဲ့ ဘုံသဘောတူညီချက် ဒီနေ့ထူးခြားတဲ့သတင်းတပုဒ်ကတော့ ယခင်သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်ပြည်က နိုင်ငံတော်ခရီးစဉ်တခုအဖြစ် ဖိတ်ကြားပြီး ‘‘ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်ခဲ့တဲ့ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနား’’ ကို တက်ရောက်ခဲ့တာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ တရုတ်ပြည်၏ သမ္မတကြီး ရှီကျင့်ပင်းကိုယ်တိုင် တက်ရောက်ပြီး စစ်အုပ်စုဝင် သမ္မတဟောင်း ဦးသိန်းစိန်က်ု တွေ့ဆုံနှုတ်ဆက်တဲ့ ဓာတ်ပုံတွေပါ...
သံဃာတွေ ကံဆောင်လာကြတဲ့ အကျိုးသက်ရောက်နိုင်ခြေ
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၄ သံဃာတွေ ကံဆောင်လာကြတဲ့ အကျိုးသက်ရောက်နိုင်ခြေ ဗုဒ္ဓစာပေ ကျမ်းဂန်နဲ့ ပရိယတ္တိနယ်စာသင်တိုက်ကြီး အဖြစ် ထင်ရှားကြော်ကြားတဲ့ ပဲခူးမြို့က ဝင်းနိမ္မိတာရုံ ကျောင်းတိုက်က ဆရာတော် စစ်ကောင်စီတပ်က ပစ်ခတ်မှုနဲ့ ပျံတော်မူခဲ့တဲ့ အဖြစ်က သံဃာတွေ ကံဆောင်ကြဖို့ နှိုးဆော်မှုတရပ် ပေါ်ထွက်လာစေခဲ့ပြီး စစ်တပ်ရဲ့ အုပ်ချုပ်ရေး သက်ရောက်မှု အားနည်းတဲ့ ဒေသတွေလို့ ဆိုနိုင်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက သံဃာအဖွဲ့အစည်းတွေနဲ့ ကျောင်းတိုက်တွေက ကံဆောင်မှု...
ဒုတိယအကျော့ စစ်ဆင်ရေးနဲ့ စစ်ကောင်စီနဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု
(မိုးမခ) ဇွန် ၂၇၊ ၂၀၂၄ ဒုတိယအကျော့ စစ်ဆင်ရေးနဲ့ စစ်ကောင်စီနဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီ တို့အကြား ပြီးခဲ့တဲ့ နှစ်ဆန်းကတည်းက စစ်စခန်းတွေ၊ နယ်မြေသိမ်းတိုက်ပွဲတွေ နဲ့ မြို့အချို့ကို သိမ်းယူဖို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ နမ့်ဖတ်ကာ၊ ဝိုင်းမော်၊ မိုးမိတ်၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ မံစီ စတဲ့ ဒေသအနှံ့အပြား တနေရာပြီး တနေရာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အများစုသော တိုက်ပွဲတွေမှာ KIA က အနိုင်ရခဲ့ပြီး စစ်စခန်းတွေ အများအပြား သိမ်းယူခဲ့တာ...
စစ်ပွဲရဲ့ ပရိယာယ်တွေအကြားက သတင်းမီဒီယာနဲ့ လူထု၊ ဆန်၊ ဆီ တန်းစီတဲ့ခေတ် ပြန်ရောက်တော့မလား
(မိုးမခ) ဇွန် ၂၅၊ ၂၀၂၄ စစ်ပွဲရဲ့ ပရိယာယ်တွေအကြားက သတင်းမီဒီယာနဲ့ လူထု၊ ဆန်၊ ဆီ တန်းစီတဲ့ခေတ် ပြန်ရောက်တော့မလား ယမန်နေ့က ထွက်ပေါ်လာတဲ့ သတင်းတွေက ရခိုင်ပြည်နယ် တောင်ပိုင်းက မြန်မာနိုင်ငံမှာ အလှဆုံး ပင်လယ်ကမ်းခြေ ငပလီလေဆိပ်ကို Arakan Army က သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ သတင်းက AA ဘက်က သတင်းအရင်းအမြစ်တချို့ကို ကိုးကား၍ တခုမကတဲ့ သတင်းဌာနတွေက ငပလီလေဆိပ် ကို AA သိမ်းယူ၊ ထိန်းချုပ် အစရှိသည့် သတင်းခေါင်းစဥ်များဖြင့် ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ့ခရော်နီကယ်ကလည်း သံတွဲမြို့နယ်က ငပလီလေဆိပ်...
ငပလီလေဆိပ် AA သိမ်းယူ၊ ကောလင်းမြို့က တိမ်းရှောင်ခဲ့ကြရတဲ့ သောင်းနဲ့ ချီတဲ့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၄ ငပလီလေဆိပ် AA သိမ်းယူ၊ ကောလင်းမြို့က တိမ်းရှောင်ခဲ့ကြရတဲ့ သောင်းနဲ့ ချီတဲ့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်က ကမ္ဘာသိ အပန်းဖြေကမ်းခြေ နေရာတခုဖြစ်တဲ့ ငပလီပင်လယ်ကမ်းခြေ နဲ့ ဆက်စပ်နေတဲ့ ငပလီလေဆိပ် အနီးက တပ်ရင်းစခန်းတွေကို သီတင်းပတ်အကြာ AA လက်နက်ကိုင် အဖွဲ့က စစ်ဆင်တိုက်ခိုက်နေခဲ့ရာမှာ ဇွန်လ ၂၃ ရက်မှာတော့ ငပလီ အနီးက တပ်ရင်း စခန်း ၂ ခုနဲ့အတူ လေဆိပ်ကိုပါ သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေ...
လေခဏီ - စစ်ဆင်းရဲ
(မိုးမခ) ဇွန် ၂၃ ၊ ၂၀၂၄ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ရုပ်အလောင်းဟာ စစ်ဘီလူးတွေရဲ့ အသားကျနေတဲ့ပစ်ခတ်သတ်ဖြတ်မှုသရုပ်ကို ဖော်ပြမှုတခုသာ။ စစ်အာဏာသိမ်းပြီးကထဲက ခေတ်ပြောင်းခေါင်းပစ်လို့ ဝစီပိတ်ဆရာတော် မိန့်တော်မူပြီး ဘီလူးကို ရာဘဆေး ကျွေးသည့်အတိုင်း မြင်ရာလူလူ ဘုန်းကြီး ဘုန်းကြီး ကလေး လူကြီး အဘိုး အဘွား ကျား မ မခွဲခြား တွေ့ရာနေရာမှာ အဆင်ခြင်မဲ့ပစ်သတ်နေသည်မှာ လူပေါင်းထောင်ချီပြီ။ အဲသလို ခွေးသရမ်းကြီး လွတ်နေသည်မှာ ကြာပြီဖြစ်ပေမယ့် သံဃာလောကကလည်း မပြောသာခဲ့။ ပထမဆုံး CDM လုပ်ခဲ့သည့် အဖွဲ့အစည်းမှာ မဟန...
ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ ကုန်သည်အသင်းနဲ့ လုပ်ငန်းရှင်တွေ စစ်မေးထိန်းသိမ်းခံနေရ
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၄ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ ကုန်သည်အသင်းနဲ့ လုပ်ငန်းရှင်တွေ စစ်မေးထိန်းသိမ်းခံနေရ စစ်ကောင်စီ အနေနဲ့ ရွှေဈေး၊ စားသုံးဆီဈေးမြင့်တက်တာတွေ မြန်မာကျပ်ငွေ ဈေးကျတာတွေ အတွက် ရွှေဆိုင်လုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင် နဲ့ ငွေလဲလုပ်ငန်းလုပ်သူတွေ ကို ဖမ်းဆီးတာ ထိန်းသိမ်းတာတွေ လုပ်ပြီး မကြာခင်မှာပဲ ဆန်ဈေးမြင့်တက်လာတာ အတွက် ဆန်စပါး အသင်းက တာဝန်ရှိသူ၊ ဘုရင့်နောင်ပွဲရုံတန်းက လုပ်ငန်းရှင်တချို့ကို ထိန်းသိမ်း စစ်မေးနေတဲ့ သတင်းတွေ ထွက်ပေါ် လာပြန်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး...
သံဃာတွေ နဲ့ နိုင်ငံရေး ယှက်နွယ်မှု
သံဃာတွေ နဲ့ နိုင်ငံရေး ယှက်နွယ်မှု ဗုဒ္ဓဘာသာဝင် သံဃာတော် အရေအတွက် သိန်းဂဏန်းနဲ့ ရှိတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ဖြစ်စဥ်တွေ၊ အရေးအခင်းတွေ လူထုအုံကြွမှုတွေလို အဖြစ်အပျက်တွေမှာ ရဟန်းသံဃာတွေရဲ့ ထောက်ခံမှု၊ သဘောထား၊ ပြောဆိုမှုတွေက အတိုင်းအတာတခုထိ သက်ရောက်မှုရှိနေတာ မျက်မှောက်ခေတ် သမိုင်းအဖြစ်အပျက်တွေမှာ တွေ့ရမှာဖြစ်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့၊ နိုင်ငံလွတ်လပ်ရေး အတွက် စိတ်အားထက်သန်တဲ့ ရဟန်းတော် တချို့ရှိခဲ့ပါတယ်။ ဦးဥတ္တမ၊ ဦးဝိစာရ စတဲ့ ဆရာတော်တွေက နယ်ချဲ့...
ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်လိမ်လည်မှု ဖွင့်ချခံရ၊ ချင်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေအကြား ကွဲအက်မှု
(မိုးမခ) ဇွန် ၂၁၊ ၂၀၂၄ ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်လိမ်လည်မှု ဖွင့်ချခံရ၊ ချင်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေအကြား ကွဲအက်မှု ပဲခူးမြို့က ပညာဂုဏ်၊ သီလဂုဏ် ကြီးမားတဲ့ ဆရာတော်ကြီးတပါး စစ်ကောင်စီရဲ့ ကင်းလှည့်တဲ့ ကားက ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ပျံတော်မူခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပစ်ခတ်ခံရပြီး ဒုတိယမြောက်နေ့မှာ ဖြစ်ပျက်ပုံ အသေးစိတ်နဲ့ စစ်ကောင်စီဘက်က အဖြစ်မှန်ကို ဖုံးကွယ်လိမ်လည်မှုက ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပါတယ်။ ပစ်ခတ်ခံရတဲ့ ကားမှာ အတူလိုက်ပါခဲ့တဲ့...
ပစ်ခတ်သတ်ဖြတ်မှုတွေက ဘယ်သူ မဆိုခံရနိုင်တာကို သက်သေပြတဲ့ ဖြစ်ရပ်တခု
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၄ ပစ်ခတ်သတ်ဖြတ်မှုတွေက ဘယ်သူ မဆိုခံရနိုင်တာကို သက်သေပြတဲ့ ဖြစ်ရပ်တခု ပဲခူးမြို့က အထင်ကရ ဝင်းနိမ္မိတာရုံ ပရိယတ္တိစာသင်ကျောင်းတိုက်ရဲ့ နာယကဆရာတော်နဲ့ အခြားဆရာတော်တပါးတို့ မန္တလေးမြို့မှာ ပြုလုပ်မယ့် ရွှေကျင်ဂိုဏ်း အစည်းအဝေး တက်ရောက်ဖို့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင် ရန်ကုန်ကနေ မန္တလေးသို့ လေယာဥ်နဲ့ ကြွခဲ့ကြပြီး တံတားဦးလေဆိပ်ကနေ အထွက်မှာ လုံခြုံရေးဂိတ်က တားဆီးတာကို ရပ်မပေးတာကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပြီး ဆရာတော် ပျံတော်မူခဲ့ပါတယ်။...
မြန်မာနိုင်ငံရေး အကျပ်အတည်းရဲ့ မဟာဗျူဟာ
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၄ မြန်မာနိုင်ငံရေး အကျပ်အတည်းရဲ့ မဟာဗျူဟာ မျက်မှောက်ကာလ မြန်မာနိုင်ငံရဲ့ နေ့စဥ် မြင်ကွင်းလို့ ဆိုလိုက်ရင် တိုက်ပွဲ အနိုင်အရှုံး၊ အသေအပျောက် ကိန်းဂဏန်းတွေ၊ နယ်မြေသိမ်းယူမှုနဲ့ ဆုတ်ခွာပေးရခြင်းတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းတွေ၊ ဖမ်းဆီးမှု၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နေအိမ်၊ ရပ်ရွာနဲ့ မြို့တွေ မီးရှို့ဖျက်ဆီးခံရခြင်းတွေ လို့ဆိုရင် မမှားပါဘူး။ ဒီဖြစ်စဥ်တွေ ဘယ်လောက်ထိ ကြာရှည်နိုင်သလဲ၊ အနိုင် အရှုံး အဆုံးအဖြတ် အဖြေပေါ်ထွက်လာဖို့ ဘယ်လို အနေအထားတွေ လိုအပ်သလဲ...
မောင်တောမြို့ မှာ လူသောင်းနဲ့ချီ မြို့ထဲပိတ်မိနေ၊ ရိုဟင်ဂျာ လူမျိုးစုကိစ္စနဲ့ AA နဲ့ NUG အကြားဆက်ဆံရေး
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၄ မောင်တောမြို့ မှာ လူသောင်းနဲ့ချီ မြို့ထဲပိတ်မိနေ၊ ရိုဟင်ဂျာ လူမျိုးစုကိစ္စနဲ့ AA နဲ့ NUG အကြားဆက်ဆံရေး ရခိုင်ပြည်နယ် အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေပြီး နယ်စပ်ကုန်သွယ်ရေး စခန်းလည်းဖြစ်တဲ့ မောင်တောမြို့ကို အာရက္ခ တပ်တော်လို့ မကြာသေးခင်က အမည်ပြောင်းထားတဲ့ AA အဖွဲ့က တိုက်ခိုက် သိမ်းယူဖို့ ကြေညာချိန်မှာ မြို့ထဲမှာ လူဦးရေ သောင်းဂဏန်းနဲ့ ချီကျန်ရှိနေသေးတဲ့အကြောင်း နဲ့ မောင်တောမြို့တဝိုက်က စစ်ဗျူဟာစခန်း၊ နယ်ခြားစောင့်ကင်းစခန်းတွေနဲ့ တပ်ရင်းတွေ သိမ်းပိုက်ခံထားရတဲ့...
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တိုက်ပွဲနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ သတိပေးချက်
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တိုက်ပွဲနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ သတိပေးချက် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/အရက္ခတပ်တော် က ရခိုင်ပြည်နယ်ရဲ့ ဒေသအများအပြားမှာ စစ်မျက်နှာဖွင့်တိုက်ခိုက်မှုတွေ၊ မြို့သိမ်းပိုက်ခဲ့တာတွေ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မကြာသေးခင်ကာကလ ဘူးသီးတောင်မြို့ကို သိမ်းယူခဲ့တဲ့နောက် အခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေးစခန်းမြို့ဖြစ်တဲ့ မောင်တောမြို့ကို သိမ်းယူဖို့ လုပ်ဆောင်နေပြီး မြို့နေလူထုကို ဇွန်လ ၁၆ ရက်နေ့ည ၉...
ပိတ်ဆို့မှုများနဲ့ ခါးစည်းခံရတဲ့ အရပ်သားလူထု
(မိုးမခ) ဇွန် ၁၅၊ ၂၀၂၄ ပိတ်ဆို့မှုများနဲ့ ခါးစည်းခံရတဲ့ အရပ်သားလူထု မြဝတီနဲ့ ဘားအံအကြားက လမ်းပိုင်းတွေ ပိတ်နေတာ၊ ခက်ခက်ခဲခဲ သွားလာနေရတာတွေကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာနေတာ လွန်ခဲ့တဲ့ ၆ လ ၇ လ ဝန်းကျင်ကတည်း ဖြစ်ပေမယ့်လို့ အခု မိုးရာသီ ဝင်ရောက်လာပြီး မြေသား ကားလမ်းတွေ ရွှံ့ဗွက်တွေနဲ့ သွားဖို့ မရလောက်အောင် ဖြစ်လာတဲ့အခါမှာ မြဝတီ-ဘားအံအကြား ကုန်စည်သယ်ဆောင်ရေးက နေ့စဥ် သတင်းတွေမှာ ပါရှိလာနေတဲ့ အကြောင်းအရာတခု ဖြစ်လာပါတယ်။ အာရှလမ်းလို့ ခေါ်ဆိုတဲ့ ကော့ကရိတ်ကနေ သင်္ဃန်းညီနောင်ကို ဖောက်လုပ်ထားတဲ့...
ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက် ပျက်ပြားနိုင်ခြေ
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၄ ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက် ပျက်ပြားနိုင်ခြေ အောက်တိုဘာ လကုန်ပိုင်းက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး ၃ လဝန်းကျင် အကြာ ဇန်နဝါရီလဆန်းပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင် ဆောင်ရွက်မှု တနည်းအားဖြင့် ဖိအားတချို့ပေးပြီး တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကို အပစ်ရပ်စေခဲ့ပါတယ်။ AA, TNLA နဲ့ MNDAA လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ ယမန်နှစ် အောက်တိုဘာ လကုန်ပိုင်းမှ စလို့ စစ်အင်အား အလုံးအရင်းနဲ့ ရော ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့်ပါ စစ်ကောင်စီ အထိုင်စခန်း၊ ဗျူဟာစခန်း၊...
အကျိုးစီးပွားတူချင်းနှင့် အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်ခြင်းနှင့် မဟာမိတ်များအကြားက ပဋိပက္ခ
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၄ အကျိုးစီးပွားတူချင်းနှင့် အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်ခြင်းနှင့် မဟာမိတ်များအကြားက ပဋိပက္ခ နိုင်ငံရေးနှင့် စစ်ရေး အဖွဲ့အစည်းများအကြား ပွတ်တိုက်မှု၊ ပဋိပက္ခ ထိုမှတဆင့် ပိုမိုပြင်းထန်လာသည့် အနေအထား လက်နက်ကိုင် တိုက်ပွဲတွေအထိ ဖြစ်ပွားလေ့ရှိကြသည်မှာ ဒီနေ့ကာလ တော်လှန်ရေး အင်အားစုတွေအကြား သို့မဟုတ် အာဏာသိမ်း စစ်ကောင်စီနှင့် ၄င်း၏ မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဖြစ်ပွားနိုင်သည့် ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြစ်သည်မှာ ငြင်းမရသည့် အနေအထားဖြစ်သည်။ ဒီနေရာတွင် ဘုံရန်သူ၊...
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသက ULA/AA နဲ့ ဒေသခံ အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၀ မြင်ကွင်း (မိုးမခ) ဇွန် ၁၁၊ ၂၀၂၄ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသက ULA/AA နဲ့ ဒေသခံ အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခ ချင်းပြည်နယ်ရဲ့ အနောက်တောင်ဘက် အစွန်ဆုံးဖြစ်တဲ့ ပလက်ဝမြို့နယ် တည်ရှိတဲ့ ဒေသက ဒေသခံတွေရဲ့ စိုးရိမ်မှု၊ ချင်းလူမျိုး အဖွဲ့အစည်းတွေက စတင်ထုတ်ဖေါ်ပြောဆိုလာတာတွေ စတင်ကြားသိလာကြရပြီး၊ အဆို့ပါ ဒေသကို လက်ရှိ ထိန်းချုပ်ထားတဲ့ ULA/AA တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တချို့နဲ့ အတူ ပလက်ဝဒေသမှာ နေထိုင်ကြတဲ့ ခူမီး ချင်းမျိုးနွယ်စုအဖွဲ့အစည်း...
PDF ထိန်းချုပ်နယ်မြေတွေက လေကြောင်းတိုက်ခိုက်မှုတွေ
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၄ PDF ထိန်းချုပ်နယ်မြေတွေက လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကိုင်းမြို့ နယ်ထဲမှာ ရှိတဲ့ သပြေသာ ခေါ် လက်ပံတန်း ကျေးရွာမှာ ဇွန်လ ၈ ရက်နေ့က “ပ သုံးလုံး” အစည်းအဝေးလို့ အတိုကောက် ခေါ်ဆိုကြတဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့ လုံခြုံရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဆင့်ခေါ်တဲ့ အစည်းအဝေး ကျင်းပနေချိန်မှာ စစ်ကောင်စီဘက်က သတင်းရပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ သေဆုံးရသူတွေအနက် အစည်းအဝေး...
ငပလီကမ်းခြေက ရေလုပ်ငန်းကျေးရွာမှာ အရပ်သား အများအပြားသေဆုံး၊ လွိုင်ကော်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ
(မိုးမခ) ဇွန် ၈၊ ၂၀၂၄ ငပလီကမ်းခြေက ရေလုပ်ငန်းကျေးရွာမှာ အရပ်သား အများအပြား သေဆုံး၊ လွိုင်ကော်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သံတွဲမြို့နယ်ထဲက မြန်မာနိုင်ငံမှာ အလှဆုံး အပန်းဖြေနေရာ တခုအဖြစ် ကျော်ကြားတဲ့ ငပလီကမ်းခြေတလျှောက်မှာရှိတဲ့ ကျေးရွာတွေအနက် ဆင်ခေါင်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေနဲ့ အရပ်သား အများအပြား သေဆုံးခဲ့ကြတဲ့ သတင်းတွေ ပေါ်ထွက်လာပါတယ်။ သံတွဲနဲ့ ၄ မိုင်ခန့်ဝေးတဲ့ ငပလီကမ်းခြေတလျှောက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတဲ့...
သုံးစွဲမှုငွေကြေးအရ မလွတ်မြောက်သေးတဲ့ လွတ်မြောက်နယ်မြေတွေ
(မိုးမခ) ဇွန် ၇၊ ၂၀၂၄ သုံးစွဲမှုငွေကြေးအရ မလွတ်မြောက်သေးတဲ့ လွတ်မြောက်နယ်မြေတွေ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၈ လ ခန့်အကြာ ပြန်ငဲ့ကြည့်ရင် စစ်ရေးအရ မြို့ ၅၀ ကျော်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG/ PDF တို့က သိမ်းပိုက်ထားနိုင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် အရှေ့ဘက်၊ မြောက်ဘက်၊ ချင်းပြည်နယ်က မြို့အချို့၊ ကရင်နီပြည်၊ ရခိုင်ပြည်နယ်တွေမှာ မြို့နယ် အဆင့်ရှိတဲ့မြို့တွေနဲ့ တိုက်နယ်အဆင့်မြို့တွေကို သိမ်းယူထားပြီး အုပ်ချုပ်ရေးတွေ ဒေသအလိုက် ဖော်ဆောင်နေကြတာလည်း...
စစ်ပွဲ၊ တလွဲစီမံခန့်ခွဲမှုတွေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ပြိုလဲနိုင်ခြေ
(မိုးမခ) ဇွန် ၆၊ ၂၀၂၄ စစ်ပွဲ၊ တလွဲစီမံခန့်ခွဲမှုတွေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ပြိုလဲနိုင်ခြေ မေလ နှောင်းပိုင်း သီတင်းပတ်တွေမှာ ကမ္ဘာ ရွှေစျေးအပြောင်းအလဲဖြစ်တာနဲ့ အမျှ မြန်မာနိုင်ငံမှာလည်း ရွှေဈေးနှုန်း နဲ့ ဒေါ်လာလဲနှုန်းတွေ မြင့်တက်ခဲ့ပြီး သီတင်းတပတ်ကျော်ကြာ ကျပ်ငွေတန်ဖို့ ဆက်တိုက်ဆိုသလို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တာ ကာလအတွင်း နှစ်စဥ်အနည်းဆုံး တကြိမ် အခုလို ကျပ်ငွေစျေးနှုန်း လျင်မြန်စွာ ကျဆင်းတာ ဖြစ်လေ့ရှိပြီး ၂၀၂၁ ခုနှစ်မှာ ဘဏ်တွေကနေ ငွေစက္ကူ ထုတ်ယူခွင့်...
အုပ်ချုပ်ပိုင်ခွင့်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းများအကြားက ဖြေရှင်းရမယ့် ပြဿနာ
(မိုးမခ) ဇွန် ၅၊ ၂၀၂၄ အုပ်ချုပ်ပိုင်ခွင့်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းများအကြားက ဖြေရှင်းရမယ့် ပြဿနာ အခုတလော ရက်ပိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေးအရ စစ်ကောင်စီ လက်ထဲမှာ သိမ်းယူနိုင်ခဲ့သည့် မြို့ရွာတွေမှာ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး၊ စစ်သားစုဆောင်းရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား အငြင်းအခုံများ၊ ဒေသခံလူထုနှင့် လက်နက်ကိုင် အဖွဲ့များကြား အငြင်းအခုံ၊ ထို့ထက်ပိုသည့် ပွတ်တိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်ကို ကြားသိ လာနေကြရသည်။ နမ့်ခမ်းမြို့နယ်ထဲက တရုတ်နယ်စပ်...
ရေရှည်အမြင်နဲ့ ကြည့်တဲ့ ပညာရေး မူဝါဒ ဖြစ်ဖို့လို
(မိုးမခ) ဇွန် ၃၊ ၂၀၂၄ ရေရှည်အမြင်နဲ့ ကြည့်တဲ့ ပညာရေး မူဝါဒ ဖြစ်ဖို့လို အခြေခံပညာ ကျောင်းတွေရဲ့ စာသင်နှစ် တနှစ်စတင်တဲ့ အချိန် ဇွန်လပထမပတ်ရောက်ရှိလာပြီ ဖြစ်ပြီး နိုင်ငံ တနိုင်ငံလုံး အနေနဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေ ဘယ်လောက် ရာခိုင်နှုန်း ကျောင်းတက်ရောက် နိုင်သလဲ၊ ဘယ်လောက်က မတက်ရောက်နိုင်ကြသလဲ၊ ဘာအကြောင်းကြောင့်လဲ ဆိုတဲ့ စာရင်းအင်း အချက်အလက် တိတိကျကျ ရဖို့ မလွယ်ကူပေမယ့် စစ်ကောင်စီရဲ့ အောက်က စာသင်ကျောင်းတွေမှာ လာရောက်အပ်နှံကြတဲ့ ကျောင်းသား ကျောင်းသူ ၆.၂ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။...
စစ်မက်ဘေးအန္တရာယ် စီးပွားရေးပျက်ဘေးအန္တရာယ်နဲ့ နိုင်ငံရေး အမြော်အမြင်
(မိုးမခ) ဇွန် ၃၊ ၂၀၂၄ စစ်မက်ဘေးအန္တရာယ် စီးပွားရေးပျက်ဘေးအန္တရာယ်နဲ့ နိုင်ငံရေး အမြော်အမြင် မကြာသေးတဲ့ ရက်ပိုင်းတွေက မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက်လျင်မြန်စွာ ကျဆင်းခဲ့ပြီး ကျပ် ငွေတန်ဖိုးကို တစိတ်တပိုင်း ဖော်ညွှန်းပြသနေတဲ့ ရွှေစျေးနှုန်းက ကြားဖူးသမျှထဲမှာ အမြင့်ဆုံးဖြစ်တဲ့ တကျပ်သား ၅၈ သိန်းကျပ်ကို ရောက်ရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ နှုန်းထားရောက်ပြီး ရက်အနည်းငယ်အတွင်း ပြန်လည်ကျဆင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ တလဝန်းကျင် စျေးနှုန်းကိုတော့ ပြန်လည် ရောက်ရှိခြင်း မရှိတော့ပါဘူး။ အမေရိကန်ဒေါ်လာ...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Myanmar Spring
Contact Myanmar Spring, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack