(မိုးမခ) ဇွန် ၂၅ ၊ ၂၀၂၄ ‘သာသနာပြုသူကြီးမ မိကြင်စိုး ဘယ်များသွားမလို့တုံး’ ‘ဘုရားဒါယိကာမကြီး မိကြင်စိုးပါလား ဘယ်က ပြန်လာတာလဲ’ အရင်ကတော့ အခုလို နှုတ်ဆက်ကြလျှင် နားထောင်လို့ အင်မတန်ကောင်းသည်ဟု ထင်သည်။ အခုကျတော့ လှောင်သည်လား၊ ပြက်ရယ်ပြုကြသည်လား တခုခုတော့ တခုခုပဲဟု မိကြင်စိုး ထင်နေမိတော့သည်။ အများ ကြည်ညိုလေးစားကြသည့် ရွာဦးကျောင်းက စာချကိုယ်တော်ကြီး မိကြင်စိုး၏ လက်မရွံ့ ခိုးဆိုးလုနှိုက် နောက်လိုက် လူရမ်းကားတသိုက် လက်ချက်ဖြင့် ပျံလွန်တော် မူခဲ့ရသည်နောက်၊ မိကြင်စိုးတယောက် ရွာထဲ သွားသွားလာလာ...
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Sal Paung Tu
ဆယ်ပေါင်တူ - သို့... ဘဘပုကြင်
(မိုးမခ) ဇွန် ၉ ၊ ၂၀၂၄ နေရာက နေပြည်တော်ဟု အမည်ရသော ပျက်လုလု မြို့ကြီးတမြို့၏ ဗီဗီဗီဗီအိုင်ပီ ရပ်ကွက်တခု။ အချိန်က ညီအကိုမသိတသိဟု ဆိုနိုင်ရုံသာမက သမီးယောက်ဖ၊ သမက်ယောက္ခမချင်းလည်း တဦးနှင့်တဦး မှတ်မိဖို့ရာ မလွယ်ကူသည့် မှောင်နှင့်မည်းမည်း မသဲမကွဲ၊အလွန်တရာမှ လမိုက်လေသော ညတည။ သဘာဝတရားသည် ကိုယ့်ဘက်တွင် ရှိသော်လည်း သတိ ဆိုတာက ပိုသည် မရှိ။ အနက်ရောင် သက္ကလပ် ဦးထုပ်ကို ခပ်ငိုက်ငိုက် ပြင်ဆောင်းလိုက်ပြီး အပေါ်မှ ခြုံထားသော လူကုံထံသုံး အမှတ်တံဆိပ် မိုးကာအင်္ကျီအမည်း ဖားဖားကြီး၏ ဘယ်ဘက်အတွင်းအိတ်ကပ်ထဲသို့ သူ၏...
ဆယ်ပေါင်တူ - ပိဿာစိန်၏ တောင်ခြေက အောင်ဇေယျ
(မိုးမခ) မေ ၁၅ ၊ ၂၀၂၄ ‘ဟိုး မရှေးတရှေးတုန်းက ဘာမှမသိမင်းကြီး အုပ်ချုပ်တဲ့ ဘာမှမသိပြည်ကြီးဆိုတာ ရှိသတဲ့’ ‘ဟာ ပိဿာစိန်ကြီးကလဲ၊ ဗာရာဏသီပြည်တို့ ဗာရာဏသီမင်းကြီးတို့ပဲ ကြားဖူးပါတယ်’ဟု သူ၏ဘေးနား ဝိုင်း ထိုင်နေကြသော ကလေးတအုပ်ကြီးဆီက အသံထွက်လာသည်။ ‘အေး အဲဒီဗာရာဏသီမင်းတို့ ဘာတို့ဆိုတာက တကယ့်ဘုရင်အစစ်တွေ၊ အခု ဘာမှမသိမင်းကြီးကတော့ ဘာဆို ဘာမှမသိတဲ့ နလပိန်းတုံး ဘုရင်အတု၊ သူ့ဘွဲ့နံမည်က နှစ်ပင်ရွှေချီး’ ‘ဟော ပိဿာစိန်ကြီးက လုပ်ပြန်ပြီ၊ တပင်ရွှေထီးပဲ ရှိပါတယ်၊ ဘယ်လိုလုပ် နှစ်ပင်ရွှေချီး ဖြစ်ရပြန်တာလဲ’...
ဆယ်ပေါင်တူ - ဂျာစီအတုနဲ့ကောင်
(မိုးမခ) မေ ၉ ၊ ၂၀၂၄ အဝေးကကြည့်ရင် မက်ဆီနံပါတ် အနီးကပ်ကြည့်ရင် မက်ဆီနာမည် စောက်လုံးကြီးထွက်သူအတွက်တော့ မျောက်အုန်းသီး ရတာထက် ပျော်စရာ မက်ဆီဂျာစီတု ကောက်ဝတ် ခွာသေးသေး ဖိနပ်ကောက်စွပ်ပြီး ဟန်ရေးပြနေပုံက မက်ဆီအစစ်တောင် အရှုံးပေးရမလို။ စလည်းကန်ရော အပေါက်အလမ်းက မတည့် ကိုယ့်ဂိုးထဲ ပြန်ထည့်သလို ကိုယ့်လူ ကိုယ်ပြန်ချ ကိုယ့်ပရိသတ် ကိုယ်ရန်စလို့ သည်းခံမရတဲ့အဆုံး တပွဲလုံး အုံးအုံးကျွက်ကျွက် ‘သားရေကြိုး’ ‘သားရေကြိုး’ ‘ငါ၊ဖေ’အမျိုးမျိုးတပ်ဆဲဆိုလည်း အချိုးကမပြေ အရှက်ဗလာကျင်း ဂျာစီတုကောင်က တကွင်းလုံးတောင်...
ဆယ်ပေါင်တူ - လက်ဖက်ခြောက် ရှာပုံတော်နှင့် ကြင်စိုး၏ ကင်မ်ချီသင်္ကြန်
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၄ ဘာလေးပဲ ဖြစ်ဖြစ် တခုခု ပျောက်နေသည်၊ ပျောက်လို့ သွားသည် ဆိုပါက ထိုသို့ ပျောက်နေသည်ကို အဘယ်သူက ပျော်ရွှင်နိုင်ပါလိမ့်မည်နည်း။ အနည်းဆုံးတော့ စိတ်ကသိကအောက် ဖြစ်မိကြမည်သာ။ အခုတော့ ဒါတွေက ကပြောင်းကပြန် ဖြစ်ကုန်ကြလေပြီ။ လက်ဖက်ခြောက်တယောက် ပျောက်နေတာကိုကပင် ပျော်စရာ ရွှင်စရာ တခုလို ဖြစ်နေသည်။ ခေတ်စကားနှင့် ပြောရလျှင် လက်ဖက်ခြောက်က ‘ငစား’၊ သူ့လို ခဝေးပြေး၊ဝက်ပြေး၊ ခြေလေးချောင်းပြေးတွေက နေ့စဉ်နှင့်အမျှ ခြင်းကြားတပ်တွေမှာ တပုံတခေါင်း။ ဒီကြားထဲကမှ သူပျောက်နေသည့် သတင်းကိုတော့ လူတွေက...
ဆယ်ပေါင်တူ - လက်ဖက်ခြောက်၏ ကယောက်ကယက် သင်္ကြန်
(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၄ ကားပေါ်က ဆင်းလိုက်သည်နှင့် သင်္ကြန်တီးလုံးကို ကြားလိုက်ရသည်။ အင်းလေ၊ ဇာတ်ဆရာအိမ် ဆိုတော့လည်း အခုလိုအချိန်မှာ သင်္ကြန်အကတွေ၊ ဘာတွေ တိုက်နေတာဖြစ်မှာပေါ့ဟု စိတ်ထဲက တွေးမိလိုက်သည်။ အရပ်ထဲ သွားနေလာနေကျ မဟုတ်သည့်အပြင်၊ အခုလိုအချိန်မျိုးမှာ အသွားအလာ အနေအထိုင်က ပိုဂရုစိုက်ရသည်။ တိုက်ပုံတထည်ကို ကောက်ဝတ်ပြီး ထွက်လာခဲ့သည်။ လုံခြုံရေးအားလုံးလည်း သူ့လိုပင် အရပ်ဝတ်တွေနှင့်ပင်။ အခုထက်ထိတော့ လမ်းခရီးတလျှောက်လုံး အဆင်ချောနေသေးသည်။ သီဆိုတီးမှုတ်နေသူများနှင့် လာကြည့်နေကြသူ လူအုပ်ကြီးက...
ဆယ်ပေါင်တူ - ဇလုံစကီးနှင့် ကျွန်ုပ်တို့၏ နထို့ပလွတ်ရွာ
(မိုးမခ) မတ် ၃၁ ၊ ၂၀၂၄ ဇလုံစကီးတယောက် ဆယ်ပေါင်တူတို့ရွာသို့ အလည်ရောက်ရှိလာသည်ဟု ရေးရုံမျှဖြင့်တော့ လုံလောက်မည် မထင်။ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြဖို့ လိုအပ်ပေမည်။ ဇလုံစကီးလို အလုပ်အင်မတန် များသောသူက အဘယ့်ကြောင့် ဆယ်ပေါင်တူတို့၏ ‘နထို့ပလွတ်’ရွာသို့ ရောက်လာရသနည်း ဆိုသည်က စရပါလိမ့်မည်။ ‘နထို့ပလွတ်’ရွာကြီးကို မကြားဖူးသူများလည်း ရှိကောင်းရှိနိုင်သည့်အတွက် မည်သို့မည်ပုံ ဤရွာနာမည်ဆန်းကို မှည့်ဖြစ်သွားခဲ့ပါသနည်း ဆိုသည်ကိုလည်း ချန်လှပ်ထား၍ မရ။ ရိုးသားစွာ ဝန်ခံရလျှင် ဆယ်ပေါင်တူတို့ ရွာသူရွာသားများက...
ဆယ်ပေါင်တူ - ဂိမ်းသီအိုရီကို ထိပ်တိုက်ယှဉ်မည့် ကြင်စိုး၏‘ဂိန်’သီအိုရီ
(မိုးမခ) မတ် ၉ ၊ ၂၀၂၄ ကြင်စိုး အတော်လေး အလုပ်ရှုပ်သွားသည်။ အမှန်အတိုင်း ပြောရရင် ကြင်စိုးသာ မဟုတ်၊ ဂိမ်းဆော့နေသော ကြင်စိုး၏ မြေးများပါ အလုပ်ရှုပ်ကုန်သည်၊ ဂိမ်းကစားဖျက်ကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အဘိုး ကြင်စိုးသည် ဂိမ်းသီအိုရီ မပြောနှင့်၊ ဂိမ်းဆော့တာကိုပင် ထမင်းစား ရေသောက်လည်း မသိ၊ ကောက်ညှင်းပေါင်းစား ရေနွေးကြမ်းသောက်လည်း မသိသည့်အတွက် သူ့မြေးများကို ဟိုမေး ဒီမေး လုပ်နေရသည့်အတွက် ဖြစ်သည်။ ဆိုင်းဝိုင်းအတွင်း ထိုင်နေသည့်အလား စာအုပ်ပုံကြား စိတ်ရှုပ်လက်ရှုပ်ဖြစ်နေသော ကြင်စိုးတယောက်...
ဆယ်ပေါင်တူ - ၆ လကြိုက်သော ‘ကြင်စိုးမ’သွားရာ
(မိုးမခ) ဖေဖော်ဝါရီ ၃ ၊ ၂၀၂၄ မိကြင်စိုး (၆)ဂဏန်း ကြိုက်သည်ကို တရွာလုံး မသိသူမရှိ။ ဒီလိုကြိုက်ရလောက်အောင် ၆ လပိုင်း ၆ ရက်နေ့မှာ မွေး ခဲ့၍လား ဆိုရင်တော့လည်း မည်သူကမျှ ကောင်းကောင်းမဖြေနိုင်။ မိကြင်စိုးကိုယ်တိုင်ပင် သူ့မွေးနေ့ကို သူမသိ။ ရွာတန်ဆောင်တိုင်ပွဲ ဟိုအငြိမ့်လာကသည့် အချိန်ကလိုလို၊ စပါးစျေးတစ်တင်း ဘယ်လောက် ပေါက်တုန်းကလိုလို၊ ရွာနားတဝိုက် လေကြီးမိုးကြီးကျကာ မိုးကြိုးအကြိမ်ကြိမ် ပစ်သည့်နေ့ကလိုလို မသဲမကွဲသာ မှတ်မိသည်။ အမှတ်အသားကောင်းသူတချို့ ပြောကြားချက်အရတော့ အတိအကျဆိုနိုင်သည်က...
ဆယ်ပေါင်တူ - ‘ပွဲကြိုက်ကြင်’၏ ဗျူဟာဆန်းများ
(မိုးမခ) ဇန်နဝါရီ ၁၄ ၊ ၂၀၂၄ ‘အဟမ်း အဟမ်း ကျုပ်ကတော့ ဘာပွဲပဲဖြစ်ဖြစ် ပြုံးပြုံးပြုံးပြုံးနဲ့ ရှိသမျှပွဲ တရစပ် နွှဲလိုက်ချင်ပါတဲ့ ‘ဘတ်ဘတ် ပွဲကြိုက်ကြင်’ဆိုတာကိုးဗျ’ ဟူ၍တော့ ကြင်စိုး၏ ပါးစပ်ကမထွက်။ သို့ပါသော်လည်း ‘ပွဲကြိုက်ကြင်’ဆိုသည်နှင့် မည်သူ့ကို ရည်ရွယ်ပြောဆိုမှန်း အရွယ် ၃ ပါး မရွေး သဘောပေါက်ကြပြီးဖြစ်၏။ အနှီပွဲကြိုက်ကြင်နှင့် ပတ်သက်ပြီး ဇာတ်လမ်းစုံ တနေ့တမျိုး မရိုးနိုင် အောင် နေ့စဉ်ထွက်ပေါ်တတ်သည်။ မြောက် ကြွမြောက်ကြွနှင့် ဆောင့်ကြွားကြွား လမ်းလျှောက်တတ်သူများကို ဖနောင့်သံစူးနေသူများဟု...
ဆယ်ပေါင်တူ - မိကြင်စိုးနှင့် မိမဲလုံးတို့၏ နှစ်သစ်ကူးလက်ဆောင်
(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၃ ‘ကိုလှကြူ ….ကလှကြူ၊ ကလှကြူရေ အောင်မယ်လေး ကိုယ်ကျိုးတော့ နည်းကုန်ပြီထင်ပါရဲ့’ ခုနစ်အိမ် ရှစ်အိမ်သာမက တရွာလုံးပင် ကြားနိုင်လောက်သည့် မိကြင်စိုး၏ အလန့်တကြား အော်ဟစ်သံက ရွာလယ် နေပြည်တော်လမ်းမတလျှောက် ပျံ့လွင့်သွားလေသည်။ လှကြူတယောက် ဘာများဖြစ်သွားလို့ပါလိမ့်ဟု သိချင်စိတ် ပိုသွားနိုင်သော်လည်း လက်တွေ့မှာမူ လှကြူကတော့ ဘာဆိုဘာမှ ဖြစ်မသွား။ ဖြစ်သွားသည်က မိကြင်စိုးပင် ဖြစ်သည်။ အိမ်ထဲမှ ထွက်လို့ ခြံတွင်း ခြေချရုံရှိသေး ရွာရှိလူငယ်လေးများ လေ့ကျင့်ထားသည့် ငှက်လိမ္မာများက...
ဆယ်ပေါင်တူ - ဒီနောက်က ကြင်စိုး၏ နောက်တိုးနံမည်သစ်
(မိုးမခ) ဒီဇင်ဘာ ၉ ၊ ၂၀၂၃ ‘ဟေ့ကောင်တွေ လေယာဉ်တက်သွားပြီလား၊ လက်နက်ကြီး ပစ်ကူလည်း ပေးဦး၊ လိုဏ်ခေါင်းထဲ အထိ ရောက်နေပြီ၊ လိုဏ်ခေါင်းထဲအထိ ရောက်နေပြီကွ၊ အယိုးခံ (အဲ)အလုံးခံရတော့မယ် မြန်မြန်လေးလုပ်ပေး၊ မင်းတို့ ငါ့ကို ဟိုကောင်တွေလို ဂျင်းမထည့်ကြနဲ့နော် တကယ်လွှတ်ကြ’ ‘ဟုတ်ကဲ့.. အဘကာချုပ် တက်သွားပါပြီ၊ ရောက်တော့မယ်၊ တောင့်ထား အဘ၊ ခဏလေး တောင့်ခံပေး၊ တစီးပြီးတစီး လာမယ်၊ ဟုတ်..
ဆယ်ပေါင်တူ - မြို့မေတ္တာခံယူချင်လှပါတဲ့ မေတ္တာတုံးကြင်စိုးရဲ့ နောက်ဆုံးနေ့ရက်များ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၃ ‘ကတ်……ကတ်…..ကတ်’ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်သော ကြင်စိုး၏အသံက ရိုက်ကွင်းတခုလုံးကို ဖုံးလွှမ်းသွားသည်။ ‘လိုသေးတယ်၊ လိုတာမှ တော်တော်ကြီးကို လိုသေးတယ်၊စိတ်ကြိုက်မရသေးဘူး ပြန်ရိုက်ကြမယ်’ နံမည်တူ တခြားကြင်စိုးတယောက် အကြောင်း ပြောနေတာလို့တော့ ထင်မသွားစေလိုပါ။ ကြင်စိုးမှကြင်စိုး ရေ လုံးဝ မရောသည့် တနိုင်ငံလုံး၏ မေတ္တာတုံး ကြင်စိုး စစ်စစ်သာ ဖြစ်ပါသည်။ ♫ မင်းကမတိုက်ခင် ဒို့ကမင်းကိုပေးချင်တယ် ယူပါနော် ရော့ယူလိုက်….ရော့ယူလိုက်….ရော့ယူလိုက်….ရော့ယူလိုက်....ရော့ယူပါ...
ဆယ်ပေါင်တူ - ကြံရာမရ မအလကြင်စိုး၏ အော်ပရေးရှင်း ၁၀၂၉
(မိုးမခ) အောက်တိုဘာ ၃၁ ၊ ၂၀၂၃ ‘ငါလည်း သုံးမိနစ်ခေါက်ဆွဲ ဖြစ်မှန်းမသိ ဖြစ်နေပါပြီကွာ’ ကြင်စိုးရဲ့ ရုံးခန်းထဲ ဝင်လိုက်ရုံရှိသေးတယ်၊ လှမ်းပြောလိုက်တဲ့ စကားသံကို ကြားလိုက်ရတာနဲ့ ထုံးစံအတိုင်း ထင် ရာမြင်ရာ ရမ်းသန်းပြီး ပြောချင်ရာ ပြောတတ်တဲ့ မဲလုံးက ပြန်ပြောလိုက်တယ်။ ‘ကိုယ့်အသက်အရွယ်လည်း ပြန်ကြည့်ဦးလေ ဘကြင်၊ ဖြစ်မှန်းမသိ ဖြစ်နေတာ မဟုတ်ဘူး၊ ဖြစ်ကိုဖြစ်ရတော့မှာ သုံးမိနစ်ဆိုတာ ဘကြင်အတွက် များတောင်နေပြီ’ ဘုမသိဘမသိ ဝင်ပြောလိုက်တဲ့ မဲလုံးကို ကြင်စိုး မျက်လုံးကြီးပြူးပြီး...
ဆယ်ပေါင်တူ - ကြင်စိုးအသည်း တဆတ်ဆတ်နာသွားစေသည့် အူကြောင်ကြားမလေး သွက်သွက်ခါ
(မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၂၃ စောစောစီးစီး ကြိုပြောထားရမှာကတော့ ဟိုလိုလို ဒီလိုလို ဇာတ်လမ်းမျိုးလို့ မထင်ကြစေချင်ကြောင်း ဆိုသည်ကိုပင်။ ဒါကိုမှတ်ယူပြီးတော့ ကြင်စိုးသည် နန့်ကြောမတက်တတ်သောသူ ဟူ၍တော့လည်း သတ်မှတ်လို့မရ။ ‘ကြလွှ’၏ ၂၄ နာရီ ခုနစ်ရက်ပတ်လုံး အစွယ်တငေါငေါ တခေါခေါဖြင့် မပြတ်စောင့်ကြပ်နေမှုကြောင့်သာ ကမြင်းချင်စိတ်ကို အတန်တန် ချုပ်တည်းထားရပြီး ကြင်စိုးခမျာ ကမြင်းချင်ပါလျက်နှင့် မကမြင်းရဲခြင်းသာပင် ဖြစ်ပေ သည်။ သွက်သွက်ခါရယ်လို့ နိုင်ငံအနှံ့အပြား လူပြောများလာချိန်မှာတော့ ငယ်စဉ်တုန်းက...
ဆယ်ပေါင်တူ - ကျပ်နှစ်သောင်းတန် ကြင်စိုးနှင့် တိုင်ပတ်နေသော မဲလုံး
(မိုးမခ) စက်တင်ဘာ ၉ ၊ ၂၀၂၃ ‘ပိုက်ဆံလိုရင် ပိုက်ဆံရိုက်ထုတ်ကြရုံပဲ ရှိတာပေါ့’ ဆိုပြီး ကြင်စိုးလိုလူက သူဉာဏ်မီသလောက်သာ ခပ်လွယ်လွယ်ပဲ တွေးတတ်တဲ့နောက် ကျပ်နှစ်သောင်းတန်အသစ်တွေ ဗုံးပေါလအော ထွက်လာတာကို ဘယ်သူကမှ အဆန်းတကြယ် ကိစ္စလို့ မမြင်မိကြပါဘူး။ မလုပ်တတ် မကိုင်တတ်နဲ့၊ လူလိုပဲ ဉာဏ်ရည်ကလည်း ပေမမီ ဒေါက်မမီ ဆိုတော့ တချိန်မဟုတ်တချိန် ဒီဘူတာပဲ ဆိုက်လာလိမ့်မယ်ဆိုတာကို အားလုံးက မျှော်လင့်ပြီးသားပါ။ ဒါပေမဲ့ ဒီပိုက်ဆံရိုက်ထုတ်တဲ့ကိစ္စ ခပ်မြန်မြန် ဖြစ်လာစေရတဲ့ ထူးထူးခြားခြား အကြောင်းတွေ ရှိတယ်ဆိုပြီး...
ဆယ်ပေါင်တူ - မင်းဘယ်ဒိုးမလဲ မိကြင်စိုး
(မိုးမခ) ဩဂုတ် ၂၄ ၊ ၂၀၂၃ မိကြင်စိုးအကြောင်း ပြောရသည်မှာ မကောင်းတာတွေချည်းပဲလို့ ဆိုလိုက်လျှင် ငြင်းမယ့်သူက မရှိမသလောက်ပင်။ ရွာထဲမှာ ငွေအနံ့လေးများ မရလိုက်နှင့်၊ မိကြင်စိုးတို့ တမိသားစုလုံး နှာခေါင်းတရှုံ့ရှုံ့ အမြီးတယမ်းယမ်းနဲ့လို့ ဆိုပြီး ဥပမာ ဥပမေယျ ပေးရလောက်အောင် ဣန္ဒြေမဆည်နိုင်ကြ။ ပြောသာပြောရသည် ရွာမှာရှိသမျှ လုပ်ငန်းအားလုံး မိကြင်စိုးတို့နှင့် မကင်းနိုင်လေတော့ အတော်ကို လုပ်တတ်ကိုင်တတ် ရှိလွန်းလှသည်ဟုပင် ဆိုရမလိုလို။ မိကြင်စိုးတို့ရွာတွင် အလှူလက်ဖက်နှင့် မျက်နှာလုပ်သည်ဟု ဆိုလေ့ဆိုထမရှိ၊...
ဆယ်ပေါင်တူ - ကာချုပ်လိုလို ပေါတိပေါချာ ကာရာအိုကေ အဆိုရှင်လိုလို
(မိုးမခ) ဩဂုတ် ၁၅ ၊ ၂၀၂၃ လူရော စိတ်ပါ အိုက်နေပုံရသည့် မဲလုံးက လက်ကကိုင်ထားသည့် ကိုရီးယား ယပ်တောင်ခပ်ကြီးကြီးကို တဖျပ်ဖျပ်နှင့် ခပ်လိုက်သည်။ ကင်ကြင်စိုး၏ ဓာတ်ကူးခန်းသည် မြေအောက်လိုဏ်ခေါင်း ခပ်နက်နက်တွင် ရှိသဖြင့် လေဝင်လေထွက်က သိပ်မကောင်း။ အဲယားကွန်းတပ်ထားသော်လည်း မဲလုံးအတွက် နေရထိုင်ရတာ အဆင်ကို မပြေလှ။ တကယ်ကတော့ ပူသည်၊ အေးသည်ဆိုတာထက် အခုလို ဝတ်စားထားရသည့်အတွက် မလုံမလဲနှင့် စိတ်ထဲက အနေရခက်နေသောကြောင့်သာ ပိုဖြစ်လိမ့်မည်။ မဲလုံး ဝတ်စားထားသည့်ပုံကို ဒီအတိုင်း လွယ်လွယ်ကူကူ ရှင်းပြ၍တော့မရ၊...
ဆယ်ပေါင်တူ - မြောက်နေပြည်က အယ်ဘ’ကင်ကြင်စိုး’
(မိုးမခ) ဇူလိုင် ၁၉ ၊ ၂၀၂၃ ‘ဘကြင် ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူးနဲ့ တူတယ်’ ကြင်စိုး မျက်နှာရိပ် မျက်နှာထားကို မသိမသာ အကဲခတ်ပြီး မဲလုံး မဝံ့မရဲ သွေးတိုးစမ်းလိုက်သည်။ အစမရှိ အဆုံးမရှိ စကားဆိုပေသည့် ကြင်စိုးတယောက် မဲလုံး ဘာကို ဆိုလိုသည်ကို ချက်ချင်းသဘောပေါက် သည်။ ‘ငါလည်း တတ်သလောက် မှတ်သလောက်တော့ လုပ်နေတာပဲ၊ ‘လမ်းအားလုံး နေပြည်တော်သို့’ ဆိုတော့ ရှိသမျှ လမ်းအားလုံး ကြိုပြီး ဖျက်ထားရရင် ကောင်းမလားလို့’ မဲလုံး အတော်လေးစိတ်ပျက်သွားသည်။ ညံ့လိုက်တဲ့သူ၊ ဒီလိုလူမျိုးရဲ့ခေါင်းထဲက ဒီလောက်ပဲ စဉ်းစားတတ်မှာ...
ဆယ်ပေါင်တူ - အပူသည်မလေး တပင်တိုင် မိကြင်စိုး
(မိုးမခ) ဇွန် ၂၈ ၊ ၂၀၂၃ မိကြင်စိုး ဆိုတာ မည်သူမည်ဝါပါလိမ့်ဟု မေးခွန်းထုတ်မည့်သူများ ရှိနိုင်သည့်အတွက် မိကြင်စိုးအကြောင်းက စ ရပါလိမ့်မည်။ စမည့်သာ စလိုက်ရသည် သိပ်တော့များများစားစား ရေးစရာမရှိ။ မိကြင်စိုးသည် ဘာမှမဟုတ်ဟု ရေးလိုက်သည်နှင့်ပင် လုံလောက်လေသည်။ အမှန်တကယ်ပင် ရပ်ထဲရွာထဲတွင် မိကြင်စိုးသည် ဘာဆိုဘာမှ မဟုတ်၊ လောက်လောက်လားလား စာရင်းထဲ မည်သူကမျှ မထည့်ကြ။ ရွာ့ကျက်သရေဆောင် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် ဆိုသည့် နေရာမျိုးဆိုလျင် အဝေးမှအဝေးကြီး၊ မိကြင်စိုး အနားသို့ပင် မသီနိုင်။ ပြောစရာရယ်ဆိုလို့...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Sal Paung
Contact Sal Paung, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack