📌📌 1. Union Minister Daw Zin Mar Aung to Meet Myanmar Communities in San Francisco Bay Area May 29 Radio NUG It has been reported that Union Minister for Foreign Affairs, Daw Zin Mar Aung, will meet with Myanmar diaspora communities in the San Francisco Bay Area, United States. The meeting is scheduled to take place on May 31 at the San Francisco Bay Area One Myanmar Community and Cultural Center.
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Theo Zaw
The Fuse That Must Be Lit Under ASEAN (Part 5) - By Theo Zaw
The Fuse That Must Be Lit Under ASEAN (Part 5) – By Theo Zaw MoeMaKa, May 29, 2025 You may have noticed that this series has been circling around Myanmar’s nuclear ambitions, which ultimately failed to reach their goal between 2000 and 2010.
A Fireball on ASEAN’s Lap (Part 2) – by Theo Zaw
A Fireball on ASEAN’s Lap (Part 2) – by Theo Zaw MoeMaKa, May 19, 2025 Based on findings from top U.S. investigative agencies, it appears increasingly evident that Myanmar’s defense minister’s statement at the 2012 Shangri-La Dialogue—claiming the country had ceased nuclear ambitions—may have been untrue. The recovered weapons-grade plutonium is a key piece of evidence disproving those past claims.
သီအိုဇော် - အရောင်ပြောင်းချန်ပီယံများ
(မိုးမခ) ဇူလိုင် ၄ ၊ ၂၀၂၄ လွမ်းစရာ ရွာမရှိတော့သလို ပျော်စရာ ရှာမရတဲ့ မြို့ပျက် ဘေးလွတ်စေကြောင်း ဆုတောင်းဖို့တောင် ဆုသွားတောင်းစရာ မရှိတော့တဲ့နေရာ လူမစုံသလို ဟင်းလည်း မစုံနိုင်တော့တဲ့ ထမင်းဝိုင်း ဆိုင်းမဆင့် ဗုံမဆင့် သေကွဲနဲ့ ရှင်ကွဲ တလှည့်စီ မဲကျနိုင်တဲ့အရပ် အရင်လို မဟုတ်တော့တဲ့ဒေသ အရင်လို ဟုတ်ကိုမဟုတ်တော့တဲ့ ကာလမှာ ပြောစရာစကား ရှာကြံဖို့ကို ခက်နေတာက အရင်လို ပုံစံမပျက် အရင်လို အပျော်အပါးမပျက် မိစ္ဆာတွေကို ခုန်မြူးပျော်တော်ဆက်ရင်း အရင်ထက် ကိုယ်ချင်းစာတရားပျက် အရှက်တရားလည်း...
သီအိုဇော် - ဘုန်းကံမြင့်နှင်းဆီ
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၄ မတန်သူမို့ နှင်းဆီမထင် ဆူးပဲ မြင်ရင်း နှင်းဆီကို ကြောက် လူစိတ် ပျောက်ကာ ကောက်ကျစ်ဖို့သာ ယုတ်မာစွာတွေး ခဝေးတပိုင်းတို့ မွေးနေ့ရောက်တိုင်း ပန်းကြောက်စိတ်နဲ့ ဝဋ်သစ်စိုးထိတ် ညှိုးရိပ်ပိုသင့် ချောက်ချားစိတ်ထင့်ခဲ့ရပြီ။ t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar သီအိုဇော် - ဘုန်းကံမြင့်နှင်းဆီ Reviewed by ₪ on 9:25 PM Rating: 5
သီအိုဇော် - သိမ်းဆည်းထားသည့် ရုရှားငွေကြေး ပိုင်ဆိုင်မှုများဆိုင်ရာ ဆုံးဖြတ်ချက် နမူနာကောင်း
(မိုးမခ) ဇွန် ၁၄ ၊ ၂၀၂၄ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုကြောင့် ရုရှားဗဟိုဘဏ် အပါအဝင် ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို အနောက်အုပ်စုနိုင်ငံများက ပိတ်သိမ်းထားတာ အားလုံးသိပြီး ဖြစ်ပါတယ်။ အဓိကက G7 နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲ ရှည်ကြာလာတာနဲ့အမျှ ကူညီကျောထောက်နောက်ခံပြုနေကြတဲ့ နိုင်ငံတွေမှာလည်း ကုန်ကျစရိတ်တွေအတွက် နည်းလမ်းရှာကြံ စဉ်းစားလာကြရပါတယ်။ ဒီသိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှုတွေဟာ G7 နိုင်ငံတွေမှာ များစွာရှိပါတယ်။ အခုတော့ ဒီ G7 နိုင်ငံတွေဖြစ်တဲ့ ယူအက်စ်၊ ယူကေ၊ ပြင်သစ်၊...
သီအိုဇော် - တတိယနိုင်ငံ နောက်ကြောင်း၊ ပထမကမ္ဘာ ကောက်ကြောင်း
(မိုးမခ) မေ ၁၈ ၊ ၂၀၂၄ စင်ကာပူနိုင်ငံမှာ စတုတ္ထမျိုးဆက် ဝန်ကြီးချုပ်သစ် ရာထူးလွှဲပြောင်းယူသွားချိန်မှာ သမင်လည်ပြန် လှည့်ကြည့်လိုစိတ် ပေါ်နေမိတာက၊ ပထမဦးဆုံး ဝန်ကြီးချုပ် လီကွမ်ယူ တည်ဆောက်ယူခဲ့ရတဲ့ အချိန်ကာလကိုပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့တိုင်းမှာ ပြဿနာကိုယ်စီ ရှိတတ်ကြပေမယ့် စင်ကာပူအတွက်တော့ အခုလိုအောင်မြင်တဲ့ နိုင်ငံတခုအနေနဲ့ အမှတ်တံဆိပ် ခိုင်ခိုင်မာမာ ထူထောင်ပြီးချိန်မှာ၊ ဝန်ကြီးချုပ် ဘယ်သူပဲတက်ပြီး လုပ်ရလုပ်ရ၊ လီကွမ်ယူရဲ့ ကနဦးကာလတုန်းကလိုတော့ ကျဉ်းထဲကျပ်ထဲ ကြုံမနေတော့မှာ သေချာပါတယ်။ ဒါ့ကြောင့်...
သီအိုဇော် - မနေ့ကနဲ့ မတူတဲ့ ဒီကနေ့ ‘ယူကေ’ အစိုးရအဖွဲ့ ခေါင်းဆောင်များ
(မိုးမခ) မေ ၁ ၊ ၂၀၂၄ အရင် ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ နိုင်ငံကလူတွေပဲ ဖြစ်ဖြစ်၊ ကိုလိုနီမဟုတ်ခဲ့တဲ့ နိုင်ငံတွေကပဲ ဖြစ်ဖြစ်၊ ယေဘုယျအားဖြင့်တော့ အင်္ဂလိပ်လူမျိုးတွေကို လူမျိုးကြီး၊ နိုင်ငံကြီးသားတွေအဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။ အဲဒီလို အနေအထားမျိုး ရရှိထားကြတဲ့ အင်္ဂလိပ်လူမျိုးတွေ အနေနဲ့ကလည်း ဒီအကြောင်းတွေကို နှုတ်ကနေ တဖွဖွ ဂုဏ်ဆာ ပြောမနေကြရင်သာ ရှိမယ်၊ ဇာတိပုည ဂုဏ်မာနလေးတော့ အနည်းနဲ့အများ ရှိကြမှာပါပဲ။ ဗြိတိန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အသားအရောင်၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့ဖူးတာကို...
သီအိုဇော် - စင်ကာပူ ဝန်ကြီးချုပ် အပြောင်းအလဲ
(မိုးမခ) ဧပြီ ၁၈ ၊ ၂၀၂၄ ဒေသတွင်းနိုင်ငံတွေထဲမှာ ပါတီစုံရွေးကောက်ပွဲနဲ့ အစိုးရ ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးကြပြီး နိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ပါတီတခုတည်းက အစိုးရဆက်တိုက်ဖြစ်နေတဲ့ နိုင်ငံမျိုးက တော်တော်ရှားပါတယ်။ ၂၀၁၈ ခုနှစ်အထိ ညွန့်ပေါင်းမဟာမိတ်ပါတီ အစိုးရအဖွဲ့ပုံစံကိုပါ ထည့်တွက်ပြောရရင်၊ လွတ်လပ်ရေးရပြီးကတည်းကစပြီး ၆၁ နှစ်ကြာ ဆက်တိုက် အစိုးရအဖွဲ့ထဲမှာ အဓိက ဦးဆောင်ပါတီအနေနဲ့ အင်အားအကြီးဆုံး ဖြစ်ခဲ့တဲ့၊ မလေးရှားနိုင်ငံက The United Malays National Organisation (UMNO)နဲ့ စင်ကာပူနိုင်ငံက...
သီအိုဇော် - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်
(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၄ ကုလသမဂ္ဂ ဆိုတဲ့ စကားလုံးက မြန်မာပြည်သူတွေအတွက် လှုပ်လှုပ်ခပ်ခပ် သိပ်မဖြစ်တော့တဲ့ အချိန်မှာ အထူးကိုယ်စားလှယ်သစ် နောက်ထပ်တယောက်ကို ခန့်အပ်လာခဲ့ပါတယ်။ ဒီကိုယ်စားလှယ်သစ်က လက်ရှိ Australian National University (ANU) ရဲ့ အဓိပတိဖြစ်သူ ဂျူလီဘစ်ရှော့ (Julie Bishop)ပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီးချုပ် သုံးဆက်တိုင်တိုင် ဩစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူအဖြစ် လူသိများကြပါတယ်။ သူမက ဩစတြေးလျနိုင်ငံရဲ့...
ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီ
သီအိုဇော် ၊ (မိုးမခ) မတ် ၁၈ ၊ ၂၀၂၄ စစ်မီးတောက် ပိုကြီးမားလာတာနဲ့အမျှ အသက်အန္တရာယ်ကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာရတဲ့ ပြည်သူတွေ ပိုများလာကြတာက ရှောင်လွှဲမရနိုင်သလို၊ ဘက်ပေါင်းစုံက အကူအညီတွေလည်း ပိုလိုအပ်လို့ လာပါတယ်။ လူသားစာနာ ကူညီရေးအစီအစဉ်ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်း ဆိုတာမျိုးက နွေဦးတော်လှန်ရေးကို တ ဖက်တလမ်းက အထောက်အကူပြုရာလည်း ရောက်ပါတယ်။ ထိုင်းနိုင်ငံဘက်က အဆိုပြု အကောင်အထည်ဖော်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး စင်္ကြံအပေါ် အမြင်အမျိုးမျိုးနဲ့ တုံ့ပြန်ကြတာကို...
သီအိုဇော် - ပျောက်သောလမ်းပေါ်က မှုန်ဝါးဝါး မော်စကိုလမ်းညွှန်
(မိုးမခ) ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၄ မြန်မာ့အရေး လေ့လာသုံးသပ်လေ့ရှိပြီး မြန်မာပရိတ်သတ်နဲ့လည်း မစိမ်းတဲ့၊ ချူလာလောင်ကောင် တက္ကသိုလ် က ပါမောက္ခ သစ်ထိနန် ပွန်ဆုဒီရတ် (Thitinan Pongsudhirak)ရဲ့ အခုနောက်ပိုင်း ဆောင်းပါး၊ အင်တာဗျူးတွေထဲမှာ ဆက်တိုက်လိုလို သတိထားလာမိတာက လက်ရှိအနေအထားအရ အာဏာသိမ်းစစ်တပ် နိုင်မှာမဟုတ်တော့ဘူး ဆိုတဲ့ သူ့ရဲ့ အမြင်ကိုပါ။ အာဏာစသိမ်းခဲ့တဲ့ အချိန်ကစလို့ စစ်ခေါင်းဆောင်ရဲ့ ဇာတ်သိမ်းခန်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထွက်ပေါက် (သို့) အခြား နိုင်ငံပြေးပေါက်တွေကို ခန့်မှန်းပြောဆိုလေ့ ရှိကြပါတယ်။...
သီအိုဇော် - သတ္တိနဲ့ပွင့်လန်း၊ သတ္တိနဲ့ ရှင်သန်
(မိုးမခ) ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၄ ဒီနွေဦးတော်လှန်ရေးမှာ အနုပညာရှင်များရဲ့ ပါဝင်တဲ့ အခန်းကဏ္ဍ ကြီးမားတာကို ငြင်းပယ်လို့ မရပါဘူး။ အခုအချိန်အထိ ပြည်သူတွေနဲ့ တသားတည်းရှိပြီး တော်လှန်ရေးဘက်မှာ သတ္တိရှိရှိ ရပ်တည်ခဲ့ကြသူများစွာ ကျန်ရှိပါသေးတယ်။ ကဏ္ဍအသီးသီးက အနုပညာရှင်များနဲ့ လှုပ်ရှားနေတဲ့ Artists’ Shelterကို အထူး မိတ်ဆက်ပေးစရာ လိုမှာ မဟုတ်တော့ပါဘူး။ ဒီဖေဖော်ဝါရီလ ၂၅ ရက်နေ့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီက စပြီး ‘သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ’ Acoustic Music Concert ကို...
သီအိုဇော် - မမေ့ကြေး
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ လွှတ်တော်နဲ့ ဒေသဆိုင်ရာ ရွေးချယ်မှုတွေလည်း ပါဝင်ပေမယ့် သမ္မတ ရွေးကောက်ပွဲကို ပိုစိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။ မဲဆန္ဒရှင် ၂၀၅ သန်းဝန်းကျင်က မဲရုံပေါင်း ၈၂၀,၀၀၀ခန့်မှာ မဲပေးခဲ့ကြရတာဖြစ်လို့ တရားဝင်ရလဒ် ချက်ချင်းထွက်ပေါ်မလာနိုင်တာက သဘာဝကျတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ မဲရုံများက နမူနာမဲပေးစာရင်းများနဲ့ သီးခြားလွတ်လပ်တဲ့ စစ်တမ်းကောက်အဖွဲ့အစည်းတွေက တွက်ချက်ထားတဲ့...
သီအိုဇော် - ၂၀၂၄ ခုနှစ်နှင့် အာဆီယံဟန် အာဆီယံအသံ
(မိုးမခ) ဇန်နဝါရီ ၂၉ ၊ ၂၀၂၄ ဇန်နဝါရီ (၂၈-၂၉) ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ လာအိုနိုင်ငံ လွမ်ပရာဘန်(Luang Prabang)မှာ တွေ့ဆုံကြပါတယ်။ ၂၀၂၁ခုနှစ် အောက်တိုဘာလကတည်းက အဆင့်လျှော့ချပြီး နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ မြန် မာကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုဖို့ အာဆီယံက ဆုံးဖြတ်ထားခဲ့တာပါ။ ဒါကိုကန့်ကွက်တဲ့ အနေနဲ့ စစ် ကောင်စီဘက်က ကိုယ်စားလှယ်စေလွှတ်ခြင်း မပြုလုပ်ခဲ့ပါဘူး။ ခါတိုင်းထက် ဒီတကြိမ်မှာ ထူးခြားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာန...
သီအိုဇော် - ထိုင်ဝမ်ရွေးကောက်ပွဲ နောက်ဆက်တွဲနှင့် လွှတ်တော်နိုင်ငံရေး အကျပ်အတည်း
(မိုးမခ) ဇန်နဝါရီ ၂၁ ၊ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲနဲ့ တပြိုင်တည်းကျင်းပတဲ့ ထိုင်ဝမ်ပါလီမန် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာတဲ့အခါ ထိုင်ဝမ်အကြောင်း ထပ်ရေးဖို့ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲအပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲ စွပ်စွဲမှုတွေ၊ အငြင်းအခုံတွေ မရှိခဲ့ပေမယ့် ပျော်ရွှင်စရာ ဇာတ်သိမ်းဆိုပြီး တခန်းရပ်ထားခဲ့လို့လည်း မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ DPP(Democratic Progressive Party) အနေနဲ့ သမ္မတရွေးပွဲမှာ အနိုင်ရရှိလိုက်ပေမယ့် ဥပဒေပြုလွှတ်တော်(Legislative Yuan) အမတ်အရေအတွက်မှာ အများစုနေရာ...
သီအိုဇော် - ကြားကြပါရဲ့လား ထိုင်ဝမ်ပြည်သူများရဲ့အသံ
သီအိုဇော် - ကြားကြပါရဲ့လား ထိုင်ဝမ်ပြည်သူများရဲ့အသံ (မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၄ တိုကျို၊ ဒေလီတို့ကို မဆိုထားနဲ့၊ ရှန်ဟိုင်းတမြို့စာ လူဦးရေလောက်တောင် မရှိတဲ့ ကျွန်းနိုင်ငံလေးက ရွေးကောက် ပွဲရလဒ်ကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပါတယ်။ အခုတော့ လက်ရှိအာဏာရ DPP ပါတီ (Democratic Progressive Party) သမ္မတလောင်း လိုင်ချင်းဒါ (Lai Ching-te)က အနိုင်ရသွားပြီလို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်က သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေးက...
သီအိုဇော် - ဒေသတွင်း ကျင့်သုံးကြသည့် တရုတ်တနိုင်ငံတည်း မူဝါဒ
(မိုးမခ) ဇန်နဝါရီ ၁၂ ၊ ၂၀၂၄ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒထွက်ရှိလာပြီးနောက် ထိုင်ဝမ်အရေးကိုလည်း ကျွဲကူးရေပါ ဆိုသလို ဆန်းစစ် လာကြတာကို သတိပြုမိပါတယ်။ သတင်းမီဒီယာတွေမှာလည်း ဆက်လက်ပြီး တွေ့ရှိနေရသေးတဲ့အတွက် တခြား ကိုယ့်ဒေသတွင်း နိုင်ငံတွေကရော ဘယ်လိုချဉ်းကပ်ထားသလဲ ဆိုတာကို ဖော်ပြလိုပါတယ်။ ဒေသတွင်းလို့ ဆိုရာမှာ အိမ်နီးချင်း အာဆီယံအသိုင်းအဝိုင်းသာမက အခြားအာရှအင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ကိုလည်း ထည့်သွင်းထားပါတယ်။ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အာရှဘက်က...
သီအိုဇော် - တရုတ်တစ်နိုင်ငံတည်းမူဝါဒ အရေးကိစ္စ
(မိုးမခ) ဇန်နဝါရီ ၃ ၊ ၂၀၂၄ ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ (XXVI) နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of China-PRC) ကို ကိုယ်စားပြု တရားဝင်အစိုးရအနေနဲ့ လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် အရင်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းကိုယ်စားလှယ်နေရာ ရယူထားတဲ့ ထိုင်ဝမ် (The Republic of China-ROC) နေရာကိုလည်း PRC နဲ့ အစားထိုးခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကိုယ်စားပြုစေခဲ့ပါတယ်။ နှစ်ဘက်လုံးမှာ...
သီအိုဇော် - အောင်ပွဲ၊ စိတ်ဓာတ်နှင့် ပြည်သူ
(မိုးမခ) ဒီဇင်ဘာ ၁၉ ၊ ၂၀၂၃ တိုက်ပွဲတခုရဲ့ အလှည့်အပြောင်းအတွက် စိတ်ဓာတ်အင်အား အရေးပါပုံကို အားလုံးက လက်ခံထားကြပြီးသား ဖြစ်ပါတယ်။ အောင်နိုင်မှုရလဒ်များက မတူညီတဲ့ အကြောင်းအချက်များပေါ် အရင်းခံနိုင်ပေမယ့် စစ်အင်အား မပြည့်စုံသူတို့ဘက်က အနိုင်ရသွားကြတဲ့အခါမျိုးမှာတော့ တိုက်ပွဲဝင်စိတ်ဓာတ် ကွာခြားကြပုံကို ပိုအာရုံစိုက် ပြောဆိုစရာ ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက အမေရိကန်နဲ့ အနောက်အုပ်စု လက်နက်ငွေကြေး ပုံအောပြီး ကျောထောက် နောက်ခံပေးထားခဲ့တဲ့ အာဖဂန်အစိုးရ ပြုတ်ကျသွားခဲ့ရတဲ့ အဖြစ်အပျက်ကို...
သီအိုဇော် - အင်ဒို လက်လျှော့ နေလေတော့
(မိုးမခ) နိုဝင်ဘာ ၂၈ ၊ ၂၀၂၃ အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံဥက္ကဌသက်တမ်း ကုန်လုကုန်ခါနီး အချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ ထုတ်ပြန်ချက်တခုက ထင်မှတ်မထားတဲ့ ဂယက်တခု ရိုက်ခတ်စေခဲ့ပါတယ်။ တကယ်က မလိုလားအပ်တဲ့ ဂယက်လို့ ဆိုပြီးတောင် အခုလို တော်လှန်ရေး ရေချိန်မြင့်တက်နေချိန်ကာလမှာ သုံးစွဲသင့်တာပါ။ သက်ဆိုင်သူ အသီးသီးဘက်က ပြန်ဖြေကြားချက်တွေကိုလည်း မြင်ကြကြားကြပြီးတဲ့နောက်မှာ တက်ရောက်ခြင်း၊ မတက်ရောက်ခြင်း၊ တွေ့ဆုံခြင်း၊ မတွေ့ဆုံခြင်းတို့က ပဟေဋိ ဆက်ဖြစ်စရာ မဟုတ်တော့ဘူးလို့ ထင်မိပါတယ်။ အားလုံးရဲ့ ပြောကြားချက်တွေအရ...
ပြန်ရဖို့မသေချာတော့သည့် ထိုအခိုက်အတန့် (သို့မဟုတ်) ဖျတ်ခနဲ မြင်ခဲ့ရသော ငြိမ်းချမ်းရေးအရိပ်အယောင်
(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၃ ဒီနေ့ ဒီအချိန်လို စစ်ရှိန်မြင့်တက်နေတဲ့ ကာလမှာ တချိန်တခါက အစ္စရေးခေါင်းဆောင်နဲ့ ပါလက်စတိုင်းခေါင်းဆောင် တဦးနဲ့တဦး အပြန်အလှန် လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးအုတ်မြစ်ချဖို့ ကြိုးစားခဲ့ကြဖူးတာကို ပြန်ပြောင်း စဉ်းစားနေမိပါတယ်။ အခုအခါမျိုးမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးဆိုတာက လက်တွေ့ ကျတဲ့ စကားလုံးဖြစ်နိုင်ပါ့မလားလို့လည်း တွေးချင်စရာပါ။ နောက်ကွယ်မှာ ဆော်ဒီ အိမ်ရှေ့မင်းသားက အီရန်သမ္မတနဲ့ စကားပြောတာ၊ တူရကီသမ္မတက ဟားမတ်စ်နဲ့ အဆက်အသွယ်လုပ်ခဲ့တာ၊...
သီအိုဇော် - အစ္စရေး၏ ၉/၁၁ စစ်ပွဲ ရှည်ကြာလေဦးမည်လား
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၃ ဂျေရုဆလင်ပိုစ့် သတင်းစာ အပါအဝင် အကဲခတ်လေ့လာသူများ၊ သတင်းမီဒီယာ ဂျာနယ်လစ်များ ဒီရက်ပိုင်း အစ္စရေး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ပင်မထားဘဲ ပြောဆိုရေးသားနေတဲ့ ‘အစ္စရေးရဲ့ ၉/၁၁’ ဆိုတဲ့ အသုံးအနှုန်း နဲ့ အစ္စရေးဝန်ကြီးချုပ် ‘ဘင်ဂျမင်နက်တန်ယာဟု’က ရှည်ကြာပြီး ခက်ခဲတဲ့ စစ်ပွဲက ရှေ့နားဆီမှာ’လို့ သတိပေး ပြောကြားခဲ့တာတို့ကို ပေါင်းစပ်ပြီး ဒီခေါင်းစဉ်ပေးမိပါတယ်။ ခေါင်းကြီးသတင်း ဖြစ်နေတဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ (Hamas)ရဲ့ အစ္စရေးကို တိုက်ခိုက်မှုနောက်ဆက်တွဲ...
သီအိုဇော် - အာဆီယံ၊ အာရပ်လိဂ်နှင့် မျက်မှောက်နွေဦးတော်လှန်ရေး
(မိုးမခ) စက်တင်ဘာ ၂၄ ၊ ၂၀၂၃ ပုဂံရာဇဝင် တုတ်ထမ်း ဓားထမ်းပြောကြရတယ်လို့ တင်စားပြောကြပါတယ်။ တချိန်ကျရင် နွေဦးတော်လှန်ရေးအကြောင်း ဒီလိုပဲ ပြောဆိုကြလေမလား၊ အခုကတည်းက ဆူဆူညံညံ အသံတွေ မပြတ်ကြတာတော့ မျက်မြင်ပါပဲ။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝန်ကိုယ်ထမ်း ခရီးဆက်နေကြရပြီး အောင်ပွဲနဲ့ ဇာတ်သိမ်းနိုင်တဲ့တနေ့မှာတော့ ‘ပုံသဏ္ဌာန်သစ်နဲ့ တော်လှန်ရေး’အဖြစ် သမိုင်းမော်ကွန်းတင်ကြမှာ သေချာပါတယ်။ အားလုံး နားလည်ထားကြတဲ့အတိုင်း တော်လှန်ရေးရဲ့ ဗဟိုချက်မဟာ ပြည်တွင်းမှာရှိတာပါ။ ပြည်သူတွေလောက် ပဓာနမကျလည်း နိုင်ငံတကာရဲ့...
သီအိုဇော် - ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်း တစေ့တစောင်း
(မိုးမခ) စက်တင်ဘာ ၈ ၊ ၂၀၂၃ အစိုးရအဖွဲ့သစ်တခုရဲ့ နိုင်ငံခြားရေးမူဝါဒဆိုတာမျိုးက ကက်ဘိနက်မှာပါတဲ့ နိုင်ငံခြားရေးဝန်ကြီး တဦးတည်းနဲ့ မသက်ဆိုင်တာကို သဘောပေါက်ထားပေမယ့် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်းကိုတော့ စိတ်ဝင်တစား ရှိမိပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံချင်းဖြစ်ရုံမျှသာမကပဲ၊ အိမ်နီးချင်းနိုင်ငံတခု၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများထဲက တောင်မှ ဒီနွေဦးတော်လှန်ရေး အပါအဝင် အာဏာရှင်တော်လှန်ရေး အစဉ်အဆက်မှာ တော်လှန်ရေးအင်အားစုများ၊ စစ်ဘေးရှောင်ပြေးကြရသူများအတွက် အတိုင်းအတာ တစုံတခုအထိ...
သီအိုဇော် - ပြည်သူများ၏ နာကြည်းမုန်းတီး စက်ဆုပ်ရွံရှာမှုနှင့် အာဏာရှင်နိဂုံး
(မိုးမခ) စက်တင်ဘာ ၅ ၊ ၂၀၂၃ အာဏာရှင်တို့ရဲ့ ဇာတ်သိမ်းခန်းအကြောင်း စဉ်းစားမိတဲ့အခါ သူတို့ကိုယ်တိုင် အိပ်မက်မထားတဲ့ နိဂုံးအဆုံးသတ်၊ ပြည်သူတွေဘက်ကလည်း ဘယ်လိုပဲ ဖြစ်စေချင်တဲ့ ဆန္ဒကျိတ်ပြီးရှိနေခဲ့ပါစေ၊ မျှော်လင့်မထားရဲခဲ့ကြတဲ့ ဇာတ်သိမ်း၊ နိုင်ငံတကာအနေနဲ့လည်း အငိုက်မိ အံ့အားသင့်သွားရတဲ့ အလှည့်အပြောင်းတွေ ဖြစ်ပျက်ခဲ့တာကို သတိပြုမိပါတယ်။ ဇာတ်သိမ်းမကောင်းကြတဲ့ အာဏာရှင်တွေထဲက ပြည်သူတွေရဲ့ ခါးသီးလှတဲ့ အမုန်းကို ပူးတွဲရယူသွားကြသူ ရိုမေးနီးယား အာဏာရှင် ဇနီးမောင်နှံအကြောင်းက သင်ခန်းစာယူစရာတခုလို့...
သီအိုဇော် - ငါတို့ခေတ်၏ နွေဦးစစ်သည်တော်
(မိုးမခ) စက်တင်ဘာ ၁ ၊ ၂၀၂၃ အိပ်မက်ကို အရည်ဖျော်သောက်ဖို့ အသိုက်စွန့်ခွာ ထွက်ခဲ့တာမဟုတ် အိပ်မက်ကို ခြေရာခံရင်း အသိုက်သစ် ထပ်ဆောက်နေကြတဲ့သူတွေ။ ကိုယ့်ကိုယ်ကိုယ် အနိုင်နိုင်ဆိုပေမယ့် ကမ္ဘာကြီးကို ထမ်းထားချင်တဲ့သူတွေပေါ့ သက်တမ်းလွန် လက်မှတ်နဲ့တော့ စိတ်ကူးကမ္ဘာမပတ် အမာရွတ်အထပ်ထပ် နှလုံးသားနဲ့ အနာဂတ်ကို မရမကချီပိုး ကိုယ့်ဘဝတံတား ကိုယ်တိုင်ချိုးချပြီး မြတ်မြတ်နိုးနိုး ပေးဆပ်ခဲ့ကြတဲ့သူတွေ။ ရှင်းသန့်လတ်ဆတ် လေနုအေးလေး တိုးဝှေ့ဝင်လာနိုင်ဖို့အတွက် အသွေးအသက်နဲ့ရင်းလို့ နံရံဟောင်းတွေဖြို တံတိုင်းအိုတွေဖျက်...
သီအိုဇော် - ဒါရိုက်တာ၊ ဇာတ်ညွှန်း မပြောင်းဘဲ ဇာတ်ဆောင်သာ လဲထားသည့် ထူးမခြားနား ဇာတ်သိမ်းခန်း
(မိုးမခ) ဩဂုတ် ၂၅ ၊ ၂၀၂၃ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈-၂၁) ရက်က ၁၄ ကြိမ်မြောက် Aspen Security Forum ကို Aspen Institute က စီစဉ်ကျင်းပခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ မူဝါဒရေးရာ၊ မဟာဗျူဟာပိုင်း၊ လေ့လာသင်ကြားမှု အစရှိတာတွေနဲ့ ဆက်နွှယ်ပြီး ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်မှုတွေကို နှစ်စဉ် အမေရိကန်နိုင်ငံမှာ ကျင်းပလေ့ရှိပါတယ်။ အမေရိကန်အစိုးရရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့အတူ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဦးစီးချုပ်များ၊ အတိုင်ပင်ခံ ဉာဏ်ကြီးရှင်အုပ်စုများ၊ သံတမန်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်များမှ နာမည်ကြီး...
သီအိုဇော် - နွေဦး၏အောင်ပွဲဋီကာ
(မိုးမခ) ဩဂုတ် ၁၄ ၊ ၂၀၂၃ ဗန္ဓုလနဲ့ ဦးပေါ်ဦးကို တမ်းတဖို့ မလိုသလို ဆွန်ဇူးနဲ့ နပိုလီယန်ကိုလည်း ကြံဖန်မေးခွန်းမထုတ်ချင်နဲ့။ စွယ်စုံကျမ်း အထပ်ထပ်လှန် စစ်ကျမ်းအပြန်ပြန်ဖတ်ရင်း စစ်သမိုင်းပြတိုက်တွေထဲ ခေါင်းစိုက်ရှာဖွေမနေနဲ့။ အိုက်ဆင်ဟောင်ဝါ ဆိုကရေးတီး အဖြေကူရှာပေးစရာမလို ဂူဂယ်လ်နဲ့ ChatGPTကိုလည်း ထိုင်ငိုငိုပြမနေနဲ့။ ဒီမှာ အသေအချာမှတ် စစ်ပွဲ ကြီး ငယ် ရလဒ် စိတ်ဓာတ်ကပဲ ဆုံးဖြတ်တယ် စိတ်ဓာတ်ခွန်အားမဲ့ရင် လက်နက်ဆိုတာ အသုံးကိုမတည့် အလှူအတန်းပေးဖို့သက်သက် ကျောက်ပေါ်မဆောက် သဲပေါ်ပေါက်တဲ့ ပြိုလဲယိုင်နဲ့...
သီအိုဇော် - တန်ဖိုး
(မိုးမခ) ဩဂုတ် ၁၂ ၊ ၂၀၂၃ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၂ ရက်ဟာ ၇၃ နှစ်မြောက် ‘ကရင့်အာဇာနည်နေ့’ ဖြစ်ပါတယ်။ ကရင့်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကရင်အမျိုးသားခေါင်းဆောင်ကြီး ‘စောဘဦးကြီး’ ကျဆုံးခဲ့တဲ့နေ့ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ‘ကရင့်အမျိုးသားအာဇာနည်နေ့’လို့ သတ်မှတ်ထားကြပါတယ်။ ကရင်လူမျိုးများရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ မဆုတ်မနစ် ဦးတည်လျှောက်လှမ်းကြတဲ့ သမိုင်းခရီးလမ်း စာမျက်နှာမှာ ဘယ်လိုမှ ချန်လှပ်ထားရစ်လို့ မရနိုင်တဲ့ အရာကတော့ ‘စောဘဦးကြီး’နဲ့ သူ့ရဲ့ နိုင်ငံရေး၊ တော်လှန်ရေး ဖြတ်သန်းမှုပါ။ ‘စောဘဦးကြီး’ဟာ...
သီအိုဇော် - ထိုင်းရွေးကောက်ပွဲ နောက်ဆက်တွဲဇာတ်လမ်း
(မိုးမခ) ဩဂုတ် ၃ ၊ ၂၀၂၃ နာမည်ကြီး ထိုင်းစီးပွားရေး လုပ်ငန်းရှင်တယောက်ရဲ့ ‘ဘန်ကောက်-ဟောင်ကောင်’ ခရီးစဉ်ဆိုတာက သိပ်မထူးဆန်းဘူးလို့ပဲ ဆိုရပါမယ်။ ဒါပေမဲ့ ထိုသူက ‘ဖိထာလင်မ်ဂျာရွန်ရတ်’(Pita Limjaroemrat)တို့ရဲ့ အရင်ဖျက်သိမ်း ခံခဲ့ရတဲ့ Future Forward Party (FFP) ခေါင်းဆောင် ဘီလျံနာ ‘ထန်နာထွန်’(Thanathorn Juangroongruangkit) ဖြစ်နေပြီး ဝန်ကြီးချုပ်ဟောင်း ‘သက်ဆင် ရှင်နာဝပ်’က ဟောင်ကောင်မှာ ရှိနေတဲ့အခါ စိတ်ဝင်စားစရာ သတင်းတပုဒ် ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ‘သက်ဆင်ရဲ့ (၇၄)နှစ်ပြည့်...
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမ စာမျက်နှာ (၅) နိဂုံး
(မိုးမခ) ဇူလိုင် ၂၆ ၊ ၂၀၂၃ အခက်အခဲများကြားထဲကနေ အခွင့်အရေးကို ဖမ်းဆုပ်တတ်ကြဖို့ ပြောလေ့ရှိကြပေမဲ့ ဒါဟာ လူတိုင်းအတွက် မဟုတ်နိုင်တာကိုတော့ လက်ခံကြရပါလိမ့်မယ်။ ‘စတာလင်’ကတော့ လူနည်းစုထဲ ပါတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်များစွာ အသက်ဆုံးရှုံးရပြီး မအောင်မြင်ခဲ့တဲ့ ‘အော်ပရေးရှင်း စကွပ်တာ’ လေထီးစစ်ဆင်ရေးတုန်းက LRDG (Long Range Desert Group) ဆိုတဲ့ သဲကန္တာရကို ကောင်းစွာကျွမ်းကျင်တဲ့ ကင်းထောက်တပ်ဖွဲ့ရဲ့ မော်တော်ယာဉ်များနဲ့ အပြန်ခရီးလာကြိုဖို့ စီစဉ်ထားခဲ့တာပါ။ စစ်ဆင်ရေးအပြီး...
သီအိုဇော် - အထီးကျန်
(မိုးမခ) ဩဂုတ် ၆ ၊ ၂၀၂၃ ( ၁ ) ဒေါက်တာကပ်စီယိုပို (Dr Stephanie Cacioppo) သည် တစ်ဦးတည်းသောသမီး ဖြစ်သည်။ သူ မထင်သည်မှာ တသက်လုံး သူမသည် တစ်ယောက်တည်း နေသွားရမည်ဟူ၍ ဖြစ်သည်။ သူသည် အပြုအမူဆိုင်ရာ ပညာရှင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ချစ်ခြင်းကို သုတေသနပြုလုပ်သည်။ မမျှော်လင့်ဘဲ ဒေါက်တာကပ်စိ ယိုပိုနှင့် တွေ့ပြီး အိမ်ထောင်ကျခဲ့သည်။ သူသည် နှစ်ကြိမ်တိုင်တိုင် အိမ်ထောင်ပျက်ခဲ့ပြီး တကိုယ်တည်း အထီးကျန်သည့်အကြောင်း လေ့လာရသည့် ဆရာဝန်တစ်ယောက် ဖြစ်သည်။ သူတို့သည် ပဲရစ်မြို့တွင် လက်ထပ်ခဲ့ကြပြီး ချီကာဂို တက္ကသိုလ်တွင်...
သီအိုဇော် - နေပြည်တော်သွား ‘ဒွန်ကြီး’ ‘ဒွန်လေး’တို့၏ စကားအရှုပ်တော်ပုံ
(မိုးမခ) ဇူလိုင် ၁၃ ၊ ၂၀၂၃ ‘ဒွန်ကြီး’ဆိုတာကတော့ အခု လူပြောသူပြော များနေကြတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ‘ဒွန်ပရာ မွတ်ဝီနိုင်း’(Don Pramudwinai)ကို ဆိုလိုတာပါ။ မကြာခင် အာဏာလက်လွှတ်ရတော့မယ့် အိမ်စောင့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူက အာဆီယံအစည်းအဝေးမတိုင်မီ ဆိုင်းမဆင့်ဗုံမဆင့် နေပြည်တော်ကို ဖုတ်ပူမီးတိုက် ရောက်ချလာပြီး ကုလသမဂ္ဂတို့ အာဆီယံတို့က တရားဝင် ကိုယ်စားပြုသူများ မရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို ရသွားတာကတော့ အင်မတန်ထူးဆန်းတယ်လို့ပဲ ဆိုရပါမယ်။ မထူးဆန်းပါဘူးလို့...
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမစာမျက်နှာ (၄)
(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၂၃ အာဖရိကမြောက်ဘက် စစ်မျက်နှာကို ‘ရွမ်းမဲလ်’ မရောက်မီအချိန်က ဥရောပဘက်ခြမ်းမှာ မဟာမိတ်တို့ အံ့အားသင့်ခဲ့ရတဲ့ နာဇီဂျာမနီရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ် ဧပြီလ (၇) ရက်မှ ဇွန် (၂၂) ရက်နေ့ အချိန်တိုအတွင်းမှာပဲ ဒိန်းမတ်၊နော်ဝေ၊ဘယ်လဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နဲ့ ပြင်သစ်တို့ ဂျာမန်လက်အောက် ကျရောက်သွားတာတွေက နာဇီတပ်တွေရဲ့ စစ်စွမ်းရည်ကို သက်သေပြခဲ့ပါတယ်။ ဂျာမနီကို တပြိုင်နက် စစ်ကြေညာခဲ့ကြတဲ့ ဗြိတိန်နဲ့ ပြင်သစ်မှာလည်း ဂျာမန်တို့ရဲ့...
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမစာမျက်နှာ (၃)
(မိုးမခ) ဇူလိုင် ၂ ၊ ၂၀၂၃ ‘စတာလင်’ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကွန်မင်ဒိုထရိန်နင်ဆင်းပြီးသူ အများစုဖြစ်နေလည်း တိုက်ရိုးတိုက်စဥ် မဟုတ်တဲ့ သီးသန့်အထူးပစ်မှတ်ကြီးတွေကို ရည်ရွယ်တဲ့ အထူးစစ်ဆင်ရေးမျိုးအတွက် ထပ်လေ့ကျင့် သင်ကြားကြဖို့ လိုအပ်နေပါသေးတယ်။ SAS တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးတဲ့အပိုင်း ပြောကြတဲ့အခါမှာ မဖြစ်မနေ ထပ်ဖြည့်စွက်ရမှာက သင်တန်းဆရာ ‘လူးဝစ်’နဲ့ ပတ်သက်ပါတယ်။ အခုခေတ် SAS လေ့ကျင့်မှုတွေမှာတော့ သင်ရိုးညွှန်းတမ်း အစုံအလင်၊ အရင်းအမြစ် အပြည့်အစုံနဲ့ ဖြစ်နေပေမယ့် မူလ SAS တပ်ဖွဲ့ဝင်များ အတွက်ကိုတော့...
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ ပထမစာမျက်နှာ (၂)
(မိုးမခ) ဇွန် ၂၆ ၊ ၂၀၂၃ ပုံမှန်အနေအထားမျိုးမဟုတ်တဲ့ ကမ္ဘာစစ်အတွင်း တပ်ဖွဲ့ဝင်သစ် စုဆောင်းရတယ်ဆိုတာက အကန့်အသတ်များစွာနဲ့ပါ။ လိုချင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူကိုရဖို့၊ လုပ်ရိုးလုပ်စဉ် ရွေးချယ်မှု အဆင့်ဆင့်အတိုင်း ဆောင်ရွက်ဖို့ တို့ ဆိုတာက အတော်ခက်ခဲပါတယ်။ ‘စတာလင်’က သူ့ရဲ့ L Detachment (SAS)တပ်ဖွဲ့သစ်အတွက် လူရွေးချယ်ရတဲ့အခါမှာတော့ အားသာချက်တခု ရှိပါတယ်။ Layforce လို လူလျှော့၊ ဖျက်သိမ်းလိုက်တဲ့ ကွန်မင်ဒိုတပ်ဖွဲ့မျိုးကနေ လူရွေးခန့်အပ်နိုင်တယ်ဆိုတဲ့ ညွှန်ကြားချက်ကို သူ ရရှိထားပါတယ်။...
သီအိုဇော် - မင်္ဂလာမွေးနေ့နှစ်ခုနဲ့ နိုင်ငံ
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၃ တခုက လွတ်လပ်ရေး အရသာပေးခဲ့တယ် တခုကျ ဒီမိုကရေစီ မြည်းစမ်းကျွေးခဲ့တယ် တကယ်တမ်းက မွေးနေ့နှစ်ခု လက်ဆင့်ကမ်း ထမ်းပိုးပေးထားခဲ့တဲ့နိုင်ငံ။ တော်လည်းသံ ကြားမကြား နမိတ်ပုံရှိမရှိ ငြင်းခုံနေကြဖို့မလို လွန်ခဲ့တဲ့ (၇၈) နှစ်က စစ်ဘီလူးတွေ ဆွေ့ဆွေ့ခုန်စေဖို့ မကြောက်တရားမျိုးစေ့ တပွေ့တပိုက်နဲ့ သူမ ခပ်မိုက်မိုက် ရောက်ရှိလာခဲ့တယ်။ ‘စပါတာ’ခေတ်ကလို “ဒိုင်းကိုကိုင်ပြီး ပြန်လာရင်လာ ဒိုင်းပေါ်အိပ်ပြီး ပြန်လာရင်လာ” အဲဒီစိတ်ထားမျိုးမွေး * အရှုံးမပေးတတ်ကြဖို့ ‘သူမ’ပြောခဲ့တဲ့စကား သူတို့...
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမ စာမျက်နှာ (၁)
(မိုးမခ) ဇွန် ၁၅ ၊ ၂၀၂၃ ဗြိတိန်နိုင်ငံရဲ့ ကမ္ဘာကျော် SAS တပ်ဖွဲ့ကို အပေါ်ယံမြင်ကြည့်လိုက်ရင် ‘SAS ဆိုမှတော့လည်း ဒီလို လုပ်နိုင်ကိုင်နိုင်မှာပေါ့’လို့ ခပ်လွယ်လွယ် ထင်မှတ်ချင်စရာပါ။ တကယ်တော့ စတင်ဖွဲ့စည်းချိန်ကာလကို ပြန်လှည့်ကြည့်လိုက် ရင် အခုခေတ်နိုင်ငံတကာ အထူးတပ်ဖွဲ့များလို အရင်းအမြစ် ပြည့်ပြည့်စုံစုံ ရှိခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒီကြား ထဲကမှ မှတ်တမ်းတင်ယူရလောက်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ကြတာပါ။ SAS ရဲ့ အစပထမ ကနဦးဖြစ်ရပ်တွေကနေ စိတ်ဝင်စားစရာ သင်ခန်းစာယူစရာ များစွာရှိတယ်လို့ ယူဆပါတယ်။...
သီအိုဇော် - အာဏာရှင် နားဝင်လွယ်တတ်ပါသလား
သီအိုဇော် - အာဏာရှင် နားဝင်လွယ်တတ်ပါသလား (မိုးမခ) မေ ၈ ၊ ၂၀၂၃ အရှေ့တီမောက နှုတ်ဆက်လိုက်တယ် ဆေးရုံတခုအတွက်တော့ ဤမြင်ကွင်းမျိုးသည် သိပ်အဆန်းတကြယ် မဟုတ်ဟု ဆို၍လည်း ရနိုင်သည်။ ခုတင်ပေါ်တွင် ဝေဒနာခံစားရင်း လဲလျောင်းနေသော လူနာကို ဆွေမျိုးမိသင်္ဂဟများက ထိုကဲ့သို့ လာရောက် မေးမြန်း တတ်ကြသည်သာ။ သို့သော် စက္ကန့်ပိုင်း ဖျတ်ခနဲ မြင်တွေ့လိုက်ရသည့် ပုံရိပ်များက ထိုသူနှစ်ဦးကြား ဆက်ဆံရေး အတိမ်အနက်ကို ထင်ရှားအောင် ပြသပေးလိုက်သကဲ့သို့ ဖြစ်ပြီး ကြည့်သူကို စိတ်ဝင်တစား ပိုဖြစ်စေမိခဲ့သည်။ လူနာကို ပြောလိုက်သည့်...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Theo
Contact Theo, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack