(မိုးမခ) စက်တင်ဘာ ၂၈ ၊ ၂၀၂၃ (AI and Education) Artificial Intelligence (AI) ဟာ ပညာရေးလောကကို ဝင်ရောက်လာပါပြီ။ အထူးသဖြင့် နည်းပညာထွန်းကားတဲ့ တိုင်းပြည်တွေမှာ AI ကို သင်ကြားရေး၊ သင်ယူရေးကိစ္စတွေမှာ စနစ်တကျ အသုံးပြုလာကြပါပြီ။ ၁။ ပညာရေး၏ရည်မှန်းချက်နှင့် AI ၏လုပ်ဆောင်ချက် ပညာရေးရဲ့ရည်မှန်းချက်တွေထဲမှာ ကျောင်းသားတွေကိုယ်တိုင် စူးစမ်းရှာဖွေသင်ယူပြီး ဆင်ခြင်သုံးသပ်နိုင်ဖို့၊ တီထွင်ဖန်တည်းနိုင်ဖို့တွေ ပါဝင်ပါတယ်။ ခုရောက်ရှိနေတဲ့ AI အဆင့် ၃ ဟာ လူ့ဦးနှောက်ထက်ပင် သာလွန်ပြီး ဘာသာရပ်နယ်ပယ်အသီးသီးကို...