(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၂၄ ဂိနိုင်လှတဲ့ မိလှိုင်မကို တပ်ထဲကလဲ မပြတ်ဆဲနေပြီ။ နောက်တန်းကျန် မယားတွေ သားသမီးတွေက "အသံမဆဲ မိလှိုင်ဆဲဆို ငိုယိုပွဲ" ကျင်းပနေတာ ကြာပြီ။ တနေ့ကတောင် အိမ်သာမှာ "စစ်သားလဲပြုတ် တပ်လဲပြုတ်ပြီ ကာချုပ်စုတ်ကို ဖုတ်ကြစို့" လို့ ရေးသွားလို့တဲ့၊ ခု အိမ်သာတောင် အစောင့်ချထားပြီ။ အစကတော့ ကိုယ့်လင် ကိုယ့်သား မသေတဲ့သူတွေက ဆပ်ပြာမှု့န့်ထုပ်အသေး သုံး လေးထုပ်နဲ့ မုန့်ဟင်းခါး အဝဖရီးကို မိသားစုလိုက် သွားတီးနေရတော့ ကာချုပ် မဆိုးဘူးပေါ့။ နောက်တော့ မုန့်ဟင်းခါးဖိုးငွေ ခွဲတမ်းချတဲ့အပြင်...
Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Yebaw Tay
ရဲဘော်တေး - တပ်ရင်းမှူး အသုံးမကျရင် ဆုံးရမှာက ကိုယ့်အသက်
(မိုးမခ) ဇူလိုင် ၁ ၊ ၂၀၂၄ တရုတ်က ဝူးတိန်းရှိန် ဖိတ်ပြီး ရှေ့တန်းခေါ် သူကောင်းပြုတာ ကြည့်ပြုနော်။ နပုက အပြန်တခါတည်း ရှေ့တော်သွင်းစေ ဆိုပြီး တြင်းရော နဝင်းရော ချေပစ်လိုက်မှ ဒုက္ခသယ်ကများ ဗုဒ္ဓကယ်ပါ့ဘုရားဖစ်တွားမယ်၊ ကြည့်လုပ်။ ဟိုအကောင်က သူ့ထက် ဘယ်သူရှည်တာမှ မကြိုက်ပူးရယ်။ အရပ်ရှည်တာလဲ ဂျေဝင်၊ ဖိနပ်ရှည်တာလဲ လေဝင်၊ လူရာဝင်တာလဲ မကြိုက်၊ လူတကာ မြင်တာလဲ မကြိုက်၊ လူပေမမီ စိတ်ပေမမီ အပြုမကြိုက်ဒုစရိုက်ကောင်ဆိုတော့လေ။ ဝူးတိန်းရှိန်ကလဲ သူ မုန့်ဟင်းခါးရောင်းမယ်ဆိုကာမှ နပုက တပ်တွင်းမုန့်ဟင်းခါးချက်...
ရဲဘော်တေး - ခွေးတိုးပေါက်တွေ ပိတ်ကြဟေ့
(မိုးမခ) ဇွန် ၁၈ ၊ ၂၀၂၄ ခေါသနီမယောင်္ကျားလေး သေးကွေးဘုစု ခွေးပုမဟာအကြံ အင်စတာဂရမ် ဝပ်ဇပ် ဖေ့ဘုတ်တွေပိတ်ရမယ်လို့ အော်ပရေတာတွေကို ပြိတ္တာမိန့်ထုတ်လိုက်တော့ သူ့မျက်နှာတေ့ပြီး ဘုတ်ဘုတ်ဘုတ်ဘုတ်လုပ်သူတဦးရှိသတဲ့။ အသူရှိရမည်နည်း။ ဒေါသနဲ့ ဇောကြွနေတဲ့ ခေါမပေါ့။ သူ့အကောင့်ပါသုံးလို့မရတော့ သူ့ဝစီကလို့စ် ဘုန်းဘုန်းရေးသမျှလဲ ဝင်မမန့်သာ၊ မေမေကြီးဖရားကိုတိုင်တည်လျက် သူ့သားတော်သစ် ဒရုန်းသခင်ကလေးတင်သမျှလဲ မမြင်ရ၊ သူ့ကိုပါ မယ်မယ်ဖရား မှန်ပလေဖလား ဟုတ်ပလေဖလားနဲ့ ဖလားချင်းပြိုင်ခုတ်မဲ့ ခေါသအုပ်ကိုလဲမတွေ့ရတော့...
ရဲဘော်တေး - စိုးရိမ်မ မိအောင်လှိုင်
(မိုးမခ) ဇွန် ၁၃ ၊ ၂၀၂၄ မကားအောင် ဆို ကားလှူတာပဲ။ ဒါပေလို့ ယတြာ ဆိုတဲ့သဘောမျိုးက နှစ်ဖက်သွားဓားလေ။ အခန့်မသင့်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်တာမျိုးကိုး။ ကြမ်းကျွံရင်သာ နုတ်လို့ရတာ၊ ယတြာကျွံလို့ကတော့ ဆေးမရှိ။ သမားလက်လျှော့ နေပေတော့။ ခုလဲကြည့်၊ မင်းကျောင်းနဲ့ မစိုးရိမ်ကိုယ်တော်ကို ကားလှူတာ။ စနည်းအရဆို ဒိုးပြီ။ ပွဲသိမ်းခရာ။ မင်းကျောင်းလို့သာ စာရေးတာ ပြောရင်တော့ မင်းဂျောင်းလေ။ ခွေးကောင် မင်း ဂျောင်းတော့ဘဲ။ ဆရာတပါးရဲ့ အယူကတော့ မင်းကျောင်း ဆိုတာ နွားကျောင်းသလိုမျိုးတဲ့။ မင်းကို ကျောင်းတာ၊ မင်း...
ရဲဘော်တေး - မအိပ်မနေ အသက်သေ
(မိုးမခ) ဇွန် ၃ ၊ ၂၀၂၄ "ခိုင်းတာလုပ် ခွေးဖြစ်" "တိုက်ပါများ တပ်ပြောင်" "မအိပ်မနေ အသက်သေ" ဒါက ၂၄ နာရီမောင်ဂေါက်လှိုင်းရဲ့ စကားကြီးသုံးခွန်းတဲ့။ ကျမလဲ မောင်ပေါက်ကျိုင်းပဲ ကြားဖူးတာပါ။ ဂေါက်လှိုင်း ဆိုတာ ဘယ်က ဒိသာပေါမောက္ခကြီးလဲ မသိဆိုတော့ မိတိုးက တံတောင်နဲ့တွက်တယ်။ စကားကြီးသုံးခွန်းကလည်း ဒီလိုမဟုတ်ပါဘူး၊ အဘွားပြောတာ ကြားနေကျလေ။ ညတိုင် မအိပ်သေးဘူးဆို ပြောပြီ။ ဟဲ့ ညည်းတို့က အိပ်ကြသေးဘူးလား၊ မောင်ပေါက်ကျိုင်းရဲ့ မအိပ်မနေ အသက်ရှည်ဆိုတာ မအိပ်ဘဲ နေခိုင်းတာ မဟုတ်ဖူး၊ အသက်ရှည်ချင်ရင် အိပ်တဲ့၊...
ရဲဘော်တေး - မရဏရထား
(မိုးမခ) မေ ၅ ၊ ၂၀၂၄ နိုင်ငံတဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံတဲ့။ မိဖရင်ခွင် ဖနောင့်နဲ့ပေါက်ပြီး ကောက်ကောက်ပါအောင် လိုက်ခဲ့တာကိုမှ မငဲ့ညှာ၊ ခုတော့ ဖာတန်းပို့ပြီဆိုသလို ပြည်သူ့ရင်ခွင် ချဉ်တင်တင်ဆိုပြီး ဘပုလည် ခိုစီးမိပါတယ်၊ ရီးတွေဖြစ်ရောဆိုပါတော့။ ယမမင်းလက် နှစ်ကျပ်ကွက်နဲ့ပေးအပ် ခွေးဇာတ်ခင်းပြီ။ ဒင်းတို့ကို ခွေးလို့ခေါ်တာ ခုမှ သိပါပေါ့လား ဟားဟား ဆိုပြီး ငိုချင်းချနေကြပြီ။ ဌာနတွင်း ပထမဦးဆုံး သွားရောက် စစ်မှုထမ်းကြမည့် ဝန်ထမ်းများ စာရင်းကို...
ရဲဘော်တေး - အာဏာလုချိန်
(မိုးမခ) ဧပြီ ၁၃ ၊ ၂၀၂၄ မအလက ဘယ်သူ ဘာပြောပြော သူ့ခေါတောင် သူမယုံလူစား။ ဘုရင် လုပ်ချင်တဲ့ကောင် ဆိုတာ တယောက်ယောက် ယုံလိုက်တာနဲ့ ပလုံဇွပ်တာကိုး။ ဘောင်းဘီကျွတ်ကြီးတွေဆို ရွှေကြီးကစ ဆေးကုတောင် မထွက်ရ။ ခုတင်တထောင် သွားချင်သွား၊ မသွားချင် လျက်ဆား လျက်၊ အပြင်ထွက်ကုဖို့ မလှမ်းနဲ့၊ ရေမန်း သောက်ချင်သောက်၊ ဒါပဲ။ ပေါက်ကတုံး မျောက်ရှုံး တောင်အော် မြောက်အော် အော်ကထဲက ကြံ့သတ္တဝါတွေ ဖြန့်တာသိပြီးသား။ အာဏာသိမ်းဖို့ မြှောက်ပေးတုန်းက ပေးပြီး ခု ပလုတ်တုတ် ဗြုန်းလာတော့မှ စောက်သုံးမကျတဲ့ကောင်ဆိုပြီး တွတ်တဲ့အပြင်...
ရဲဘော်တေး - ကျောက်စရစ်တောမာခေါင်ခေါင်က အတောင်ကျွတ်ကြိုးကြာတွေ ရေပျောက်ချိန်
(မိုးမခ) ဧပြီ ၁၁ ၊ ၂၀၂၄ စစ်ဗိုလ်ချုပ်တွေ ရင်သိပ်နာနေကြသတဲ့။ နာဆို ကြေးနန်းနှစ်ပင်ကို ပလယာနဲ့ ညှစ်လိမ်သလိုမျိုး အသည်းနှလုံးကို ဆုတ်ညှစ်ညှပ်လိမ် ကျောင်းဘုန်းကြီးကို ဖိုးသူတော်က ခေါင်းခေါက်ပြီး စိန်ပလိမ်တိန် လုပ်ခံရလိုက်ချိန်ကိုး။ ကြည့်အုံး၊ မဟာဧရာမ စတန်းဒတ်အာမီကြီးကို ရေသန့်ဘူးခွံဗုံးနဲ့ အုံးသတဲ့။ PVC ပိုက်ဆိုရင်ကို အမြင်တင့်တယ်သေး။ ခုတော့ ဟမ်းမားကားကို ချေးကားတိုက်ခံရသလိုကို ခံစားနေရတယ်လေ။ အုံးတာမှ စစ်ရုံးချုပ်တို့၊ ကာချုပ် မအလ အိမ်တော်တို့နော်။ ဒုချုပ်ကိုးကွင်းတော့ အားနာပါးနာဆော်ပေးပါသေး။...
ရဲဘော်တေး - စောက်ပေါ
(မိုးမခ) ဧပြီ ၂ ၊ ၂၀၂၄ “စောက်ပေါ” “အလေးပြု” သံရှည် သံပျင်း တင်းတင်းအော်သံ အမှောင်ယံထဲမှာ ထွက်ပေါ်လာသည်။ ဤကား ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတည်း။ ကလေးတယောက် စစ်ဝတ်စုံဝတ်ပြီး အူကြောင်ကြောင် လမ်းလျှောက်လာသည်။ ဘာရယ်မဟုတ် ဗိုလ်ကတော် စော်ကြီးတွေက ပန်းကုံးစွပ်ပေးလိုက်သည်။ ဤကား ဤကလေးနှင့် မိသားစုကို သေမိန့်ချလိုက်ပြီတမုံ့။ ဒီမိသားစုအဖို့တော့ မရှင်တမ်း ခံစစ်။ သို့ပေမဲ့ ဤကလေးသည် ခွေးချုပ် မင်းအောင်လှိုင် မြေးမဟုတ်။ မင်းအောင်လှိုင်ကို သွေးရူးသွေးတန်းတွေ ပြောခိုင်းလိုက်သည်။ နောက်ကွယ်တပ်ကြီးတခုလုံးက...
ရဲဘော်တေး - ဂန်းနဲ့အကိုတွေကို အနမ်းနဲ့ကြိုမည်
(မိုးမခ) မတ် ၂၃ ၊ ၂၀၂၄ လာဘ်ကြိုက်တဲ့ အုပ်ကြီးတွေ ကပ်ဆိုက်တဲ့ ကာလပေါ့လေ။ မအလ ကောင်းမှု အကြောင်းပြု ထောင်းထုခံရ အုပ်ကြီးတို့ဘဝ။ လူတွေကလည်း အုပ်ကြီးရာ ဒီကာလအလွန်မှာ မင်း ဘယ်ပြေးမလဲ မိချိုသဲ လုပ်သူက လုပ်။ ဒီကာလထဲဘဲ မသာပွဲလုပ်ပေးဖို့ ချိတ်ဆက်သူက ချိတ်ဆက်။ သိပ်နှိပ်စက်လာရင် အိပ်မက်အရ လာဗျင်းမယ့်သူကလည်း အဆင်သင့်။ ရခိုင်ဘက်ကတော့ ထွက်ကြပြီ။ တအာင်းကလဲ ဂန်းစာမိမယ် ပြော။ တကယ်တော့ အုပ်ကြီးဆိုတာ ဆန်ကောထဲက ဇီးဖြူသီး ငတ်ကြီးကျရတာနဲ့ မကာမိ၊ ဉာဏ်မရှိ အမှန်မသိတော့လည်း ကံရှိလို့ နယ်စားမင်း ဖြစ်တယ်အောက်မေ့သကိုး။...
ရဲဘော်တေး - တပ်အပြုတ်မှာ ဇာတ်ရှုပ်တွေဆင်
(မိုးမခ) မတ် ၁၂ ၊ ၂၀၂၄ စစ်တပ်က ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်တပ်ရင်း ဘယ်နှရင်း ဖွဲ့ပြီးသွားပြီလဲ။ အတိအကျမသိနိုင်ပေမယ့် သင်တန်းပေးနေတာကတော့ ထောင်ဂဏန်းချီပြီလို့ ပြောနိုင်ပါတယ်။ အဲဒီတပ်တွေနဲ့ ရခိုင်မြေကို မွှေထားခဲ့တော့ဖို့ ကြံနေတာပါ။ နောက်တခုက သူတို့ခံစစ်ကြောင်းရဲ့ ဒိုင်းတွေအဖြစ်လည်း သုံးဖို့ပါ။ အဲလိုပဲ ပအိုဝ်းတွေကိုလည်း အင်အားအလွန်အကျွံစစ်သင်တန်းပေး လက်နက်တပ်ဆင်နေပါတယ်။ ပအိုဝ်း ဗုဒ္ဓလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့ပေးတဲ့သဘောပါပဲ။ သိပြီးဖြစ်တဲ့အတိုင်း ကရင်နီဒေသကို တန်ပြန်ဒုက္ခပေးဖို့ရယ်၊ ရှမ်းတွေကို...
ရဲဘော်တေး - ပုနာရာမ
(မိုးမခ) မတ် ၅ ၊ ၂၀၂၄ မအလကတော့ မြစ်ဧရာကမ်းနားဘေးမှာ လွမ်းတေးတွေသီ အဲ အဲ ဝရမ်းပြေး ပြည်တည်နေပြီ။ ဖက်ဒရယ်အတုလုပ် တိုင်းရင်းသားဒေသက တပ်တွေ ပြန်ရုပ်ပြီး လက်ကျန်ဒုက္ခိတတွေရယ်၊ ပုဇဉ်းတောင်ပံကျိုးလေးတွေရယ်၊ ငှက်တောင်ကျွတ်တွေရယ်၊ ရေငုပ်သင်္ဘောသီးကြီးရယ်နဲ့ ငါဟဲ့ ဗမာရှင်ဘုရင် လုပ်ချင်ပုံဘဲ။ သူ့သားလည်း မုန့်ဟင်းခါးအတွက် ငါးကန်ထရိုက်ပေးရင်းပေါ့။ နေပူတော်ဟာ မတော့တော့ပု ဆိုတဲ့ သဘော။ မင်းနေပြည် ဖြစ်ကောင်းဖြစ်နိုင်တာဆိုတော့ ဧရာဝတီသားတွေ ကုသိုလ်ပေါ့လေ။ အာ့ကျကျ ရေဇလာနဒီ ဧရာဝတီ သေနာပြည်ဘာညာ ဒူနံ့နံ...
ရဲဘော်တေး - ၁၃ ဂဏန်းနဲ့ စတွေ့တဲ့ မအလ မိသားစု
(မိုးမခ) မတ် ၂ ၊ ၂၀၂၄ စစ်တပ်ကို ဖျင်ချတဲ့နေရာမှာတော့ မင်းအောင်လှိုင် သားအဖကို ဘယ်သူမှ မမီဘူး။ ဖအေက အာဏာသိမ်း၊ သားက ကုမ္ပဏီသောင်းခြောက်ထောင်နဲ့ တင်ဒါမှန်သမျှယူ။ ခုတောင် သူ့သားက တရက်တည်း တင်ဒါ ၁၃ခု အောင်သတဲ့။ အောင်တယ် ဆိုရအောင်လည်း ဘယ်သူက ပြိုင်ဝံ့မတုန်း။ ပြိုင်တော့လည်း ဘယ်သူက ချပေးရဲမလဲ။ အဲသလို သူတို့သားအဖ ထင်ရာလုပ်ဖို့ စစ်တပ်က ပြည်ဖျက် သတ်ဖြတ် မီးရှို့မုဒိမ်းကျင့်ပြီး လူမျှန်သမျှ အမုန်းတော်ခံရ၊ စစ်သားမှန်သမျှ ခွေးတံဆိပ်ဓာတ်ပြား ရကြတယ်။ ခွေးထက်ယုတ်ညံ့တဲ့အကောင် မတွေ့သေးတော့ ခွေးမှန်သမျှလည်း...
ရဲဘော်တေး - စစ်မင်းသုံးဆက် ဆက်ဖျက်လို့ မရစေရ
(မိုးမခ) ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၄ စစ်ဘုရင် နေဝင်း မြေး ဝက်သိုး စစ်ထဲဝင်ဖို့ ထွက်လာခဲ့ ဆိုတော့ လက်ခါခါပြတာများ သွက္ချာပါဒလိုက်နေလား မှတ်ရတယ်။ ဒစ်ရီး မငြိမ်တိုင်း စစ်စည်းစိမ်ခွခွထိုးနေတဲ့ကောင်က စစ်ထဲဝင်ဖို့ကျ အာ့ကျကျ အာ့ကျကျလုပ်နေတာ။ သူ့အဘိုးလက်ထွက် ဗိုလ်ချုပ်ပြုတ်တွေ မြှောက်ပေး၊ မဘသလူမိုက်တွေ ဂျင်းသွင်း၊ မဘသကိုယ်တော်တွေအပင်းလှူ လူမျိုးရေး ဘာသာရေးကို ဝက်စာကျိုသလို မီးထိုးခဲ့တဲ့ကောင်။ စစ်သားလုပ်ဖို့တော့ စာရင်းမပေး၊ စစ်တပ်က ဝက်စာမကျွေးဘဲ ခွေးစာဘဲ ကျွေးမယ်ထင်ပုံရ ညီအကိုတတွေ တုတ်တုတ်မှမလှုပ်...
ရဲဘော်တေး - အပိုင်ကျွန်မျိုး နိုင်လွန်ကြိုး
(မိုးမခ) ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၄ ရခိုင်တွေပြန်လို့ ပြောချင်တာ။ အဘတော်ခေါင်မိဖုရား ခေါကြူမကြောင့် ဘောအူပွတွေ ဒစ်လည်ပြီး မဆီမဆိုင် ရခိုင်ဆိုင်တွေ လစ်လို့ ပြောရတော့သာဘဲ။ ဟော ခု စစ်ဥကို ထောက်ခံပွဲလုပ်သာ ရှိသေး၊ စစ်ပင်စင် လာထုတ်ရင် ကိုယ်တိုင်လာရမတဲ့၊ မာမာချာချာ ဆိုရင် တခါတည်းများ တပ်ကို သတင်းပို့ခိုင်းမလား မသိ၊ မအလကို ငါကိုင်တုတ်နေကြရဲ့။ ဘောမတွေ ရွာလည်ချက်တော့၊ သူတို့သားသမီးတွေ အရင်လစ်ရမလား၊ သူတို့ အရင်လစ်ရမလား၊ ဘယ်တပ်မှာ ပြန်ဆုံကြမလဲ၊ ကံကုန်ရင် ပြန်ဆုံအုံးမလား၊ အားဟားဟား ဟစ်နေကြတာ၊ ခုတော့...
ရဲဘော်တေး - မသာကိန်းအညီ ဝါစိမ်းနီအလံ တလူလူနဲ့
(မိုးမခ) ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၄ RCSS နဲ့ SSPP က သူတို့ ထိန်းချုပ်နယ်မြေမှာ ကျားဖြန့်တိုက်မယ်ဆိုတာဟာ မအလကို ချဲလင့်လုပ်တာပါပဲ။ သူတို့ ထိန်းချုပ်နယ်မြေဆိုပေမယ့် မအလ အုပ်ချုပ်ထားတာဘဲကိုး။ အဲဒီ မသာအုပ်ချုပ်နေရာတွေမှာ မဟုတ်တရုတ် ငွေရှာနေတာတွေကို သေရွာပို့၊ အဲ တရုတ်အပ်မယ်လို့ ပြောတာဟာ မအလနားရွက်ကို ချီးသုတ်တာမဟုတ်လို့ ဘာရှိမှာလဲ။ တပ်ရယ် ပြည်သူ့စစ်ရယ် ရဲရယ် သရီးအင်ဝမ်းလုပ်ကြတာတွေလေ။ ရှမ်းနှစ်ဖွဲ့ကလည်း နွေဦးရဲ့လေရူးနဲ့အတူ ဖက်ဒရယ်ခရီးစဉ် ရွက်လွှင့်ဖို့ သူ့အခြေအနေနဲ့သူ အခါအခွင့်သင့်ချိန်...
ရဲဘော်တေး - သာဒင်နဲ့ သာဝ
(မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၄ ဗိုလ်ချုပ်ဟောင်းကြီးတွေက အကုန်ပြေးချင်နေပြီ။ တယောက်ခြေ တယောက် ကြည့်နေကြတာ။ ဘယ်ကောင်ထ ထွက်ရဲလဲပေါ့။ တကယ်တော့ တကောင်မှ မထွက်ရဲဘူး။ အမြီးလှုပ်ရဲဖို့ထား၊ အီးတောင် ကျယ်ကျယ်မပေါက်ရဲတာ။ အဲဒီအခြေအနေမှာ ရွှေကြီး တရုတ်ခိုလှုံခွင့်တောင်းတယ် အသံကြားတော့ အကုန်ပြူတစ်ပြူတစ်ဖြစ်။ ရွှေကြီး လေယဉ်ပေါ်တက်လို့ ရရင် သူတို့လဲ ဟေးခနဲ ပြေးထွက်ပြီပေါ့လေ။ ကြားတာက အဲငတကြီးတွေကို လဒလေးက ပါ့စပို့တောင် သက်တမ်းတိုးမပေးဘူးဆိုပဲ။ အခန့်မသင့်ရင် ကြီးတောင့်ကြီးမှ ရွှေကြီးတောင် အင်းစိန်ထောင်မှာ...
ရဲဘော်တေး - အသံတိတ်ဗုံး တအုံးအုံး
(မိုးမခ) ဖေဖော်ဝါရီ ၂ ၊ ၂၀၂၄ လေဆာငနဲက မျက်လုံးက ကျဉ်းတလုံး ကျယ်တလုံး၊ တောင်တလုံး မြောက်တလုံး၊ ရှေ့တလုံးနောက်တလုံးရယ်။ အဲလိုဆိုလို့ ခြောက်လုံး ပါတယ် မှတ်မနေနဲ့။ သူများလို နှစ်လုံးဘဲ။ တလုံးနဲ့ တလုံး မတူတာ။ တလုံးကျဉ်း တလုံးကျယ်။ တလုံးက ရှေ့ကြည့်ရင် နောက်တလုံးက နောက်မျက်စောင်း လှမ်းထိုးထားသလို ဖြစ်နေတာ။ တလုံးက မြောက်ကြည့်ရင် တလုံးက တောင်ဘက်ရွယ်ထားပြီးသား။ တလုံးက ခိုးနေရင် တလုံးက ရိုးဟန်။ သက်တမ်းတိုးတဲ့နေ့ဆို ပိုသိသာတယ်။ တလုံးကြုံ့တလုံးချဲ့၊ ခွေးပါးစပ်နဲ့ နတ်စကားဆင်ရတော့မှာကိုး။ မုသာဝါဒနဲ့...
ရဲဘော်တေး - ယတြာထောင်း မင်းအလောင်းဖြစ်
(မိုးမခ) ဇန်နဝါရီ ၂၅ ၊ ၂၀၂၄ မအလ ယတြာသစ်တခု စပြီဆို တပ်ထဲကကောင်တွေ လောင်ပြီ။ ခုလဲ ဥဩ ၁၄ ကောင် လွှတ်သတဲ့။ ဗုဒ္ဓေါ ဥဩဆိုတာ အထီးကျန်တေးသီသတ္တဝါ၊ တပ်တွေအကုန်ပြေးပြီပေါ့။ တပ်တွေ အကုန်အလံဖြူထောင်၊ တပ်တွေ အကုန်လက်နက်ချ၊ တပ်တွေအကုန် သူ့ဘက်ပြောင်းလှည့်တော့မယ့် လက္ခဏာ။ ဗေဒင်ဆရာကလဲ သူ့ဘက် ပါချင်မှ ပါတာလောက်တော့ သိမှပေါ့။ သူ့ဘက် ပါသော်လည်း ယတြာကတော့ ဘက်မလိုက် မူဝါဒ ကျင့်သုံးတယ် ဆိုတာလောက်တော့ သိလေကွယ်။ ဘယ့်နှယ် “တရားသောစစ် အောင်မြင်ပါစေ” ယတြာမျိုးကျတော့ ကန်းပြီပေါ့။ တော်လှန်သူတိုင်း အောင်ကြပြီလေ။...
ရဲဘော်တေး - အအူမှ အန ၊ ငနူမှ လဒ ကြားလား
(မိုးမခ) ဇန်နဝါရီ ၂၃ ၊ ၂၀၂၄ ဟောဒီ လောကီမှာ အူကြောင်ကြား လူရောင်ဝါးတယောက်ဟာ ဘယ်သူလဲ ဆိုတာ သိချင်ရင် ဒါလေး ဖတ်ကြည့်လိုက်။ “ရှမ်းမြောက် ဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ တိုက်ခိုက်မှုတွေ ဖြစ်ပေါ် လာတာဟာ အာဏာကို ဥပဒေနဲ့အညီ ရယူဖို့မဟုတ်ဘဲ ဖြတ်လမ်းနည်းနဲ့ အာဏာရဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ဒီကနေ့ ပြောကြားလိုက်ပါတယ်” စောက်ပြောက သောက်ပေါ ဆိုတဲ့အတိုင်း အာဏာသိမ်းတဲ့ လနာက “အာဏာကို ဥပဒေနဲ့အညီ ရယူဖို့ မဟုတ်ဘဲ” ဆိုတော့ ဘိုပြော့ရမလဲပေါ့နော် “ ခွေးရိုးထားတဲ့ ပါးစပ်နဲ့ “မဂ် ဖိုလ်...
ရဲဘော်တေး - ဂိုးမသွင်းဖူးတဲ့ တိုက်စစ်မှူး
(မိုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၂၄ မအလကိုတော့ မဘသကပါ မောင်းချနေပြီ။ သူတို့က စိုးဝင်းကို ဂိုးသွင်းခိုင်းမယ်တဲ့။ ရုပ်ကိုက အထန်ရုပ်တဲ့၊ ဒါမှ တပ်ချုပ် ပီသတယ် ဆိုကဘဲ။ သူတို့ မသိတာက ဟိုက ထန်ချင်လို့ထန်နေတာ မဟုတ်ဘူးလေ။ ဒါမျိုးက စိတ်ဒဏ်ရာနှစ်ကြာလာရင် အထစ်အရာတွေ ထင်လာတတ်တာ မသိဘဲ သတ္တိခဲထင်နေရှာတာကိုး။ တပ်ထဲမှာ ပွဲတခုခုရှိလို့ သူများတွေ မိသားစုလိုက်လာတာတွေ့ရင် စိုးဝင်းက မျက်နှာတည်တာဖြစ်ပြီလို့ စစ်ဗိုလ်ချင်း စောက်တင်းနှက်နေကြ။ သူ့မှာ ကိုယ်ပိုင်မိသားစုမရှိဘူးလေ။ သူ့သားတွေဆိုတာက မယားပါသားတွေ။ အဲဒါ သူများသား...
ရဲဘော်တေး - ပြောတတ်ပါစေ
(မိုးမခ) ဇန်နဝါရီ ၉ ၊ ၂၀၂၄ အပြောမတတ်ရင် တုတ်နဲ့ရိုက်တာထက် နာတယ်ဆိုတဲ့ စကားရှိတယ်။ ဥပမာ “လက်နက်ချတယ်” ဆိုတဲ့ စကားကြည့်။ ကဲ တဖက်လူ ဘယ်ကလောက် ဂုဏ်ပျက်မလဲ၊ စဉ်းစားကြည့်။ အဲဒီလိုပြောမယ့်အစား “ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတာဟာ တိုင်းပြည်မွဲကြောင်းဖြစ်” လို့ပြောရင် ကဲ ဘယ့်ကလောက် အနှစ်သာရရှိလဲ။ သူ့လောက် စည်းရုံးရေးဆန်တာတောင် သူ့ထက် စည်းရုံးရေးမဆန်ဘူးမဟုတ်လား။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထိ ရောက်သွားတော့တာနော်။ “ကံဇာတာ ညှိုးလာတယ်” ပြောရင် ဘယ်ကြိုက်မလဲ၊ တုန်လှုပ်ရှာမှာပေါ့။ “ဖနောင့် သံဆူးတယ်” ဆိုတော့...
ရဲဘော်တေး - နိုင်ငံရေးသဘောထား
(မိုးမခ) ဒီဇင်ဘာ ၂၈ ၊ ၂၀၂၃ တိုင်းရင်းသားဒေသ ဆိုတာ မြန်မာပိုင် မဟုတ်တာ သေချာပေမယ့် မြန်မာဆိုင်လို့တော့ သဘောထားခဲ့ကြတာကိုး။ အဲဒီတော့ ပြည်ထောင်စုဆိုတာ ဖန်တည်းခဲ့၊ နောက် ပြည်ထောင်စုမပြိုကွဲရေးဆိုပြီး နိုင်ငံအရင်းအမြစ်အားလုံးနဲ့ မြန်မာ့စစ်တပ်ကြီးကို ချဲ့ချင်သလောက် ချဲ့ခဲ့ကြတယ်။ အဲဒီမှာ မြန်မာစစ်တပ်ဟာ လက်နက်အားကိုးနဲ့ တိုင်းရင်းသားဒေသအားလုံးကို သူပိုင်သလို သဘောထားရုံမက တနိုင်ငံလုံးပါ သူ့မွေးရာပါအမွေပစ္စည်းလို မှတ်ပြီး အဲဒီထဲမှာ နိုင်ငံရေးပါ သူ့သဘောလုပ်တော့တာပဲ။ ခုတော့ လက်နက်ဘာသာစကားပဲ တတ်တဲ့သူကို...
ရဲဘော်တေး - ခရေကြွေချိန်
(မိုးမခ) နိုဝင်ဘာ ၃၀ ၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများမှာ ပြည်ပ ဒရုန်းပညာရှင် ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော် အသုံးပြုပြီး သာလွန်အင်အားနဲ့ စစ်တပ်စခန်းများ တိုက်ခိုက်ခံနေရလို့ တပ်စခန်းများက စွန့်ခွာပေးနေရတယ်လို့ စစ်ရာဇဝတ်ဂိုဏ်းချုပ် မအလက နိုဝင်ဘာ ၂၉ ရက်နေ့က စကစအစည်းအဝေးမှာ စွပ်စွဲပြောဆိုထားတယ်။ ဒီစကားရဲ့ ရည်ရွယ်ချက်ကတော့ ညီနောင်သုံးဖော်နဲ့ ပီဒက်တွေဟာ စွမ်းလို့မဟုတ်ပါဘူး။ အပြင်ကအကူအညီရလို့။ အဲဒီတော့ မင်းတို့ ကြောက်စရာ မလိုဘူး၊ ဒူးသာဒူးဆိုတဲ့သဘော။ ငါ့သားနဲ့ သမီးလဲ...
ရဲဘော်တေး - အလံဖြူသာ တပ်ထွက်ပေါက်
(မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၃ လိုကေရှင်း အတိအကျနဲ့ စစ်တိုင်းဌာနချုပ်ထဲတောင် ဒရုန်းချပြီဆိုတော့ ဗိုလ်ကြီးထက်မြက် ပြောသလို တိုင်းမှူးတွေလဲ အလံဖြူထောင် ထွက်လာရမယ်ဆိုတာ ဟုတ်တာဘဲလေ။ မအလလဲ အာဏာသိမ်းမှု၊ လူအမြောက်အမြား သတ်မှု၊ စစ်သေနှုန်းများမှုအပြင် သူနဲ့ သူ့ဘော်ဘော် ပြည်သူ့စစ်တွေရဲ့ လောင်းကစားမှု၊ နိုင်ငံခြားသား လူကုန်ကူးမှု၊ ဘိန်းမှောင်ခိုမှု၊ ရာဇဝတ်ဂိုဏ်းထောင်မှုတွေနဲ့ပါ တိုင်ပတ် တရုတ်နဲ့ အာဆီယံကပါ အသကုန် ကြပ်လာပြီဆိုတော့ သူ့ခမျာ ဧည့်သည်တောင် ထွက်မတွေ့နိုင်ရှာ ဖင်ယားခွင့်မသာတော့ဘူး။ စစ်ရေးကလဲ အဲ...
ရဲဘော်တေး - ဒေါက်ဖြုတ်တဲ့ စိုးထွဋ်
(မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၂၃ စိုးထွဋ် ထောင်သွင်းခံရတာက သူတော်ကောင်း တိုင်းချစ်ပြည်ချစ်တွေကို ထောင်သွင်းညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ ဆိုးဝဋ်ကြောင့်ရယ်၊ မအလ ကန့်သတ်ထားတဲ့ ဘောင်းဘီကျွတ်အုပ်စုရဲ့ မိသားစုဝင်၊ ဘောင်းဘီဝတ်အုပ်စုရဲ့ မိသားစုဝင်တွေရယ်၊ ခရိုနီအုပ်စုရဲ့ မိသားစုဝင်တွေရယ်ကို ပါ့စ်ပို့ ထုတ်ပေးတာကြောင့်ရယ်ပါ။ စောက်ပုက ဒေါက်လုကထဲက ကိုယ့်လူတွေရဲ့ ထွက်ခွင့်ကို အရင်ပိတ်တာပါ။ သိမ်းသိမ်းချင်း ပါးပါးနပ်နပ်ရှိလို့ ဦးအောင်ထွက်လိုက်သူတချို့ပဲ လွတ်ပါတယ်။ တချို့ဆို ပြည်ပ ထွက်ဖို့ မပြောနဲ့ အိမ်မှာတောင်...
ရဲဘော်တေး - မင်းရေး ဘယ်လောက်ကျယ်
(မိုးမခ) နိုဝင်ဘာ ၁၀ ၊ ၂၀၂၃ ကာလုံ ခေါ်တာက ဒုချုပ်ကို ဖုတ်ချင်လို့တဲ့။ တပ်ထဲမှာရော တပ်အုပ်စုတွေမှာရော ဒီအခြေအနေနဲ့ပတ်သက်လို့ တိုးတိုးရော ကျယ်ကျယ်ပါ ပြောကြတာက ဒုချုပ်ဆို ပွဲပြတ်ပြီဆိုတာချည်းဘဲ။ ဒါကို စောက်ပုက ကောင်းကောင်းဓာတ်တယ်။ တကယ်က စစ်ရေးက အာဏာသိမ်းကတည်းက ဒုချုပ်ဘဲ ကိုင်တာ။ မအလက သူ့ကွိုင်နဲ့သူ။ အဲဒါကို သူ့ချည်း ဝိုင်းအပြစ်ဖို့နေတော့ ကာလုံခေါ်ပြီး ကိုးကွင်းကို ကိုးကန့်စစ်ရေးအစီရင်ခံခိုင်းတာဘဲလေ။ သိကြတဲ့အတိုင်း ကိုးကွင်းက ကိုးကန့်စစ်ရေး ဘယ်လိုကိုင်လဲ ဆိုတော့ ကျောက်ကျောသုံးတုံးဆွမ်းတော်တင်...
ရဲဘော်တေး - စခန်းတရာ တပတ်ကြာ
(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၃ Oct22 မှာ Operation 1027-3BHA ပေ့ချ်ဖွင့်။ ၂၇ ရက်မှာ MNDAA ကို မိတ်ဆက်တဲ့ နိက္ကမ ဇာတ်လမ်းတို ယူကျူ့မှာတင်။ တလှိုင်းပြီး တလှိုင်း လာမယ် မက်ဆေ့ကို ပြည်သူ့ထံပေးပို့ စိတ်ဓာတ်မြှင့်။ အဲဒီနေ့မှာ မနက် ၆ နာရီကစပြီး ပြည်ထောင်စုလမ်းမကြီး အရေးပေါ်ပိတ်ပင်ကြောင်း ကြေညာချက်ထုတ်။ ရည်ရွယ်ချက်က ရှမ်းမြောက်အထူးဒေသ (၁) က စကစစခန်းတွေ တိုက်ထုတ်ဖို့၊ ကျဖျင်ကုမ္ပဏီတွေ ရှင်းဖို့နဲ့ ကျဖျင်အကာအကွယ်ပေးတပ်တွေ စစ်အင်အား မတိုးချဲ့နိုင်ဖို့။ ပြီးတော့ စစ်ဆင်ရေးကြီး စတင်ကြောင်း ပြည်သူတရပ်လုံးအတွက်...
ရဲဘော်တေး - "ဝ"နဲ့ မိုင်းလား ကျားနှစ်ကောင်ပါ အမြီးသွားဆွဲလိုက်မိတဲ့ စကစ
(မိုးမခ) နိုဝင်ဘာ ၁ ၊ ၂၀၂၃ ကျားဖျန့်လို့ ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး “ဝ”နဲ့ မိုင်းလားဒေသကို စစ်ကောင်စီရဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန်အဖွဲ့တွေ ဝင်နိုင်ဖို့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမယ်လို့ စစ်ကောင်စီ ပေါခွင့်ရသူ ဗိုလ်ကျုပ်(ကျုပ်=မဲနက်) ဇောက်မြင်းထွန်းက ပေါပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် Phoenix Media နဲ့ ဗိုလ်ကျုပ်ဇောက်မြင်းထွန်းရဲ့ အောက်တိုဘာလ ၂၃ ရက်က ဖြေကြားပြောဆိုမှုတွေကို စစ်ကောင်စီရဲ့ သတင်းစာတွေကနေ အောက်တိုဘာ ၃၀ ရက်...
ရဲဘော်တေး - တပ်သားလေးတို့ရေ
(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၃ ဦးပိန်တံတား ကျိုးပြီဆိုတော့ ဦးလိန်ငနွားလဲ ကျိုးရတော့မှာပေါ့။ နှစ်ခုလုံးက သက်တမ်းလွန်တွေလေ။ ခံနိုင်ဝန်က မရှိတော့ဘူး။ တရုတ်လစ်မလိုလို အသံထွက်လာတယ်။ ခုတော့ တပ်နဲ့ကပ်ဆိုတာ အဓိပ္ပာယ်တူစကား ဖြစ်လာပကိုး။ တပ်ထဲမှာက နေ့စဉ်နဲ့အမျှ ငိုသံပါကြီးနဲ့ ရွတ်နေတဲ့ ပရိတ် ပဋ္ဌာန်းသံကိုက ချောက်ချား မှောက်မှားစရာကြီးဖြစ်နေတာ။ ဘာတတ်နိုင်မလဲ။ ဘယ်သူမပြု တပ်ပိုင်မှုကိုး။ သူ ပြေးလဲ လွတ်မထင်ပါဘူး။ စောက်ပြဿနာမှန်သမျှ ဆရာကြီးလုပ်ပြီး သူ ရှုပ်ခဲ့တာတွေချည်းဆိုတော့ သူ့ ဘယ်သူက အပြေးခံမလဲ၊ နော့။...
ရဲဘော်တေး - အဘအောင် ညာတယ်
(မိုးမခ) အောက်တိုဘာ ၂၉ ၊ ၂၀၂၃ တပ်ထဲမှာ မပြတ် ဆဲတာကတော့ စကစဟာ ကိုးကန့်တပ်တွေ လာတိုက်မှာ သတင်းကြိုရရက်နဲ့ တပ်တွေကို အသိမပေးတာ။ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကြိုမရှောင်ခိုင်းတာဘဲ။ လာတိုက်မယ့်သတင်းကို မြိုနယ် လ.ဝ.က က ပြည်နယ် လ.ဝ က ဆီ ပို့ခဲ့တဲ့စာရွက်ထွက်လာတော့ လ.ဝ.က လိုဟာမျိုးကတောင် ရသေးတာ၊ စစ်ထောက်လှမ်းရေးသတင်းဆို ပြောမနေနဲ့တော့ပေါ့။ သေချာပေါက် သိတယ်လေ။ အဲလိုဆို သိရက်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကြိုမရှောင်ခိုင်းတာ၊ စစ်စခန်းတွေကို ခုခံဖို့ ပြင်ဆင်ခိုင်းတာတွေ ဘာလို့...
ရဲဘော်တေး - မ နဲ့ မြ
(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၃ “မအလကတော့ ဂွမ်းပြီ၊ သောက်ကျိုးနဲ ဂွမ်းပြီ၊ အကြီးအကျယ်ကို ဂွမ်းဘီ” (ဂိုရှယ်လေး၏ ယူကျုံးမရအသံကြီးဖြင့် ဖတ်ရန်) တရုတ်ရဲ့ တတိယအကြိမ် ရပ်ဝန်းနဲ့ ပိုးလမ်းမဖိုရမ်က တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်လေးထောင်လောက် စာရင်းပေးထား၊ အသေးဆုံးက ထိုင်းဝကခသစ်။ ပူတင်ပါ ပြူတစ်ပြူတစ်လုပ်တဲ့ပွဲ။ ဂူတာရက်တောင် တက်ပရဇေပွဲ။ အဲဒါ ဘီဘီစီကတော့ ငပု တက်ရောက်ခွင့်မရ၊ မြထွန်းဦးဘဲ ရသယ်လို့ ရေးတာဘဲ။ ဆိုလိုတာက ငပုက လူစဉ်မမီ၊ မြထွန်းဦးပခုံးတောင် သောက်အရပ်က ခုံခုရလို့ မဖိတ်သယောင်ယောင်ရေးတာပေါ့။ အဲဒါကို...
ရဲဘော်တေး - အခက်ခဲဆုံးကာလ ဖြတ်ကြရတော့မယ်
(မိုးမခ) အောက်တိုဘာ ၁၃ ၊ ၂၀၂၃ "တသက်တကျွန်း မိုးမြင့်ထွန်း၊ လျှပ်စစ်ကုလားထိုင် မင်းအောင်လှိုင်" လို့ တပ်ထဲမှာ ပြောနေကြပြီ။ မိုင်လိုင်ခက် စစ်ရှောင်စခန်းမှာ ဖျက်အားပြင်းဗုံးသုံးပြီး အိပ်မောကျနေတဲ့ ကလေး လူကြီးတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်၊ သတ်ပြီး ကိုယ် မလုပ်သလိုလို၊ KIA ကပဲ သူ့လူတွေကို သူ ပြန်သတ်သလိုလိုမျိုးနဲ့ ဘယ်လို ဖြစ်သွားတယ် ဆိုတာ တရုတ်နဲ့ပေါင်းပြီး စုံစမ်းစစ်ဆေးအုံးမယ်၊ KIA ယမ်းတိုက် ပေါက်ကွဲတာ ဖြစ်မယ်ဆိုပြီး နသားပယား ထပ်လုပ်၊ အေး မင်းတို့ဗိုလ်ချုပ်အားလုံး မြေးတွေ သားသမီးတွေနဲ့ဆိုတာတော့...
ရဲဘော်တေး - ခွေးစကား
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၃ ရန်ကုန်က အမှောင်ထဲမှာ ကြောင်တောင်တောင်ကောင်က လျှပ်စစ်ရထားလို့ အူနေတုန်း။ ကြိုးစင် ကြိုးစင်လို့ ဒီဘက်က ပြောနေချိန် မအလကတော့ လျှပ်စစ်မှ လျှပ်စစ်၊ ကြိုးမကျစ်နဲ့တဲ့၊ ခေတ်နောက်ပြန် မဆွဲနဲ့တဲ့။ နိုး ကြိုး။ ဒိုး လျှပ်စစ်ကုလားထိုင်ဆိုပါလား။ ဗာလ သာဝကတော့လေ၊ ဂေါက်နေတယ် ပြောရုံနဲ့ မလုံလောက်၊ ပြောပေါက်ကကြည့်၊ မသိရင် ဂျပန်ကတောင် နည်းပညာ လာယူရမယ့် လေသံနဲ့။ လျှပ်စစ်ရထားတွဲခေါင်းလုပ်ဖို့ ပြင်တဲ့။ မလွှကုန်းယန္တရားရုံကဘဲတွေက ဖြဲမလွှတ်လိုက်တာ တော်သေး။ ပြောတော့ လျှပ်စစ်ရထား။ လုပ်တော့...
ရဲဘော်တေး - တစပြင်ညများ
(မိုးမခ) အောက်တိုဘာ ၇ ၊ ၂၀၂၃ ည ည အိပ်မပျော်တာ ကြာပြီ။ နောက်သီးတဲ့အသီးက ပိုကြီးဆိုသလို တပ်မှာ ကိုယ့်ထက် ပိုခိုးနိုင်သူတွေချည်းမို့ စိတ်ကျပြီး အိပ်မရ။ ကိုယ် တိုင်းမှူးဘဝနဲ့ ကာချုပ်နှစ်ဆက်စာ နွှာထားသမျှတွေကို တရက်ထဲနဲ့အပိုင်သိမ်းချင်တဲ့ကောင်တွေက ကျားချောင်းချောင်းလိုက်၊ ဗျိုင်းစောင့်စောင့်လိုက်။ ဒီလိုလုပ်ဖို့ကလဲ ဘဘနားစားတာကမှ အခွံနွှာနေရအုံးမယ်။ ကိုယ့်ကိုမို့ကိုင်နိုင်ရင် သူဌေးတင်မက ကယ်တယ်ရှင်သူရဲကောင်းက ဖြစ်အုံးမယ်။ ဒါ့ပြင် သားစဉ်မြေးဆက် သမိုင်းတခုလုံး ဖူးဖူးမှုတ်ခံထားရမှာလေ။ ဘယ်သူ...
ရဲဘော်တေး - သွေးညှီနံ့
(မိုးမခ) စက်တင်ဘာ ၂၇ ၊ ၂၀၂၃ ချေးနဲ့ခွေး၊ လာဘ်နဲ့တပ် တိုင်ပတ်နေပါတယ်ဆို ဟို မအလအောက်ဆွဲကတမျိုး။ အောက်ဆွဲ ဆိုတာ မအလကလေ သူတပ်က အနားမယူတာက တပ်မှာ စောက်သုံးကျတဲ့ကောင် မရှိလို့လို့ ပြောခံရတာကို မနာသလိုလို၊ မကြားသလိုလို အနာဂတ် ပျောက်သလိုလို ဒေါ်လာကောက်ရသလိုလို မထုံတက်သေး လုပ်နေတဲ့ကောင်လေ။ အဲ..
ရဲဘော်တေး - ကျောက်စရစ်တော မာခေါင်ခေါင်က အတောင်ကျွတ် မအလ
(မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၂၃ အာဏာသိမ်းစစ်ခေါင်းဆောင်သမီးက သူ့ရဲ့ 7 sense ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကို SM winner ဆိုတဲ့ နာမည်ပြောင်းလိုက်တယ်။ SMရဲ့ အရှည်ကို တိုးတိုးတိတ်တိတ်ဖွင့်ဟသံကြားတာကတော့ Spring Movement တဲ့။ အဲနောက်မှာ winner ထည့်လိုက်တာကတော့ သူ့လုပ်ငန်းတွေ သပိတ်မှောက်မှာကြောက်လို့ နွေဦးတော်လှန်ရေးကို ဖားတာဆိုတာထက် ပိုပါတယ်တဲ့။ တကယ်ပဲ သူ့အဖေ အာဏာမုဒိမ်း မအလကြောင့် သူ့စီးပွားပျက် သူ့သားသမီးတွေပါ အနာဂတ်ပျောက်၊ အခန့်မသင့်ရင် တမိသားစုလုံး မျိုးတုံးပျောက်ကွယ်သွားနိုင်ကိန်းဆိုက်လာတာ သိလို့...
ရဲဘော်တေး- သတ်နေတအား တပ်အနေအထား
(မိုးမခ) စက်တင်ဘာ ၁၈ ၊ ၂၀၂၃ စကစက သန့်စင်ရေးလုပ်သလိုလိုလိုနဲ့ ဖြုတ်ထုတ်သတ်တာ။ အငတ်ပြိုင်ကြတာ။ ဒါက လာဘ်စားလို့မဟုတ်။ တပ်မှာ လာဘ်စားတာ ကျင့်ဝတ်ဘဲ။ မစားတဲ့ကောင်ဆို ဒီအဆင့်ကို ရောက်မလာဘူးလေ။ ခုဖြုတ်တာ သုတ်တာက ဘယ်သူဘယ်လိုဆက်အုပ်ချုပ်မလဲပြဿနာ။ ဗိုလ်လုကြတာပေါ့လေ။ အာဏာသိမ်းတာကိုကျ အကုန်သဘောတူတယ်။ ဘယ်သူက ဘယ်လို ဆက်အုပ်ချုပ်စီမံမလဲဆိုတာမှာ သူ့လူကိုယ့်လူ သူ့မူကိုယ့်မူ ကွဲတာ။ လူနဲ့မူ တိုးတိုက်ကြတာ။ မအလက ရွေးကောက်ပွဲလုပ်ပေးမယ် ဟန်ပြပြီး သူ တပ်ရာထူး ဆက်ကိုင်ထားဖို့နဲ့ လိုအပ်ရင်လဲ သမ္မတ ဆက်လုပ်လို့ရမယ့်အကြံ။...
ရဲဘော်တေး - ဖင်တေ့ခံရတဲ့ ခြင်္သေ့
(မိုးမခ) စက်တင်ဘာ ၁၇ ၊ ၂၀၂၃ Discovery channel မှာ ခြင်္သေ့ကို ကျွဲတွေက ပြန်တွယ်လိုက်တဲ့ဟာတွေ ခဏခဏကြည့်ရတယ်။ အဲဒါလေးမြင်တော့ အခု စကစတပ်တွေကို ERO တွေက အသားကုန်ကျွေးနေတာ မြင်ရသလိုပဲ။ တချိန်လုံး တလျှောက်လုံး ERO တွေကို သူတို့ တိုက်ချင်တဲ့အချိန် သွားတိုက်၊ စကားပြောရင် အပေါ်စီးက ပြော၊ ဖင်ခေါင်းကျယ်ချင်တိုင်း ကျယ်လာတာပေါ့လေ။ ငါတို့ ဘယ်ချိန်တိုက်တိုက် ရပါတယ်ဆိုတဲ့ အထာနဲ့ပေါ့။ အခု အဲဒီကျွဲအကောင်ကြီးတွေက ချိုနဲ့ ကလော်ထိုးထည့်လိုက်တာလေ။ အိုး..ခြင်္သေ့ဗိုက် ဟိုဘက်ဒီဘက် ပေါက်ထွက်သွားပြီးတော့ ဂန့်တာပဲ။...
ရဲဘော်တေး - နှလုံးနာ
(မိုးမခ) ဩဂုတ် ၂၉ ၊ ၂၀၂၃ မြန်မာ ဗုဒ္ဓဘာသာတွေမှာ နှလုံးနာသွားရတဲ့ အဖြစ်အပျက်ကြီး နှစ်ခုရှိတယ်။ ပထမတခုက ရွှေဝါရောင်။ တိုင်းပြည် ဆင်းရဲကျပ်တည်းနေတာကို မကြည့်ရက်လို့ သံဃာတော်တွေက မေတ္တာသုတ် ပရိတ်ရွတ်ပြီးတော့ စီတန်းထွက်လာတယ်။ အဲဒီလိုထွက်လာတဲ့ကိုယ်တော်တွေကို ရဲနဲ့ စစ်တပ်က ခေါင်းရိုက်ခွဲတာ။ ကျောင်းတိုက်တွေကို ဝင်စီး ရိုက်နှက်ဖမ်းဆီးကန်ကျောက်တာ။ ကိုယ်အင်မတန်လေးစားမြတ်နိုး တန်ဖိုးထားတဲ့ ရဟန်းတော်တွေကို အဒီလိုလုပ်တာ မြင်လိုက်ရတဲ့အချိန်၊ ဂြိုလ်တုကနေ ကြည့်လိုက်ရတဲ့အချိန်မှာ အကုန်လုံး ရှော့ရသွားတယ်။...
ရဲဘော်တေး - CDM စိတ်ဓာတ်
(မိုးမခ) ဩဂုတ် ၂၁ ၊ ၂၀၂၃ “CDM စိတ်ဓာတ်” ဆိုတဲ့ စကားလုံး ဒေါက်တာထွန်းမြင့် အင်တာဗျူးတခုမှာ ထည့်ပြောသွားတယ်။ သူ ပြောတာက တပ်မှာ CDM မလုပ်သာတဲ့လူတွေ ရှိတယ်။ ဒါပေလို့ သူတို့ဟာ CDM စိတ်ဓာတ် ရှိကြတယ်တဲ့။ အဲဒါကြောင့် စစ်တပ်ဟာ တိုက်ပွဲတွေ ရှုံးနေတာတဲ့။ ကိုယ့်ရပ်ကိုယ့်ရွာ မီးရှို့၊ ကိုယ့်ဆွေကိုယ်မျိုး ပြန်သတ်နေရတော့ ဘယ်စစ်သားမှ တက်တက်ကြွကြွမရှိကြတော့သလို မနိုင်မှန်းသိရက်နဲ့ ဇွတ်တိုက်ခိုင်းနေတော့ ဘယ်အမိန့်မှ သိပ်မနာခံကြတော့။ တချို့ စစ်သားတွေဟာ သေမှာမှန်းသိရက်နဲ့ တက်ကြရတာ။ ဗိုလ်ချုပ်တွေက စစ်သားတွေနဲ့...
ရဲဘော်တေး - ကိုယ့်အမြီးကို ဖြတ်လိုက်တဲ့တပ်
(မိုးမခ) ဩဂုတ် ၁၄ ၊ ၂၀၂၃ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဆိုတာ စစ်သားတွေအတွက် ဖြစ်သွားပြီ။ မအလ ရိုက်ချက်တွေလေ။ ခုခါ စစ်သားတယောက် တွေ့ရင် ပွေ့မယ့်ကောင်ချည်းဘဲ၊ ဓားနဲ့။ သေနတ်သမားကတော့ မပြောနဲ့။ လူလှည့်သတ် ရွာပတ် မီးရှို့နေတဲ့ ကောင်တွေကိုတော့ မြင်တာနဲ့ ပစ်ကြမှာ ကျိန်းသေ။ ဒါက ဒီဒွန္နယာမှာ စစ်သားမကုန်မချင်း ဖြစ်နေတော့မှာ။ အင်း တရက် ဆယ်ယောက်ထား၊ ဆယ်ရက် တရာ။ ရက်တရာ တထောင်။ ရက်တထောင် တသောင်း။ ရက်တသောင်း တသိန်း။ ရက်တသိန်းဆို သူတို့မိသားစုပါ ကုန်ရောပေါ့။ ရှိသမျှ စစ်ဘုရင်တွေပါ ကုန်လောက်ပြီ။ ဒါက...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Yebaw
Contact Yebaw, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack