(မိုးမခ) ဇန်နဝါရီ ၁၈ ၊ ၂၀၂၄ ဂျာမန်တစ်ယောက်က မင်းတို့ အခု လုပ်နေတာက တော်လှန်ရေး မဟုတ်ဘဲ ပြည်တွင်းစစ် ဖြစ်နေတာလို့ ပြောလာတဲ့အတွက် သူ့ကို ဘာကြောင့် တော်လှန်ရေး ဖြစ်ရကြောင်း ရှင်းပြဖြစ်ပါတယ်။ အချက်အလက်တွေ အများကြီး ပြောဖြစ်ခဲ့ပေမဲ့ အဓိက ပြောပြဖြစ်တာက လူထုရဲ့ သူတို့သဘောဆန္ဒကို လျစ်လျူရှုပြီး အာဏာလုတဲ့သူတွေအပေါ် တုံ့ပြန်တဲ့စကား ဖြစ်ပါတယ်။ 'ငါတို့ သဘောဆန္ဒ မပါရင် ငါတို့ကို ဘယ်သူမှ အုပ်ချုပ်လို့ မရဘူး'ဆိုတဲ့ စကားပါ။ တော်လှန်ရေးဝိဉာဉ်ဟာ အဲဒီအနှစ်သာရပေါ်မှာ အခြေတည်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ...
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Spring Revolution
ခွန်ကကြီး - ပအိုဝ်းမုန့်ဟင်းခါး
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၃ စစ်ပွဲဆယ်ရက်မြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းလိုက်တာ စခန်း ၁၂၀ ကျော်သွားပြီဆိုတော့ ကျဆုံးစစ်သားလို့ မှန်းလို့ရပါပြီ။ ခုကာလမှာ ရှေ့တန်းပို့တယ်ဆိုတာ သေလမ်းသွားခိုင်းတာလို့ စစ်သားတိုင်း သိပါတယ်။ စစ်သားမိသားစုတိုင်းကလဲ ငါ့လင် ငါ့သား ငါ့အဖေ ပြန်မတွေ့နိုင်တော့ဘူးလို့ နားလည်နေကြပါတယ်။ ဘာ့လို့လဲ ဆိုတော့ ပြန်လဲပေးစရာ စစ်သား မရှိတော့လို့ပါ။ ခေတ်မီလက်နက်အပြည့်အစုံရှိတဲ့ ရှမ်းမြောက်ကို ပို့မယ်ဆိုတော့ ပိုသေချာသွားတာပေါ့။ ရောက်ဖို့မလွယ်သလို ရောက်သွားရင်လဲ...
ရဲဘော်တေး - စခန်းတရာ တပတ်ကြာ
(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၃ Oct22 မှာ Operation 1027-3BHA ပေ့ချ်ဖွင့်။ ၂၇ ရက်မှာ MNDAA ကို မိတ်ဆက်တဲ့ နိက္ကမ ဇာတ်လမ်းတို ယူကျူ့မှာတင်။ တလှိုင်းပြီး တလှိုင်း လာမယ် မက်ဆေ့ကို ပြည်သူ့ထံပေးပို့ စိတ်ဓာတ်မြှင့်။ အဲဒီနေ့မှာ မနက် ၆ နာရီကစပြီး ပြည်ထောင်စုလမ်းမကြီး အရေးပေါ်ပိတ်ပင်ကြောင်း ကြေညာချက်ထုတ်။ ရည်ရွယ်ချက်က ရှမ်းမြောက်အထူးဒေသ (၁) က စကစစခန်းတွေ တိုက်ထုတ်ဖို့၊ ကျဖျင်ကုမ္ပဏီတွေ ရှင်းဖို့နဲ့ ကျဖျင်အကာအကွယ်ပေးတပ်တွေ စစ်အင်အား မတိုးချဲ့နိုင်ဖို့။ ပြီးတော့ စစ်ဆင်ရေးကြီး စတင်ကြောင်း ပြည်သူတရပ်လုံးအတွက်...
အောင်ဝေး - ရက် ၁၀၀၀ စစ်တမ်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၃ ( ၁ ) လူထုအာဏာ အလုခံရတာ ရက်၁၀၀၀ ပြည့်ပြီ။ လူထုအာဏာအသိမ်းခံရတာ ရက် ၁၀၀၀ ရှိပြီ။ NLD အာဏာအလုခံရ၊ အသိမ်းခံရတာ မဟုတ်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် လူထုထံက ဆင်းသက်သည်။ လူထုက NLD ကို ရွေးကောက်ပွဲဖြင့် မဲပေး ရွေးချယ်ကာ အာဏာအပ်နှင်းခြင်း ဖြစ်သည်။ မူလအာဏာပိုင်ရှင်သည် လူထုပင်။ အာဏာပိုင်ရှင်အစစ်သည် လူထု၊ လူထုသည် ဧကန်စင်စစ် အာဏာရှင်အစစ် ဖြစ်၏။ ၁၉၃၈ တက္ကသိုလ်တတိယသပိတ်တွင် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သည်။ ဗိုလ်အောင်ကျော် ဈာပနတွင် တကသကျောင်းသားခေါင်းဆောင်...
ရဲဘော်တေး - မ နဲ့ မြ
(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၃ “မအလကတော့ ဂွမ်းပြီ၊ သောက်ကျိုးနဲ ဂွမ်းပြီ၊ အကြီးအကျယ်ကို ဂွမ်းဘီ” (ဂိုရှယ်လေး၏ ယူကျုံးမရအသံကြီးဖြင့် ဖတ်ရန်) တရုတ်ရဲ့ တတိယအကြိမ် ရပ်ဝန်းနဲ့ ပိုးလမ်းမဖိုရမ်က တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်လေးထောင်လောက် စာရင်းပေးထား၊ အသေးဆုံးက ထိုင်းဝကခသစ်။ ပူတင်ပါ ပြူတစ်ပြူတစ်လုပ်တဲ့ပွဲ။ ဂူတာရက်တောင် တက်ပရဇေပွဲ။ အဲဒါ ဘီဘီစီကတော့ ငပု တက်ရောက်ခွင့်မရ၊ မြထွန်းဦးဘဲ ရသယ်လို့ ရေးတာဘဲ။ ဆိုလိုတာက ငပုက လူစဉ်မမီ၊ မြထွန်းဦးပခုံးတောင် သောက်အရပ်က ခုံခုရလို့ မဖိတ်သယောင်ယောင်ရေးတာပေါ့။ အဲဒါကို...
လေခဏီ - လာဘ်ကိစ္စမှာ ရန်သူမရှိ
(မိုးမခ) အောက်တိုဘာ ၁၇ ၊ ၂၀၂၃ အုပ်ချုပ်ရေးနဲ့အတူတူ တွဲပါလာတာကတော့ လာဘ်ပေးလာဘ်ယူမှုပေါ့။ အုပ်ချုပ်ခွင့်၊ စီမံခွင့်၊ တရားစီရင်ခွင့် ရှိတယ်ဆိုရင် အဲဒီနေရာတွေနဲ့အတူ တပြိုင်နက်တည်းပါလာတာက လာဘ်စားခွင့်၊ လာဘ်ပေးလာဘ်ယူခွင့်ပဲ။ အဲတော့ အုပ်ချုပ်ရေးနဲ့အတူ လာဘ်ပေးလာဘ်ယူမှု အားကောင်းလာပြီဆိုလို့ရှိရင် အဲဒါအစိုးရတစ်ဖွဲ့ပြုတ်ကျဖို့မှာ အမြန်ဆုံးနည်းလမ်းနဲ့ အကောင်းဆုံးနည်းလမ်းပဲ။ သေနတ်နဲ့ ပစ်ချတာထက် စိတ်ချရတယ်။ ကျည်ဆံထက်ကို စိတ်ချရတယ်။ အဲဒါက အခုကာလမှာ အင်မတန်အရေးကြီးတဲ့ဟာလို့ ယူဆရတယ်။ စစ်အုပ်စု အစစအရာရာ...
အောင်သစ် - နွေဦးတော်လှန်ရေး နှင့် လက်တွေ့အကျပ်အတည်းများ (အပိုင်း - ၂)
(မိုးမခ) အောက်တိုဘာ ၁၅ ၊ ၂၀၂၃ နွေဦးတော်လှန်ရေးကာလ နိုင်ငံရေးအခင်းအကျင်းနှင့် နိုင်ငံရေးဖော်ပြချက်များ၊ နိုင်ငံရေးအခင်းအကျင်းကို ဖော်ပြရလျှင် နွေဦးတော်လှန်ရေးမတိုင်မီကာလနှင့် နွေဦးတော်လှန်ရေးကာလဟူ၍ ၂ ပိုင်းခွဲ ဖော်ပြရမည် ဖြစ်ပါသည်။ ၂.၁။ နွေဦးတော်လှန်ရေးကာလ နိုင်ငံရေးအခင်းအကျင်း နွေဦးတော်လှန်ရေးမတိုင်မီကာလ နိုင်ငံရေးအခင်းအကျင်းသည် အဓိကအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ လွှတ်တော်နှင့် လွှတ်တော်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုများ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ခေါ်...
ရဲဘော်တေး - အခက်ခဲဆုံးကာလ ဖြတ်ကြရတော့မယ်
(မိုးမခ) အောက်တိုဘာ ၁၃ ၊ ၂၀၂၃ "တသက်တကျွန်း မိုးမြင့်ထွန်း၊ လျှပ်စစ်ကုလားထိုင် မင်းအောင်လှိုင်" လို့ တပ်ထဲမှာ ပြောနေကြပြီ။ မိုင်လိုင်ခက် စစ်ရှောင်စခန်းမှာ ဖျက်အားပြင်းဗုံးသုံးပြီး အိပ်မောကျနေတဲ့ ကလေး လူကြီးတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်၊ သတ်ပြီး ကိုယ် မလုပ်သလိုလို၊ KIA ကပဲ သူ့လူတွေကို သူ ပြန်သတ်သလိုလိုမျိုးနဲ့ ဘယ်လို ဖြစ်သွားတယ် ဆိုတာ တရုတ်နဲ့ပေါင်းပြီး စုံစမ်းစစ်ဆေးအုံးမယ်၊ KIA ယမ်းတိုက် ပေါက်ကွဲတာ ဖြစ်မယ်ဆိုပြီး နသားပယား ထပ်လုပ်၊ အေး မင်းတို့ဗိုလ်ချုပ်အားလုံး မြေးတွေ သားသမီးတွေနဲ့ဆိုတာတော့...
အောင်သစ် - နွေဦးတော်လှန်ရေး နှင့် လက်တွေ့အကျပ်အတည်းများ (အပိုင်း - ၁)
(မိုးမခ) အောက်တိုဘာ ၁၀ ၊ ၂၀၂၃ နိဒါန်း နိုင်ငံရေးသိပ္ပံပညာရပ်ရှုထောင့်မှ သဘောတရားပေတံများဖြင့် ကြည့်မြင်ပြီး မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် (Civil War) ရှိ မရှိ ငြင်းခုံခဲ့သည်မျိုး ရှိခဲ့ဖူးသည်။ လက်တွေ့ သည် သဘောတရားထက် အရင်လာသည့်အတိုင်း မြန်မာပြည်သူတို့၏ လက်တွေ့ ဘဝက ငြင်းခုံနေစရာ အကြောင်းမရှိ၊ စဉ်းစားနေစရာ မလို၊ ပြည်တွင်းစစ်ကို အနှစ် (၇၀) ကျော် ခံစားလာခဲ့ပြီ၊ ပြည်တွင်းစစ်အနှစ် (၇၀) ကျော်ဆိုသည်မှာပင် လက်နက်ကိုင်တော်လှန်ရေး အနှစ် (၇၀) ကျော် ဖြစ်သည်။ လူမျိုးစုံ ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေး...
သီအိုဇော် - အာဆီယံ၊ အာရပ်လိဂ်နှင့် မျက်မှောက်နွေဦးတော်လှန်ရေး
(မိုးမခ) စက်တင်ဘာ ၂၄ ၊ ၂၀၂၃ ပုဂံရာဇဝင် တုတ်ထမ်း ဓားထမ်းပြောကြရတယ်လို့ တင်စားပြောကြပါတယ်။ တချိန်ကျရင် နွေဦးတော်လှန်ရေးအကြောင်း ဒီလိုပဲ ပြောဆိုကြလေမလား၊ အခုကတည်းက ဆူဆူညံညံ အသံတွေ မပြတ်ကြတာတော့ မျက်မြင်ပါပဲ။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝန်ကိုယ်ထမ်း ခရီးဆက်နေကြရပြီး အောင်ပွဲနဲ့ ဇာတ်သိမ်းနိုင်တဲ့တနေ့မှာတော့ ‘ပုံသဏ္ဌာန်သစ်နဲ့ တော်လှန်ရေး’အဖြစ် သမိုင်းမော်ကွန်းတင်ကြမှာ သေချာပါတယ်။ အားလုံး နားလည်ထားကြတဲ့အတိုင်း တော်လှန်ရေးရဲ့ ဗဟိုချက်မဟာ ပြည်တွင်းမှာရှိတာပါ။ ပြည်သူတွေလောက် ပဓာနမကျလည်း နိုင်ငံတကာရဲ့...
လေခဏီ - ရဲဘော်တို့သည် စကြဝဠာဘုရင်နဲ့ ဘုရားလောင်းများ ဖြစ်ကြသည်
(မိုးမခ) စက်တင်ဘာ ၁၂ ၊ ၂၀၂၃ (ရဲဘော် = ကျား၊ မ နှစ်ဦးဆိုင်နာမ်) ကနေ့ တော်လှန်ရေးမှာ ကျား၊ မ ကဏ္ဍ ပျောက်သလောက်ပဲ။ အကုန်လုံး ကိုယ်တတ်နိုင်ရာက ပါဝင်နေကြတယ်။ ဒါကလည်း တော်လှန်ရေးရဲ့အနှစ်သာရတခုဘဲ။ စကစတောင် အမျိုးသမီးစစ်သည်တော်တွေ တလတွန်း ခေါ်နေတာကြည့်။ ကျား၊ မ ခွဲခြားတဲ့ပြသနာက ဘာသာရေးက လာသလိုလို ပြောကြတယ်။ တကယ်တော့ ဘာသာရေးမပေါ်ခင်ကထဲက စတဲ့အစဉ်အလာလို့ ဆိုရမယ်။ လူ့သမိုင်းခေတ်ဦးကတည်းက နေနေ ငါလုပ်လိုက်မယ်၊ မင်း ဘေးဖယ်ဆိုတဲ့ ငနဲတွေက စခဲ့ပုံပါပဲ။ တကယ်တော့ ဘာသာရေးရဲ့ မူလအစက ဘာမှ မခွဲခြားဘူးရယ်။...
ဆယ်ပေါင်တူ - ကျပ်နှစ်သောင်းတန် ကြင်စိုးနှင့် တိုင်ပတ်နေသော မဲလုံး
(မိုးမခ) စက်တင်ဘာ ၉ ၊ ၂၀၂၃ ‘ပိုက်ဆံလိုရင် ပိုက်ဆံရိုက်ထုတ်ကြရုံပဲ ရှိတာပေါ့’ ဆိုပြီး ကြင်စိုးလိုလူက သူဉာဏ်မီသလောက်သာ ခပ်လွယ်လွယ်ပဲ တွေးတတ်တဲ့နောက် ကျပ်နှစ်သောင်းတန်အသစ်တွေ ဗုံးပေါလအော ထွက်လာတာကို ဘယ်သူကမှ အဆန်းတကြယ် ကိစ္စလို့ မမြင်မိကြပါဘူး။ မလုပ်တတ် မကိုင်တတ်နဲ့၊ လူလိုပဲ ဉာဏ်ရည်ကလည်း ပေမမီ ဒေါက်မမီ ဆိုတော့ တချိန်မဟုတ်တချိန် ဒီဘူတာပဲ ဆိုက်လာလိမ့်မယ်ဆိုတာကို အားလုံးက မျှော်လင့်ပြီးသားပါ။ ဒါပေမဲ့ ဒီပိုက်ဆံရိုက်ထုတ်တဲ့ကိစ္စ ခပ်မြန်မြန် ဖြစ်လာစေရတဲ့ ထူးထူးခြားခြား အကြောင်းတွေ ရှိတယ်ဆိုပြီး...
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အညာဆီ အညာသွေးနဲ့ အညာပြည် အညာအရေး
(မိုးမခ) စက်တင်ဘာ ၈ ၊ ၂၀၂၃ ငါတို့အညာမှာ ဘာမှ မရှိတော့ဘူး။ ဘာမှ မကျန်တော့ဘူး။ ရွာတွေအကုန်လုံး မီးတိုက် ခံလိုက်ရတဲ့နောက်မှာ လက်မှုပစ္စည်းဆိုတာမျိုး မရှိတော့ဘူး။ ရှေးက ထိန်းလာတဲ့ ဘာပစ္စည်းမှ မကျန်တော့ဘူး။ ရှေးဟောင်းလက်ရာတွေဆို လှည်းတောင် မကျန်တော့ဘူး..နော်။ ဘာဆိုဘာမှ အညာမှာ မကျန်တော့ဘူးလို့ ပြောရင်ရတယ်။ အဲဒီ မီးရှို့ခံလိုက်ရတဲ့အထဲမှာ စိတ်တွေပါ ဘယ်လောက် လောင်မြိုိုသွားမလဲဆိုတာ မှန်းမရဘူး။ အကောင်းမြင်စိတ်တွေ၊ ချစ်ခင်စိတ်တွေ၊ ညှာတာစိတ်တွေ၊ ဖေးမစိတ်တွေ၊ သိသိ မသိသိ ဖော်ရွေစိတ်တွေ၊ ပြုံးပြဖို့...
သီအိုဇော် - ပြည်သူများ၏ နာကြည်းမုန်းတီး စက်ဆုပ်ရွံရှာမှုနှင့် အာဏာရှင်နိဂုံး
(မိုးမခ) စက်တင်ဘာ ၅ ၊ ၂၀၂၃ အာဏာရှင်တို့ရဲ့ ဇာတ်သိမ်းခန်းအကြောင်း စဉ်းစားမိတဲ့အခါ သူတို့ကိုယ်တိုင် အိပ်မက်မထားတဲ့ နိဂုံးအဆုံးသတ်၊ ပြည်သူတွေဘက်ကလည်း ဘယ်လိုပဲ ဖြစ်စေချင်တဲ့ ဆန္ဒကျိတ်ပြီးရှိနေခဲ့ပါစေ၊ မျှော်လင့်မထားရဲခဲ့ကြတဲ့ ဇာတ်သိမ်း၊ နိုင်ငံတကာအနေနဲ့လည်း အငိုက်မိ အံ့အားသင့်သွားရတဲ့ အလှည့်အပြောင်းတွေ ဖြစ်ပျက်ခဲ့တာကို သတိပြုမိပါတယ်။ ဇာတ်သိမ်းမကောင်းကြတဲ့ အာဏာရှင်တွေထဲက ပြည်သူတွေရဲ့ ခါးသီးလှတဲ့ အမုန်းကို ပူးတွဲရယူသွားကြသူ ရိုမေးနီးယား အာဏာရှင် ဇနီးမောင်နှံအကြောင်းက သင်ခန်းစာယူစရာတခုလို့...
ရဲဘော်တေး - နှလုံးနာ
(မိုးမခ) ဩဂုတ် ၂၉ ၊ ၂၀၂၃ မြန်မာ ဗုဒ္ဓဘာသာတွေမှာ နှလုံးနာသွားရတဲ့ အဖြစ်အပျက်ကြီး နှစ်ခုရှိတယ်။ ပထမတခုက ရွှေဝါရောင်။ တိုင်းပြည် ဆင်းရဲကျပ်တည်းနေတာကို မကြည့်ရက်လို့ သံဃာတော်တွေက မေတ္တာသုတ် ပရိတ်ရွတ်ပြီးတော့ စီတန်းထွက်လာတယ်။ အဲဒီလိုထွက်လာတဲ့ကိုယ်တော်တွေကို ရဲနဲ့ စစ်တပ်က ခေါင်းရိုက်ခွဲတာ။ ကျောင်းတိုက်တွေကို ဝင်စီး ရိုက်နှက်ဖမ်းဆီးကန်ကျောက်တာ။ ကိုယ်အင်မတန်လေးစားမြတ်နိုး တန်ဖိုးထားတဲ့ ရဟန်းတော်တွေကို အဒီလိုလုပ်တာ မြင်လိုက်ရတဲ့အချိန်၊ ဂြိုလ်တုကနေ ကြည့်လိုက်ရတဲ့အချိန်မှာ အကုန်လုံး ရှော့ရသွားတယ်။...
ဆယ်ပေါင်တူ - မင်းဘယ်ဒိုးမလဲ မိကြင်စိုး
(မိုးမခ) ဩဂုတ် ၂၄ ၊ ၂၀၂၃ မိကြင်စိုးအကြောင်း ပြောရသည်မှာ မကောင်းတာတွေချည်းပဲလို့ ဆိုလိုက်လျှင် ငြင်းမယ့်သူက မရှိမသလောက်ပင်။ ရွာထဲမှာ ငွေအနံ့လေးများ မရလိုက်နှင့်၊ မိကြင်စိုးတို့ တမိသားစုလုံး နှာခေါင်းတရှုံ့ရှုံ့ အမြီးတယမ်းယမ်းနဲ့လို့ ဆိုပြီး ဥပမာ ဥပမေယျ ပေးရလောက်အောင် ဣန္ဒြေမဆည်နိုင်ကြ။ ပြောသာပြောရသည် ရွာမှာရှိသမျှ လုပ်ငန်းအားလုံး မိကြင်စိုးတို့နှင့် မကင်းနိုင်လေတော့ အတော်ကို လုပ်တတ်ကိုင်တတ် ရှိလွန်းလှသည်ဟုပင် ဆိုရမလိုလို။ မိကြင်စိုးတို့ရွာတွင် အလှူလက်ဖက်နှင့် မျက်နှာလုပ်သည်ဟု ဆိုလေ့ဆိုထမရှိ၊...
ရဲဘော်တေး - CDM စိတ်ဓာတ်
(မိုးမခ) ဩဂုတ် ၂၁ ၊ ၂၀၂၃ “CDM စိတ်ဓာတ်” ဆိုတဲ့ စကားလုံး ဒေါက်တာထွန်းမြင့် အင်တာဗျူးတခုမှာ ထည့်ပြောသွားတယ်။ သူ ပြောတာက တပ်မှာ CDM မလုပ်သာတဲ့လူတွေ ရှိတယ်။ ဒါပေလို့ သူတို့ဟာ CDM စိတ်ဓာတ် ရှိကြတယ်တဲ့။ အဲဒါကြောင့် စစ်တပ်ဟာ တိုက်ပွဲတွေ ရှုံးနေတာတဲ့။ ကိုယ့်ရပ်ကိုယ့်ရွာ မီးရှို့၊ ကိုယ့်ဆွေကိုယ်မျိုး ပြန်သတ်နေရတော့ ဘယ်စစ်သားမှ တက်တက်ကြွကြွမရှိကြတော့သလို မနိုင်မှန်းသိရက်နဲ့ ဇွတ်တိုက်ခိုင်းနေတော့ ဘယ်အမိန့်မှ သိပ်မနာခံကြတော့။ တချို့ စစ်သားတွေဟာ သေမှာမှန်းသိရက်နဲ့ တက်ကြရတာ။ ဗိုလ်ချုပ်တွေက စစ်သားတွေနဲ့...
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူမလေး ခွေးမခန့်
(မိုးမခ) ဩဂုတ် ၁၈ ၊ ၂၀၂၃ လူမလေး ခွေးမခန့်ဆိုတာ မအလနဲ့မှ ဒက်ထိ။ လူကတော့ တတိုင်းပြည်လုံးက လူတွေအကုန် မလေးတာ။ ထည့်ကို မတွက်တာ။ အာဏာသိမ်းပါပြီ ဆိုကတည်းက "အာဏာရူးတဲ့ မင်းအောင်လှိုင် ဖုန်ရှူလိုက် ဖုန်ရှူလိုက်" ဆိုပြီး ကလေးတွေအသားကုန်အော်ခဲ့တာသာကြည့်။ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေ ကြည့်လိုက်ရင်လဲ "ဒေါက်လုတဲ့ စောက်ပု" "အပုလေးရေ မဆိုးနဲ့ကွာ" ဆိုတာတွေချည်း။ ကလေးကစ သူ့ကို လူစင်မီတယ်လို့သဘောမထားဘူး။ ဘယ်လူမှ မလေးဘူး။ တကမ္ဘာလုံးမှာ အဆဲအခံရဆုံး၊ စောက်ခွက် အနင်းအခံရဆုံးဘွဲ့ရ။ ရိပ်သာဝင်ယောဂီကစ ဆဲတာ၊ သူ့ရဲတွေကစ...
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူ့အာသာဖြေဘုရား
(မိုးမခ) ဩဂုတ် ၁၆ ၊ ၂၀၂၃ အစိမ်းသရဲတွေ လူလုံးမပြရတာ ဘာလိုလိုနဲ့ သုံးနှစ်သုံးမိုး ရှိပေါ့။ ငဗစ်နဲ့တနှစ်ကျော် ပိတ်မိပြီး ရွေးကောက်ပွဲစည်းရုံးခွင့်လေး ဒေါ်စုက ပေးသနားခိုက် ကပျာကယာတို့ပတ်ရိုက်ထွက်ခဲ့ပြီးကထဲက ပျောက်သွားလိုက်တာ ကျောက်ဆင်းတုကိုယ်တော်ကြီး ပွင့်တော်မူမှဘဲ ပေါ်လာရတော့တာကလား။ အာ့ကြောင့် ဘုရားတရုံးရုံးသွား စိမ်းလုံးပြနေကြတာ။ သူရို့ခမျာ ငဗစ်ကာလထဲ စေတနာ့ဝန် တကယ်မထမ်းနိုင်ကြတော့ အစိမ်းရောင်မသန်းလိုက်ရ။ တဖြည်းဖြည်းနဲ့ လူတန်းမစေ့ လူတွေ့မခံ လူ့ထံမရောက် ဓါးမနောက်ပိတ်ခွေး လူရေးမဝင် လူတွင်မဆန့်...
မောင်ဘဦး - အဆုံးထိ ရောက်အောင် သွားဖို့သာ လိုပါသည်
(မိုးမခ) ဩဂုတ် ၁၅ ၊ ၂၀၂၃ ["ဘုရားအလောင်းတော်သည်လည်း ငြိမ်သက်သော ဣန္ဒြေ၊ ငြိမ်သက်သော စိတ် ရှိတော်မူသည်ဖြစ်၍ အတုမရှိသော အဆင်းတော်၏ တင့်တယ်စံပယ်ခြင်းဖြင့် ဖူးမြင်ကြသူ ရာဇဂြိုဟ်ပြည်သူပြည်သား လူအများ၏ မျက်စိတို့ကို ဆွဲငင် ယူဆောင်သကဲ့သို့ (၁) ထမ်းပိုးတစ်ပြန်(လေးတောင်ခန့်မျှ) ကိုသာကြည့်ရှူလျှက်၊ (၂) အနီအဖြူ အကြောင်အကြား အကြမ်းအနု ရောပြွမ်းသည့် မိဿကဆွမ်းကို (၃) မျှတလောက်ရုံသာ ခံတော်မူပြီးလျှင်၊ (အရှင် ဓမ္မသာမီဘိဝံသ၊ ပုံတော်စုံ မူလ မဟာဗုဒ္ဓဝင်)"] အညာဒေသ ဝါတွင်းကာလ၊ ငယ်ရွယ်စဉ် ဘုန်းကြီးကျောင်းသားဘဝက...
ဆယ်ပေါင်တူ - ကာချုပ်လိုလို ပေါတိပေါချာ ကာရာအိုကေ အဆိုရှင်လိုလို
(မိုးမခ) ဩဂုတ် ၁၅ ၊ ၂၀၂၃ လူရော စိတ်ပါ အိုက်နေပုံရသည့် မဲလုံးက လက်ကကိုင်ထားသည့် ကိုရီးယား ယပ်တောင်ခပ်ကြီးကြီးကို တဖျပ်ဖျပ်နှင့် ခပ်လိုက်သည်။ ကင်ကြင်စိုး၏ ဓာတ်ကူးခန်းသည် မြေအောက်လိုဏ်ခေါင်း ခပ်နက်နက်တွင် ရှိသဖြင့် လေဝင်လေထွက်က သိပ်မကောင်း။ အဲယားကွန်းတပ်ထားသော်လည်း မဲလုံးအတွက် နေရထိုင်ရတာ အဆင်ကို မပြေလှ။ တကယ်ကတော့ ပူသည်၊ အေးသည်ဆိုတာထက် အခုလို ဝတ်စားထားရသည့်အတွက် မလုံမလဲနှင့် စိတ်ထဲက အနေရခက်နေသောကြောင့်သာ ပိုဖြစ်လိမ့်မည်။ မဲလုံး ဝတ်စားထားသည့်ပုံကို ဒီအတိုင်း လွယ်လွယ်ကူကူ ရှင်းပြ၍တော့မရ၊...
ကိုသန်းလွင် - အီလွန်မတ်၏ ဂြိုဟ်တုအင်တာနက်
(မိုးမခ) စက်တင်ဘာ ၃ ၊ ၂၀၂၃ ( ၁ ) မတ်လ ၁၇ ရက်နေ့က အမေရိကန်ဗိုလ်ချုပ်ကြီးမီလီ (Mark A Miley) နှင့် ယူကရိန်းမှ ဗိုလ်ချုပ်ကြီး ဇူလူညီ (Valary Zuluzhnyi) တို့ တယ်လီဖုန်း ဆက်သွယ်၍ စကားပြောကြရာတွင် ယူကရိန်း ဗိုလ်ချုပ်က မစ္စတာ အီလွန်မတ်၏ စတားလင့်အင်တာနက်ကို စဉ်ဆက်မပြတ် ဆက်လက်အသုံးပြုနိုင်ရေးကို အလေးပေး ပြောကြားခဲ့ပါသည်။ မစ္စတာမတ် (Elon Musk) သည် တက်စလာကုမ္ပဏီ၊ Space X ကုမ္ပဏီတို့ကို ပိုင်ဆိုင်ပြီး မကြာမီကမှ တွစ်တာ ကုမ္ပဏီကို ဝယ်ယူခဲ့ကာ X ဟု အမည်ပြောင်းခဲ့သူ ဖြစ်သည်။ သူသည် စတားလင့်ခေါ်...
သီအိုဇော် - နွေဦး၏အောင်ပွဲဋီကာ
(မိုးမခ) ဩဂုတ် ၁၄ ၊ ၂၀၂၃ ဗန္ဓုလနဲ့ ဦးပေါ်ဦးကို တမ်းတဖို့ မလိုသလို ဆွန်ဇူးနဲ့ နပိုလီယန်ကိုလည်း ကြံဖန်မေးခွန်းမထုတ်ချင်နဲ့။ စွယ်စုံကျမ်း အထပ်ထပ်လှန် စစ်ကျမ်းအပြန်ပြန်ဖတ်ရင်း စစ်သမိုင်းပြတိုက်တွေထဲ ခေါင်းစိုက်ရှာဖွေမနေနဲ့။ အိုက်ဆင်ဟောင်ဝါ ဆိုကရေးတီး အဖြေကူရှာပေးစရာမလို ဂူဂယ်လ်နဲ့ ChatGPTကိုလည်း ထိုင်ငိုငိုပြမနေနဲ့။ ဒီမှာ အသေအချာမှတ် စစ်ပွဲ ကြီး ငယ် ရလဒ် စိတ်ဓာတ်ကပဲ ဆုံးဖြတ်တယ် စိတ်ဓာတ်ခွန်အားမဲ့ရင် လက်နက်ဆိုတာ အသုံးကိုမတည့် အလှူအတန်းပေးဖို့သက်သက် ကျောက်ပေါ်မဆောက် သဲပေါ်ပေါက်တဲ့ ပြိုလဲယိုင်နဲ့...
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘုရားလေးတည်မိပါတယ် ကြွယ်ရတယ်ကို မရှိ
(မိုးမခ) ဩဂုတ် ၅ ၊ ၂၀၂၃ လူက ကျချိန်တန် ဘာလုပ်လို့မှ မအောင်မြင်ဘူးရယ်။ လုပ်သမျှ ဒုက္ခချည်း။ ကြင်စိုးသာကြည့်။ ဘုရားလေး တည်မိပါတယ်။ ကြွယ်ရတယ်ကို မရှိ။ ဆရာတော်က လက်သုံးချောင်းထောင်ပြီး မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုပြီး ဘုရားတိုင်းရဲ့ လက်သုံးချောင်း တရားဟောသွားလိုက်တာ တော်လှန်ရေးအားဖြည့်လိုက်သလိုဖြစ်သွားလို့ အမျှတောင် စိတ်ပါလက်ပါ မဝေလိုက်ရ။ အင်း ဝေလဲ ဘယ်သူမှ သာဓုခေါ်မည့်သူ မရှိ။ နောက် ဂူကြီးရဲ့ ဖားချက်။ ဂူကြီးရဲ့ ဖားချက်ကလဲ “ဘုရားက စမိုင်းလင်” ဆိုပြီး ဂူစမာန...
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကိုးနဝင်း မိုးလင်းမှ သိမယ် သာဝရေ
(မိုးမခ) ဩဂုတ် ၄ ၊ ၂၀၂၃ ဘယ်ဗေဒင်စရာ ဂျင်းလဲ မသိ၊ စောက်ပုခမျာ မာရဝိဇယကို ကိုးနဝင်းကျေအောင် ကြံဖန်လုပ်ရရှာတာ။ ဒေါ်စုကို ထောင်ဒဏ်လျှော့တာကအစ ကိုး ဖြစ်နေမှ။ သူ မသိတာက ဂဏန်း ၉ အဓိပ္ပာယ်ရတဲ့ နဝ ဆိုတဲ့ ပါဠိဟာ ကိုးနဝင်း ဆိုတဲ့ အဓိပ္ပာယ် တခုတည်းမဟုတ်ဘဲ ကျပ်မပြည့်ခြင်း၊ သို့မဟုတ် ယုတ်လျော့ခြင်းရယ်၊ အသစ်ရယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတာပဲ။ စောက်ပုရဲ့ နဝကတော့ ကျပ်မပြည့်ဆိုတဲ့ အဓိပ္ပာယ်ကလွဲ တခြားမဖြစ်နိုင်ဘူး။ ဒါမှမဟုတ်လည်း လျော့ပါးဆုတ်ယုတ်လာတာပေါ့။ နောက် သူ့အတွက် ဆိုးတာက နဝ = အသစ် ဆိုတဲ့ဟာ။ ဘုရားပြီးတာနဲ့...
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒေါ်အောင်ဆန်းစုကြည်နှင့် ပဉ္စာနန္တရိယကံကြီးထိုက်သူမျာ
(မိုးမခ) ဇူလိုင် ၃၁ ၊ ၂၀၂၃ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသဘောထားက အရင်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မတူတာများတယ်။ သူက မြေအောက်မလုပ်ဖူး။ ဥပဒေပေးထားချက်ထဲက ရအောင်လုပ်တာ။ ဥပဒေဆိုတာက ဘာကောင်ဘဲအုပ်အုပ်၊ ဘာစနစ်ဘဲလုပ်လုပ် လူမြင်ကောင်းအောင် ပေးထားရတဲ့အခွင့်အရေးလေးတွေက ရှိသေးတာကိုး။ သူက အဲဒီဘောင်ထဲကနေ တော်လှန်တာ။ ဘာလို့ အဲလို တော်လှန်ရေးမျိုးကို ရွေးလဲဆိုတော့ သူ လုပ်နိုင်တာကိုး။ လက်နက်ကိုင်တာတို့ ဘာတို့ကျ သူ မလုပ်နိုင်ဘူး။ သူက သူကိုယ်တိုင်မလုပ်တဲ့ဟာကို သူများကို မခိုင်းဘူး။ မစည်းရုံးဘူး။...
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရဋ္ဌနန္ဒက = ကြိုးစင်
(မိုးမခ) ဇူလိုင် ၂၈ ၊ ၂၀၂၃ အကြောင်းကံကတော့ နှစ်သောင်းတန်ဘဲ၊ ဗြောင်းဆန်တာကို ပျော့ထာ။ ကိုယ့်ဘွဆိုးလှမှတ်တာ၊ ဆင်ရိုးခံရတဲ့ကောင်ထက်တော့ ကြွယ်လို့ မရဘူးယေ။ ကြည့်၊ ဆင်က မွေးစက ဂရေး။ အဲဒါဂို ဘုန်းတော်ကြောင့် ဖြူလာတော့မှာ ဝိုင်းကြပ်ကြတော့ အူချာဘော့တို့ ရင်ကော့ပီး ရဋ္ဌနန္ဒကတွေဘာဒေနဲ့ ဆင်နာမည်ပေးကင်ပွန်းတပ်တွေဘာဒေ ထလုပ်ပီပေါ့။ ဟိုက မဖွေးဘဲ ဂရေးကနေ အညိုဆင်၊ အညိုဆင်က မဲနယ်ပြောင်း၊ ခုတော့ ဆင်သားအမိ၊ ရေနွေးဖျောခံရမှာ ကြောက်နေလောက်ပေါ့။ ဟို ဂေါက်ကြောင်က မလုပ်ဖူးပြောမရ။ သူ့မှာလဲ ဆင်ဖြူဖြစ်မှ...
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငွေထုတ်ရင် သေရုပ်ဆင်
(မိုးမခ) ဇူလိုင် ၂၄ ၊ ၂၀၂၃ ပိုက်ဆံများကွာ၊ ကာလာပရင်တာတလုံးရှိ ရတာပဲဆိုတဲ့ကောင်နဲ့ ဉာဏ်ရည်မကွာတာက ခေါသနီလင် ဗိုလ်တုကြင်စိုး။ မအလ ဆိုတော့ ငွေတုဂိုဏ်းနဲ့စာရင်တော့ ယတြာတွဲချေလို့ ရတာပေါ့။ နှစ်တွေ သောင်းချီရှည်ချင်လို့ နှစ်သောင်းထုတ်သတဲ့။ ကြောင်ချက်က ပြောင်လက်။ စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း ဆိုတဲ့ စနည်းကို အဓိကချေဖျက်ချင်လို့ စစ်ကိုင်းတံတားကြီး နောက်ကျောထိုးလို့ပလေ။ ရှေ့ဘက်ကတော့ သောက်ရူးထတဲ့အကွက်။ မင်းကောင်းမြတ်သော် ဆင်ဖြူပေါ် ဆိုတဲ့အထာ။ သူ မသိတာက မင်းခေါင်းပြတ်သော် ဆင်ဖြူပေါ် ဆိုတဲ့...
ဆယ်ပေါင်တူ - မြောက်နေပြည်က အယ်ဘ’ကင်ကြင်စိုး’
(မိုးမခ) ဇူလိုင် ၁၉ ၊ ၂၀၂၃ ‘ဘကြင် ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူးနဲ့ တူတယ်’ ကြင်စိုး မျက်နှာရိပ် မျက်နှာထားကို မသိမသာ အကဲခတ်ပြီး မဲလုံး မဝံ့မရဲ သွေးတိုးစမ်းလိုက်သည်။ အစမရှိ အဆုံးမရှိ စကားဆိုပေသည့် ကြင်စိုးတယောက် မဲလုံး ဘာကို ဆိုလိုသည်ကို ချက်ချင်းသဘောပေါက် သည်။ ‘ငါလည်း တတ်သလောက် မှတ်သလောက်တော့ လုပ်နေတာပဲ၊ ‘လမ်းအားလုံး နေပြည်တော်သို့’ ဆိုတော့ ရှိသမျှ လမ်းအားလုံး ကြိုပြီး ဖျက်ထားရရင် ကောင်းမလားလို့’ မဲလုံး အတော်လေးစိတ်ပျက်သွားသည်။ ညံ့လိုက်တဲ့သူ၊ ဒီလိုလူမျိုးရဲ့ခေါင်းထဲက ဒီလောက်ပဲ စဉ်းစားတတ်မှာ...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Spring
Contact Spring, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack