ကျန်ရှိတဲ့ မြို့တော်တွေမှာတော့ တန်ဖိုးတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပေမဲ့ တိုးတက်မှုအရှိန် လျော့နည်းလာနေတယ်လို့ ကိုတာလစ်တီးက ပြောပါတယ်။ ပါတ်သ် (Perth) နဲ့ ဒါဝင် (Darwin) မြို့တွေမှာ တစ်လအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ဘရစ်စဘိန်း (Brisbane) နဲ့ ဟိုဘာတ် (Hobart) မှာ သုည ဒသမ ၉ ရာခိုင်နှုန်း၊ အက်ဒီလိတ် (Adelaide) မှာတော့ သုည ဒသမ ၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။ အတိုက်အခံ ညွန့်ပေါင်းပါတီရဲ့ ဘဏ္ဍာရေးပြောရေးဆိုခွင့်ရှိသူ တင်မ် ဝီလ်ဆင် (Tim Wilson) ကတော့ ဒါဟာ အနာဂတ်အပေါ်...